Standard Version နဲ့ Digital Edition ဆိုပြီး ထွက်လာပါတယ်

Sony ကတော့ PlayStation 5 ဂိမ်းစက်တွေရဲ့ ဈေးနှုန်းနဲ့ ရောင်းမယ့်ရက်ကို ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Sony PS5 ဟာ Disc Drive ပါတဲ့ Standard Version နဲ့ Drive မပါတဲ့ Digital Edition ဆိုပြီး နှစ်မျိုးထုတ်လိုက်တာပါ။ Standard version ကို ဒေါ်လာ ၅၀၀ ဈေးနဲ့ Digital Edition ကို ဒေါ်လာ ၄၀၀ ဈေးတို့ကနေ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။ မိတ်ဆက်ပြသခဲ့တာ လအတန်ကြာပြီ ဖြစ်တဲ့ Sony PS5 ကို နိုဝင်ဘာ ၁၂ ရက်နေ့က စပြီး ‌ဈေးကွက်ထဲ စတင်ရောင်းချသွားမှာပါ။



Photo: GSMArena

PlayStation ဘလော့ဂ်မှာတော့ Sony PS5 ကို ဈေးကွက်ကြီး ၇ ခုဖြစ်တဲ့ အမေရိကန် ၊ ဂျပန် ၊ ကနေဒါ ၊ မက္ကဆီကို ၊ ဩစတြေးလျ ၊ နယူးဇီလန်နဲ့ တောင်ကိုရီးယားတို့မှာ စတင် ဖြန့်ချိသွားမှာပါ။ နောက်တစ်ပတ်အကြာ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ဥရောပ ၊ အရှေ့အလယ်ပိုင်း ၊ တောင်အမေရိက ၊ အာရှနဲ့ တောင်အာဖရိက စတဲ့ ဈေးကွက်တွေကို ဆက်လက်ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။

တရုတ်ဈေးကွက်မှာ မိတ်ဆက်မယ့်အချိန်အကြောင်းတော့ Sony ဘက်က ပြောကြားခြင်း မရှိသေးပါဘူး။ ဈေးနှုန်းအနေနဲ့ PS5 အရင် ထွက်ခဲ့တဲ့ PlayStation 4 ကို စပြီး မိတ်ဆက်ချိန်က ဒေါ်လာ ၄၀၀ ဈေးနဲ့ ရောင်းချခဲ့ပြီး လက်ရှိမှာ ဒေါ်လာ ၃၀၀ ဈေးနဲ့ ရောင်းချနေပါတယ်။ 



PS5 ဂိမ်းစက်သစ်ရဲ့ ဈေးနှုန်းတွေနဲ့အတူ ဆက်စပ်တွဲသုံးနိုင်မယ့် Accessories တွေရဲ့ ဈေးလည်း ကြေညာသွားပါတယ်။ PS5 ရဲ့ accessories တွေထဲမှာ ဒေါ်လာ ၇၀ တန် standalone DualSense wireless controller နဲ့ ဒေါ်လာ ၁၀၀ တန် Pulse 3D wireless headset တို့လည်း ရောင်းချသွားမှာပါ။

ဂိမ်းသစ်တွေနဲ့အတူ Spider-Man Miles Morales, Call of Duty Black Ops Cold War, Deathloop, Demon's Souls ဂိမ်းတွေလည်း မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က