ဒီဂျစ်တယ် ပလက်ဖောင်းတွေ ပေါ်မှာ အပန်းဖြေပျော်ရွှင်နိုင်မယ့် နည်းလမ်း (၃) ခု
Phyo Min Thant

အခုဆို အပြင်လျှောက်သွားလို့မရဘဲ အိမ်ထဲမှာပဲနေရတာ ၃လနီးပါလောက်ရှိလာပါပြီ။ ဒီ ၃လနီးပါးကာလအတွင်းမှာ ကုန်လိုက်တဲ့အကုန်ဆိုတာ အစားအသောက်လဲကုန်၊ ရေလဲကုန်၊ ဝတ်စရာအင်္ကျီလဲကုန် သလောက်ဖြစ်ကုန်ပြီ။ ဒါပေမဲ့ တစ်နေ့တစ်နေ့မကုန်နိုင်တာကတော့ အချိန်ပဲ။ ဒီလောက် မကုန်နိုင်ဖြစ်နေတဲ့ အချိန်တွေမှာ ဘာလုပ်ရမလဲဆိုတာ အားလုံးကိုအလင်းပြဖို့ ဒီစာရေးဖြစ်သွားတာပေါ့၊ ကျွန်တော့်အနေနဲ့ ဒီဂျစ်တယ် ပလက်ဖောင်းတွေ သုံးပြီး မပျင်းအောင်ဘယ်လိုနေရမလဲဆိုတာ ပြောပြသွားမှာပြဖြစ်ပါတယ်။

1) Game ကစားပါ။

ခုခေတ်မှာ လူတိုင်းနီးပါး game ဆော့ဖြစ်ကြပါတယ်။ game ဆိုတဲ့နေရာမှာ heavy game တွေအစ mini PC game, Nintendo switch, PS4 အလယ် Mobile legends တို့ PUBG တို့လို mobile game ကြီးနဲ့ mini mobile game တွေအဆုံး အကုန်လုံးကိုဆိုလိုပါတယ်။ အဲဒီထဲမွာ လူတိုင်းနီးပါးဆော့ဖြစ်နေကြတာကတော့ mini mobile game တွေပါပဲ။

အဲဒီလို mini mobile game ဆော့တဲ့သူတွေအတွက် သတင်းကောင်းတစ်ခု ပြောပြချင်ပါတယ်။သိပ်မကြာသေးခင်ကပဲ MyID app ထဲမှာ mini game ငါးခုကိုထပ်ထည့်ပေးထားတဲ့အတွက် ဘော်ဒါတို့ game install စရာမလိုပဲ ရေမီးစုံ လေထီးခုန်လို့ရမဲ့ အခွင့်အရေးပါ။ အဲ့ဒီ game ငါးခုက ပျော်စရာတင်းနစ် ၊ ဝက်ဖိုက်တာ ၊ ဝက်ဘောလုံး ၊ သေနတ်ပစ်သမား နှင့် အအေးမိုင်းတွင်းတို့ပါပဲ။ MyID ရဲ့ mini game တွေက ကုန်ခဲတဲ့အချိန်ကို မသိလိုက်ပဲကုန်သွားအောင် ကူညီပေးနိုင်တဲ့အပြင် game အမှတ်ပေးဇယားမှာ top 10 ထဲဝင်ရင် ဆုကြေးတွေလည်းရနိုင်ပါသေးတယ်။ ဆုတွေအနေနဲ့ အပတ်စဉ်တိုင်းမှာ    e-money မြန်မာငွေ ၅ သိန်းကျပ်ကို ပေးနေတဲ့အပြင် “Golden Pot ကံထူးရှင်” ကိုလည်း လစဉ်ပေးနေလို့ အပျင်းလည်းပြေ ဆုလည်းရနိုင်တဲ့ ဂိမ်းတွေပဲ ဖြစ်ပါတယ်။

ဒီ ဂိမ်းကို ဘယ်လိုမျိုး ကစားရလဲဆိုတာ မသိသေးတဲ့သူတွေအတွက် နည်းနည်းရှင်းပြပေးချင်ပါတယ်။ စကစားပြီဆိုရင် ဒင်္ဂါးတွေနဲ့ လောင်းကြေးထပ်ပြီးဆော့လို့ရသလို ဒီတိုင်း လောင်းကြေးမထပ်ပဲ အပျော်လည်းဆော့လို့ရမှာဖြစ်ပါတယ်။ လောင်းကြေးထပ်ခဲ့လို့ နိုင်ပြီဆိုရင်တော့ တစ်ဖက် ကစားသမားဆီက ဒင်္ဂါးတွေကို ရမယ့် အပြင် ချန်ပီယံရမှတ်တွေကိုလည်း ရမယ်။ ချန်ပီယံအမှတ်များများ ရလေလေ အပတ်စဉ် လစဉ်ဆုတွေ ရဖို့ အခွင့်အရေးကလည်း ပိုများလေလေပါပဲ။ ဆိုတော့ နိုင်ပွဲများလေလေ ထောလေလေပါ။ ကိုယ့်ဆီမှာ ဂိမ်းဒင်္ဂါးတွေက များလာရင် ဘာပြန်လုပ်လို့ရလဲဆိုတော့ Mytel ဒေတာတွေ Mytel အချင်းချင်းဖုန်းပြောနိုင်တဲ့ မိနစ်တွေ ပြန်ဝယ်လို့ရမယ်။ လောင်းကြေးထပ်တာ တာများလို့ ဒင်္ဂါးတွေ ကုန်သွားခဲ့ပြီဆိုရင်လည်း ကိုယ်ရဲ့ လက်ကျန်ငွေနဲ့ ဝယ်လို့ရပါတယ်။

2)     သီချင်းနားထောင်ပါ

သီချင်းနားထောင်တာဟာလည်း အိမ်ထဲမှာပဲနေနေရလို့ ခံစားရတဲ့ ငြီးငွေ့မှုတွေနဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

သီချင်းနားထောင်လို့ရတဲ့ App တွေ တော်တော်များရှိတဲ့ အထဲမှာမှ Soundcloud, Spotify, Youtube Music, Apple Music တွေကတော့ လူသိများကြပေမဲ့ လစဉ်ကြေးတွေ နှစ်စဉ်ကြေးတွေ ပေးရပြီးတော့ ပြည်တွင်းက သီချင်းတွေကို နားထောင်လို့မရဘူးဆိုတဲ့ အချက်တစ်ခု ရှိနေပါတယ်။ သီချင်းတွေကို နားထောင်ရတာကြိုက်တတ်သူ သီချင်းအစုံကြိုက်တတ်သူတွေအနေနဲ့ လစဉ်ကြေးတွေ နှစ်စဉ်ကြေးတွေ ပေးစရာမလိုပဲ ပြည်တွင်းရော နိုင်ငံတကာက သီချင်းမျိုးစုံကို နားထောင်လို့ရမယ့် Joox တို့ MyID App တို့ လိုမျိုး App ကို သုံးကြည့်ဖို့ အကြံပေးချင်တယ်။ Joox မှာဆိုရင် ကာရာအိုကေဆိုလို့ရမယ်။ MyID မှာကျတော့ ကိုယ့်ရဲ့ အွန်လိုင်းက သူငယ်ချင်းကို ဖိတ်ခေါ်ပြီးတော့ အတူတူ သီချင်းနားထောင်တာ ဗီဒီယိုအတူတူကြည့်တာတွေပါ လုပ်လို့ရမှာပါ။ နှစ်ခုလုံးကတော့ မိုက်ပါတယ်။ သုံးရတာ အဆင်ပြေတယ်။

3)     ဗီဒီယိုများနှင့် Live Stream များကြည့်ပါ။

အခုချိန်ကတော့ ကြည့်မယ် ကြည့်မယ်နဲ့လုပ်ထားတဲ့ ဗီဒီယိုတွေရယ် အချိန်မရှိလို့မကြည့်ရသေးတဲ့ ဇာတ်လမ်းတွေရယ်ကို အကုန်ကြည့်ဖို့ အချိန်ကောင်းပါ။ ဗီဒီယိုတွေ ဆိုပေမယ့် ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲအရှည်တွေကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ outube ဗီဒီယိုတွေ၊ Tutorial တွေနဲ့ TikTok ဗီဒီယိုတွေအကုန်လုံးကို ဆိုလိုတာပါ။ ဒီလိုအချိန်မျိုးက ဗီဒီယိုတွေကနေတစ်ဆင့် ဟင်းချက်တာ၊ စက္ကူခေါက်တာ ဒါမှမဟုတ် TikTok ကစားတာမျိုး နဲ့ ကိုယ်စိတ်ဝင်စားတဲ့ပညာရပ်တွေကို သင်တာကလည်း နည်းလမ်းကောင်းတစ်ခုပါ။

ပြီးတော့ online ပေါ်ကနေ live stream တွေလည်းကြည့်ရတာလည်း ပျော်ဖို့ကောင်းလို့ မကြည့်ဖူးရင် စမ်းကြည့်စေချင်တယ်။Mobile Legends နဲ့ PUBG ဖန်တွေဆိုရင်live stream လေးတွေ ကြည့်ပြီး လိုက်ဆော့လို့ ရပါတယ်။ ခုတလောမှာ Myanmar Game Hub ဆိုတဲ့ facebook page နဲ့ MyID app ကနေပြီး ဂိမ်း live stream တွေ meme အခွီတွေရယ် ကြည့်လို့ရကြောင်းလည်းသတင်းကောင်းပါးချင်ပါတယ်။ အားလုံးလည်း အပျင်းပြေကြည့်ချင်တယ်ဆိုရင် ဒီလင့်လေးကနေ ဝင်ကြည့်လို့ရတယ်နော်။ https://www.facebook.com/myanmargamehub/

အခုပြောပြခဲ့တဲ့ နည်းလမ်းတွေနဲ့ stay home ကာလကို ဖြတ်ကျော်ဖို့အတွက် ပြောပြ MyID ကအတော်ပြည့်စုံပြီး အသုံးဝင်တဲ့ app တစ်ခုပါပဲ။ ထဲထဲဝင်ဝင်သုံးကြည့်တဲ့အခါ သူ့ထဲမှာပဲ သီချင်းနားထောင်မလား။ game livestreams ကြည့်မလား။ အခုနကပြောတဲ့ mini game ငါးခုကို တဝကြီးဆော့မလား။ အားလုံးရပါတယ်။ ဒါ့အပြင် music video တွေလည်း ကြည့်လို့ရပါတယ်။ ဒါတွေတစ်ခုမှမလုပ်ချင်ဘူး သူငယ်ချင်းတွေနဲ့ စကားပြောချင်တယ် chat ချင်တယ်ဆိုလည်း MyID ကနေပဲ ဆက်သွယ်လို့ရပါသေးတယ်။ MyID app ကို Mytel မဟုတ်တဲ့ အခြား ဖုန်းအော်ပရေတာသုံးတဲ့ ဘော်ဒါတွေကလည်း သုံးလို့ရအောင်လုပ်ထားတဲ့အတွက် ဖုန်းနဲ့ SIM ကဒ်သာရှိရင် ဘယ်သူဖြစ်ဖြစ် သုံးလို့ရပါတယ်။ MyID ကို စမ်းသုံးကြည့်ပြီး chill ချင်တယ်ဆိုရင်တော့ http://onelink.to/myid ကနေ အလွယ်တကူ download လုပ်နိုင်ပါတယ်။

(ဒီဆောင်းပါးကို Mytel မှပံ့ပိုးကူညီထားပါတယ်)


က္က