တစ်ချို့ပြည်နယ်တွေက ကန့်ကွက်မှုတွေကို ခွင့်ပြုထားပါတယ်

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မဖြစ်ပွားစေရေးအတွက် တားမြစ်ထားတဲ့ လူစုလူဝေးရှောင်ရှားရေး စည်းမျဉ်းများကို ချိုးဖောက်ဖို့ လှုံ့ဆော်ဆန္ဒပြမှုများ ရှိနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် ဖြစ်ပွားနေတဲ့ COVID-19 ကပ်ရောဂါကာလအတွင်း အိမ်တွင်းမှာပဲ နေထိုင်ဖို့ ညွှန်ကြားတဲ့အပေါ် နီဘရက်စကာ ၊ နယူးဂျာစီနဲ့ ကယ်လီဖိုးနီးယားပြည်နယ်တို့မှာ ကန့်ကွက်ဆန္ဒပြနေတာပါ။ ဆန္ဒပြသူတွေဟာ စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းခြင်းနဲ့ အိမ်ထဲမှာပဲ နေခိုင်းတဲ့ အမိန့်တွေကို ကန့်ကွက်ဖို့အတွက် Facebook ကို အသုံးချနေတာ ဖြစ်ပါတယ်။



Photo: Tech Times


Good Morning America နဲ့ အင်တာဗျူးတစ်ခုမှာ Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်က လူအချင်းချင်း ခပ်ခွာခွာနေဖို့ ညွှန်ကြားချက်တွေကို မလိုက်နာတဲ့ events တွေကို အန္တရာယ်ရှိပြီး မှားယွင်းတဲ့ သတင်းအချက်အလက်အဖြစ် သတ်မှတ်ပြီး ဖြုတ်ချသွားမယ်လို့ ပြောပါတယ်။ Facebook ဟာ ပြည်နယ်အစိုးရတွေနဲ့ တိုင်ပင်ပြီးတဲ့နောက် ကယ်လီဖိုးနီးယား ၊ နယူးဂျာစီနဲ့ နီဘရက်စကာတို့မှ Quarantine ဆန့်ကျင်ကန့်ကွက်မှုတွေကို လူမှုကွန်ရက်ပေါ်ကနေ ဖယ်ရှားနေပါတယ်။

"Social Distancing လုပ်ဖို့ အစိုးရတွေရဲ့ ညွှန်ကြားမှုကို မလိုက်နာတဲ့ Events တွေကို Facebook ပေါ်မှာ ခွင့်ပြုမှာ မဟုတ်ပါဘူး" လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက The Verge ကို ပြောပါတယ်။ 

လောလောဆယ်မှတော့ Facebook ဟာ တစ်ခြားပြည်နယ်တွေမှာ လုပ်ဖို့ စီစဉ်နေတဲ့ ကန့်ကွက်ပွဲတွေကိုတော့ ခွင့်ပြုထားပါတယ်။ ဒီ events တွေဟာ Social Distancing ထောက်ခံချက်အတိုင်း လုပ်ဆောင်တာ ဖြစ်ပြီး ဒေသန္တရအမိန့်ကိုလည်း ချိုးဖောက်မှု မရှိတာကြောင့် ခွင့်ပြုထားတာ ဖြစ်တယ်လို့ The Washington Post သတင်းက ဆိုပါတယ်။

" ဒီလိုအချိန်မှာ ပွဲတွေ ကျင်းပဖို့ အစိုးရဘက်က ကန့်သတ်တားမြစ်မှု မရှိရင်တော့ Facebook ပေါ်မှာ ပွဲစီစဉ်ကျင်းပဖို့ ခွင့်ပြုပါတယ်။ ဒါပေမယ့်လည်း ပွဲစီစဉ်ကျင်းပသူတွေဟာ ကျန်းမာရေးညွှန်ကြားချက်တွေ ချိုးဖောက်တဲ့ အစည်းအဝေးမျိုး ကျင်းပလို့ မရသလို နိုဗဲလ်ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကို ကြိုတင်ကာကွယ်တာတွေကို တားဆီးတာမျိုး မလုပ်ရပါဘူး"လို့ Facebook ‌‌ပြော‌ရေးဆိုခွင့်ရှိသူက ‌ပြောပါတယ်။

Photo: Reason Magazine


အိမ်မှာစောင့်ကြည့်ထိန်းသိမ်းမှုအပေါ် ကန့်ကွက်တဲ့ Anti-Quarantine Facebook Groups တွေဟာ မင်နီဆိုးတား ၊ ဝစ္စကွန်ဆင် ၊ အိုဟိုင်းယိုး ၊ ပင်ဆီဗေးလ်နီးယားနဲ့ နယူးယော့ခ်ပြည်နယ်များမှာ ပစ်မှတ်ထားနေပြီး ဒီအဖွဲ့တွေကို ပြည်နယ်အများအပြားမှာ သေနတ်ကိုင်ဆောင်ခွင့်ရရေးအတွက် လှုပ်ရှားနေတဲ့ တက်ကြွလှုပ်ရှားသူ ညီအကို ၃ ဦးက ဖွဲ့စည်းထားတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်က ဖွဲ့စည်းခဲ့တဲ့ ဒီအဖွဲ့တွေဟာ တနင်္လာနေ့မှာ အဖွဲ့ဝင် ၂၂၀၀၀၀ ခန့် ရှိလာပြီလို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကလည်း ဝါရှင်တန်ပြည်နယ်မြို့တော် အိုလံပီယာမှာ လူပေါင်း ၂၅၀၀ ခန့်ဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ Stay-At-Home အမိန့်ကို ကန့်ကွက်ဆန္ဒပြခဲ့သလို ကော်လိုရာဒိုပြည်နယ်မြို့တော် ဒန်ဗာမှာလည်း လူရာပေါင်းများစွာ စုဝေးဆန္ဒပြခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က