ဝယ်ဖြစ်ရင် ကမ္ဘာ့အကြီးဆုံး အရောင်းအဝယ်ဖြစ်သွားနိုင်ပါတယ်

Disney ရဲ့ အမှုဆောင်အရာရှိချုပ် ဘော့အိုက်ဂါကတော့ တကယ်လို့စတိဗ်ဂျော့စ်သာ သက်ရှိထင်ရှား ရှိဦးမယ်ဆိုရင် Disney နဲ့Apple ကုမ္ပဏီတို့တစ်ခုတည်း ပေါင်းဖြစ်ဖို့ရှိတယ်လို့ဆိုပါတယ်။



Vanity Fair မှာ ထုတ်ဝေခဲ့တဲ့ ဘော့အိုက်ဂါရဲ့ ကိုယ်ရေးအတ္ထုပတ္တိဆောင်းပါး တစ်ခုထဲမှာ စတိဗ်ဂျော့စ်သာ ရှိဦးမယ်ဆိုုရင် Apple နဲ့Disney တို့ဟာ အလွန်ကွဲပြားတဲ့ အနာဂါတ်တစ်ခု ရှိနေမယ်လို့ပါရှိပါတယ်။ စတိဗ်ဂျော့စ်နဲ့ပုဂ္ဂိုလ်ရေးအရလည်း ရင်းနှီးခင်မင်တဲ့ မိတ်ဆွေဖြစ်သူ ဘော့အိုက်ဂါမှ ၂၀၀၆ ခုနှစ်က Pixar ကို ဒေါ်လာ ၇.၄ ဘီလျံနဲ့ဝယ်တုန်းက သူနဲ့စတိဗ်ဂျော့စ်တို့ဟာ တစ်ပတ်ကို အကြိမ်ပေါင်းများစွာ တွေ့ဆုံစကားပြောဖြစ်တယ်လို့လည်း ဆိုပါတယ်။

Photo: macrumors


" တကယ်လို့စတိဗ် ရှိနေမယ်ဆိုရင် ကျွန်တော်တို့ကုမ္ပဏီတွေ ပူးပေါင်းဖြစ်ဖို့ရှိပါတယ်။ အနည်းဆုံးတော့ ကျွန်တော်တို့ဒါက ဖြစ်နိုင်ခြေရှိတဲ့အကြောင်းကို အလေးအနက် ဆွေးနွေးခဲ့ပါတယ်။" လို့ဘော့အိုက်ဂါက ရေးထားပါတယ်။ ဘော့ဟာ Marvel ကို ဒေါ်လာ ၄ ဘီလျံနဲ့ဝယ်ဖို့လည်း ဂျော့စ်နဲ့ဆွေးနွေးခဲ့တယ်လို့ပြောပါတယ်။

Pixar ကို ဝယ်ပြီးနောက်မှာလည်း Disney Animation ဟာ ငွေကြေးအကျိုးအမြတ်တွေ အများကြီး ရခဲ့တယ်လို့ဆိုပါတယ်။ ဘော့အိုက်ဂါဟာ Apple ရဲ့ ဘုတ်ဒါရိုက်တာတွေထဲက တစ်ဦးဖြစ်ပြီး iPhone 11 နဲ့Apple TV+ အစီအစဉ် မိတ်ဆက်တဲ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ဘုတ်ဒါရိုက်တာ ရာထူးက နှုတ်ထွက်ခဲ့သူလည်း ဖြစ်ပါတယ်။


Photo: The Verge

တကယ်တမ်းမှာတော့ Disney ဟာလည်း ကိုယ်ပိုင် streaming service ဖြစ်တဲ့ Disney+ ကို လာမယ့်နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကနေဒါ ၊ အမေရိကန်နဲ့နယ်သာလန်တို့မှာ တစ်လ ၆.၉၉ ဒေါ်လာနှုန်းနဲ့မိတ်ဆက်သွားဖို့စီစဉ်ထားပါတယ်။ ဒီအချိန်မှာပဲ Apple ကလည်း နိုင်ငံပေါင်း ၁၀၀ ကျော်မှာ တစ်လ ၄.၉၉ ဒေါ်လာနှုန်းနဲ့ဗွီဒီယို Streaming service သစ်ဖြစ်တဲ့ Apple TV+ ကို နိုဝင်ဘာ ၁ ရက်နေ့မိတ်ဆက်မယ်လို့ကြေညာထားတာ ဖြစ်ပါတယ်။

Apple ဘုတ်ဒါရိုုက်တာအဖွဲ့ကနေ ဘော့အိုက်ဂါနှုတ်ထွက်မှုဟာ ဖျော်ဖြေရေးကဏ္ဍအတွင်း စီးပွားပြိုင်တွေအဖြစ် မြင်ရမယ့် အချက်လည်း ဖြစ်ပါတယ်။ လက်ရှိမှာ Apple ရဲ့ ဈေးကွက်အရင်းအနှီးတန်ဖိုးဟာ ဒေါ်လာ ၁ ထရီလီယံကျော်နေပြီး Disney ရဲ့ ဈေးကွက်တန်ဖိုးနဲ့ကုမ္ပဏီတန်ဖိုးဟာ ဒေါ်လာ ၂၄၆ ဘီလျံနဲ့ဒေါ်လာဘီလျံ ၃၀၀ ကျော် ရှိနေပါတယ်။

တကယ်လို့အခုချိန်သာ Apple ကို Disney ဝယ်ဖြစ်မယ်ဆိုရင် သမိုင်းတစ်လျှောက် အကြီးမားဆုံး လုပ်ငန်းအရောင်းအဝယ်ဖြစ်သွားနိုင်ပါတယ်။



က္က