သင်တန်းကြေး ဒေါ်လာ ၁၃၂၀၀ ပေးရပေမယ့် Apple ရဲ့ co-founder စတိဗ်ဝေါ့ဇနိရဲ့ coding bootcamp ဟာ ပေးရတာနဲ့မတန်ဘူးလို့ကျောင်းသားဟောင်းတွေက ပြောနေကြပါတယ်။
Photo: Yahoo Finance
ဝေါ့ဇ်နိဟာ အိုင်တီကုမ္ပဏီတွေနဲ့ပါ ချိတ်ပြီး အလုပ်ရှာပေးနိုင်မယ့် Woz U လို့ခေါ်တဲ့ coding Bootcamp တစ်ခုကို ပြီးခဲ့တဲ့နှစ်က တည်ထောင်ခဲ့ပါတယ်။ ဒီကျောင်းဟာ အွန်လိုင်းပလက်ဖောင်းအနေနဲ့ ဆော့ဖ်ဝဲလ် developers နဲ့computer support specialists တွေ အတွက် နည်းစနစ်များကို သင်ကြားပေးသွားမယ်လို့ကြေငြာပြီး တည်ထောင်ခဲ့တာပါ
ထိုစဉ်က သူ့အနေနဲ့Woz U နဲ့ပတ်သက်ပြီး အာမခံချက်တွေ အများကြီးပေးခဲ့ပေမယ့် တကယ်တမ်း လက်တွေ့သင်တန်းမှာတော့ အရည်အသွေးမမီတဲ့ သင်ခန်းစာတွေပဲ သင်ခဲ့တာလို့ဆိုပါတယ်။ ကျောင်းသားအများစုကတော့ ပေးရတဲ့ သင်တန်းကြေး ဒေါ်လာ ၁၃၂၀၀ နဲ့မတန်ဘူးလို့လည်း ပြောနေပါတယ်။
အဆိုးဆုံးက သင်ခန်းစာထဲမှာ ပေးထားတဲ့ လင့်ခ်တွေကို ဝင်ကြည့်ရင် Microsoft ဆီက စာတွေနဲ့Wikipedia တွေထဲ ရောက်ရောက်နေတယ်လို့ဆိုပါတယ်။ ၃၃ ပတ်ကြာ ပရိုဂရမ်အတွက် ဝေါ့ဇ်နိဟာ ဒေါ်လာ ၁၃၂၀၀ ယူထားတာ ဖြစ်ပြီး သင်တန်းသားအပြည့် ရခဲ့တာပါ။ သင်တန်းမှာ အပြည့်အဝ မသင်ကြားခြင်းအပေါ် ဝေါ့ဇနိဘက်က ဘာကွန်ပလိန်းမှ မကြားခဲ့ဘူးလို့ဆိုပါတယ်။
"Woz U မှာ ကျွန်တော်က အော်ပရေးရှင်းထဲအထိ လိုက်မလုပ်ပါဘူး။ ဆိုတော့ ဒါနဲ့ ပတ်သက်ပြီး ဘာမှ မသိပါဘူး။ တနေ့ညကမှ Woz U ကနေ မေးခွန်းတွေအများကြီး ကောင်းကောင်း ပြန်မဖြေဘူးလို့ကြားခဲ့တာပါ။" လို့ဆိုပါတယ်။
ဒီတက္ကသိုလ်ကို တည်ထောင်ခဲ့ပေမယ့် လက်ရှိ Woz U ရဲ့ ဥက္ကဌဟာ ခရစ္စကိုးလ်မန်းဖြစ်တယ်လို့ဆိုပါတယ်။ သူကတော့ Woz U ရဲ့ သင်ခန်းစာတွေကို အရည်အသွေးမြင့်အောင် ထိန်းချုပ်စိစစ်မှုတွေ လုပ်သွားပါ့မယ်လို့ဖြေကြားထားပါတယ်။
Photo: Yahoo Finance
စတိဗ်ဝေါ့ဇနိအနေနဲ့၂၀၁၇ ဆောင်းဦးကာလက Woz U ကို မိတ်ဆက်ခဲ့ပြီး ဒီကျောင်းကို အွန်လိုင်းပလက်ဖောင်းကနေ ကမ္ဘာ့မြို့ပေါင်း ၃၀ ကျော်မှာပါ ကျောင်းအဆောက်အဦတွေနဲ့ခမ်းခမ်းနားနား တည်ထောင်ဖွင့်လှစ်သွားမယ်လို့ကြေငြာခဲ့ပါတယ်။