၅ ရက်ကြာ လေ့ကျင့်သင်ကြားပေးမှာပါ
Nyein Min Wai

မြန်မာနိုင်ငံတစ်ဝန်းမှာ ရှိတဲ့ ကွန်ပျူတာနဲ့ နည်းပညာတက္ကသိုလ်များမှ ထူးချွန်ကျောင်းသားများ မွေးထုတ်သွားမယ့် Huawei ရဲ့ Seeds for the Future အစီအစဉ်ကို ဒီနှစ်မှာ စတုတ္ထအကြိမ်မြောက်အဖြစ် ကျင်းပသွားပါတယ်။

Seeds for the Future အစီအစဉ်ကို ၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ကျင်းပလာခဲ့ပြီး ဒီနှစ်နဲ့ဆို စတုတ္ထအကြိမ်မြောက် ရောက်လာတာပါ။ ဒီနှစ်မှာတော့ Sky Seeds for the Future နာမည်နဲ့ ကျင်းပခဲ့တာ ဖြစ်ပြီး ပြည်တွင်းကွန်ပျူတာနဲ့ နည်းပညာတက္ကသိုလ်များမှ ထူးချွန်ကျောင်းသား ၃၈ ဦးကို လေ့ကျင့်သင်ကြားသွားမယ်လို့ ထုတ်ပြန်ပါတယ်။

Photo: Huawei Myanmar

လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကျန်းမာရေးအခြေအနေတွေကြောင့် အွန်လိုင်းပရိုဂရမ်တစ်ခုအဖြစ်ပဲ ကျင်းပသွားတာဖြစ်ပါတယ်။ ရွေးချယ်လိုက်တဲ့ ကျောင်းသား ၃၈ ဦးကို စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ ၅ ရက်တိုင် လေ့ကျင့်သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။

၅ ရက်တာ အွန်လိုင်းပရိုဂရမ်မှာ မတက်မနေရ အတန်းများအတွက် ၆.၅ နာရီ ၊ တိုက်ရိုက်ထုတ်လွှင့်ချိန် ၆.၅ နာရီ နဲ့ တရုတ်ယဉ်ကျေးမှုများထဲမှ နှစ်သက်ရာကို ရွေးချယ်လေ့လာနိုင်မယ့် ထပ်တိုးအတန်းချိန် ၁ နာရီတို့ ထည့်သွင်းသင်ကြားသွားမှာပါ။ Sky Seeds for the Future အစီအစဉ်ထဲမှ ရွေးချယ်ခံကျောင်းသားတွေဟာ နောက်ဆုံးပေါ် နည်းပညာများဖြစ်တဲ့ 5G ၊ AI ၊ Cloud Computing စတဲ့ ဘာသာရပ်တွေ လေ့လာသင်ယူရမှာ ဖြစ်ပါတယ်။

အစီအစဉ် ပြီးတဲ့ စက်တင်ဘာ ၂၅ ရက်နေ့မှာ ဆုချီးမြှင့်ပေးအပ်မယ့် အခမ်းအနား ကျင်းပသွားမယ်လို့လည်း သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က