IBM ကတော့ ဒီအချက်ကို ငြင်းထားပါတယ်
Nyein Min Wai

ကမ္ဘာပေါ်က အမြန်ဆုံးဆိုတဲ့ စူပါကွန်ပျူတာနဲ့တွက်ချက်ရင် နှစ်ပေါင်း ၁ သောင်းအထိ ကြာမယ့် ပုစ္ဆာကို စက္ကန့်၂၀၀ တည်းနဲ့ဖြေရှင်းနိုင်မယ့် ကွန်ပျူတာတစ်မျိုး ဒီဇိုင်းဆွဲထားတယ်လို့Google က ဆိုပါတယ်။

Sycamore လို့ခေါ်တဲ့ Google ရဲ့ ကိုယ့်ပိုင် ကွမ်တမ်တွက်ချက်ရေး ချပ်စ်သုံးထားတဲ့ ဒီကွမ်တမ်ကွန်ပျူတာဟာ ကုမ္ပဏီရဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာ ကြိုးပမ်းမှုရဲ့ အောင်မြင်မှု ရလဒ်လည်း ဖြစ်ပါတယ်။ ဒီကွမ်တမ်ကွန်ပျူတာနဲ့တွက်ချက်လို့ရတဲ့ ရလဒ်တွေကို Google ဟာ Nature ဂျာနယ်ကို ထုတ်ပြန်ပေးခဲ့ပါတယ်။

Photo: CNN


" ကျွန်တော်တို့စက်ဟာ သတ်မှတ်ထားတဲ့ တွက်ချက်မှုကို စက္ကန့်၂၀၀ အတွင်း လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ စမ်းသပ်မှုထဲမှာ တိုင်းတာချက်တွေအရဆိုရင် ဒီတွက်ချက်မှုကို ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာနဲ့တွက်ချက်မယ်ဆိုရင် အလားတူ ရလဒ်ထွက်ဖို့နှစ် ၁ သောင်းအထိ ကြာမှာပါ။" လို့Google သုတေသနပညာရှင်တွေက ဘလော့ဂ်မှာ ရေးတင်ထားပါတယ်။

Google ရဲ့ ကွမ်တမ်ကွန်ပျူတာဟာ အဆပေါင်း ၁.၅ ထရီလီယံအထိ ပိုမိုမြန်ဆန်တယ်လို့Mountain View မှာ ရှိတဲ့ Google AI Quantum သုတေသနပညာရှင်တွေက ဆိုပေမယ့် ကျွမ်းကျင်သူတစ်ချို့နဲ့ပြိုင်ဘက်ကုမ္ပဏီတွေက ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။ IBM ရဲ့ ဘလော့ဂ်ပို့စ်တစ်ခုမှာ Googleဟာ ကွမ်တမ်နည်းပညာပိုင်း အထွဋ်အထိပ်ကို ရောက်ခဲ့ပြီ ဖြစ်ကြောင်း နဲ့Google ပြောတဲ့ နှစ် ၁၀၀၀၀ ကြာ တွက်ရမယ့် ပုစ္ဆာကို ပုံမှန်ကွန်ပျူတာနဲ့၂ ရက်ခွဲကြာပဲ တွက်ရမယ့်အကြောင်း ငြင်းချက်ထုတ်ထားပါတယ်။

ပုံမှန် classical ကွန်ပျူတာတစ်လုံးဟာ အချက်အလက် သိမ်းဆည်းမှုကို ၀ နဲ့၁ bits နဲ့သိမ်းတာ ဖြစ်ပြီး ကွမ်တမ်တွက်ချက်မှုမှာတော့ qubits လို့ခေါ်တဲ့ Quantum bits နဲ့သိမ်းတာပါ။ တစ်နည်းအားဖြင့် ကွမ်တမ်ကွန်ပျူတာထဲမှာ qubits အများကြီး သုံးခြင်းအားဖြင့်bits နဲ့သိမ်းတဲ့ သာမန်ကွန်ပျူတာထက် စွမ်းအင်သုံးမယ့်နည်းနည်းနဲ့ဒေတာအများကြီး ပိုသိမ်းနိုင်မှာ ဖြစ်ပါတယ်။

Google ကွမ်တန်ပိုင်း သိပ္ပံအကြီးအကဲ ဂျွန်မာတီနစ် (Photo: Wall Street Journal)


ဖရန့်အာရူတီ ဦးဆောင်တဲ့ Google AI Quantum သုတေသနအဖွဲ့သုံးသွာာတဲ့ Sycamore ချပ်စ်သုံး ကွမ်တမ်ကွန်ပျူတာဟာ 53 qubits နဲ့လာတာပါ။ Google AI Quantum သုတေသနဌာနဟာ သုတေသနပညာရှင် ၃၅ ဦးနဲ့ဖွဲ့စည်းထားပြီး ဒေါ်လာ သန်း ရာပေါင်းများစွာတန်ဖိုးရှိတဲ့ ကွမ်တမ် တွက်ချက်ရေးသုံး ပစ္စည်းအစိတ်အပိုင်းတွေ ရှိထားပါတယ်။


Allied Market Research သတင်းအရ ကမ္ဘာပေါ်က လုပ်ငန်းသုံး ကွမ်တမ်တွက်ချက်မှုဈေးကွက်ဟာ ၂၀၁၇ ခုနှစ်မှာ ဒေါ်လာ သန်း ၆၅၀ ပဲ ရှိခဲ့ရာကနေ လာမယ့် ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ၅.၈၅ ဘီလျံအထိ ရှိလာမယ်လို့ခန့်မှန်းထားပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ စီးပွားရေး လုပ်ငန်းတွေနဲ့အစိုးရအဖွဲ့အစည်းတွေရဲ့ ၂၀% ဟာ ကွမ်တမ်တွက်ချက်မှု စီမံကိန်းတွေအတွက် ဘတ်ဂျက်သုံးစွဲမှု လုပ်ဖို့လည်း ရှိလာနိုင်ပါတယ်။


က္က