ကမ္ဘာ့အဆင့် app ပြိုင်ပွဲပါ
Nyein Min Wai

Huawei ဟာ ကမ္ဘာအရပ်ရပ်က developers တွေကို ဖိတ်ခေါ်ပြီး Huawei HMS App Innovation Contest နာမည်နဲ့ ပြိုင်ပွဲတစ်ခု ကျင်းပသွားမယ်လို့ ဆိုပါတယ်။

Apps UP innovation contest ကို ဇွန်လ ၃၀ ရက်နေ့မှာ စတင်သွားမှာ ဖြစ်ပြီး ဥရောပ ၊ အာရှပစိဖိတ် ၊ အရှေ့အလယ်ပိုင်းနဲ့အာဖရိက ၊ လက်တင်အမေရိကနဲ့ တရုတ်စတဲ့ ၅ နေရာက developers တွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ကြားထားတယ်လို့ News Wire သတင်းက ဖော်ပြထားပါတယ်။ ဒီပြိုင်ပွဲဟာ HMS Core ကနေ ထောက်ပံ့ပေးထားတဲ့ လုပ်ဆောင်ချက်တွေ သုံးပြီး ဆန်းသစ်တီထွင်မှု ရှိတဲ့ apps တွေ ရေးဆွဲရမှာပါ။

Photo: News Wire

Machine Learning Kit ၊ HiAI ၊ AR Engine စတဲ့ ပင်မလုပ်ဆောင်ချက်တွေကို developers များ သုံးနိုင်အောင် Huawei ရဲ့ Chipset-Device-Cloud suite နဲ့ HMS Core ကို ပေါင်းစည်းပေးသွားမယ်လို့ ဆိုပါတယ်။ ဒီပြိုင်ပွဲကို Shining-Star Program ကနေ ရံပုံငွေ ပံ့ပိုးထားတာ ဖြစ်ပြီး စုစုပေါင်း ငွေသားဆုကြေး ဒေါ်လာ ၁ သန်းအထိ ပေးသွားမှာ ဖြစ်ပါတယ်။ 

Huawei အနေနဲ့ ကုမ္ပဏီရဲ့ ပလက်ဖောင်းမှာ ရှိတဲ့ AR နဲ့ AR စွမ်းဆောင်မှုတွေကိုလည်း နမူနာအဖြစ် ဦးစားပေးဖော်ပြထားပါတယ်။ ဒီထဲမှာ စာသားတွေ scan ဖတ်နိုင်တဲ့ HiAI နဲ့ စာအုပ်တွေကို သင်္ကေတဘာသာစကားအဖြစ် ဘာသာပြန်ပြီး ဆွံ့အ, နားမကြားသူ ကလေးငယ်တွေကို ဖတ်ပြပေးဖို့ Machine Learning နည်းပညာသုံး StorySign နဲ့ အဝေးကနေ ပူးပေါင်းလုပ်ဆောင်နိုင်မယ့် Link Now တို့ကို နမူနာပေးထားပါတယ်။

ပြိုင်ပွဲဝင် Developers တွေဟာ Best Apps ၊ Best Game ၊ Best Social Impact App နဲ့ Most Popular App ဆိုတဲ့ ကဏ္ဍ ၅ ခုမှာ အိုင်ဒီယာသစ်တွေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ဆုတစ်ခုချင်းစီမှာ Honorable Mention ဆိုပြီး တစ်ခုလည်း ထပ်ထည့်ထားပါတယ်။ Apps UP Contest အတွက် ဩဂုတ်လကုန်အထိ ပြိုင်ပွဲဝင် မှတ်ပုံတင်နိုင်မှာ ဖြစ်ပါတယ်။


Photo: News Wire

တစ်ဦးချင်းလည်း ဝင်ပြိုင်နိုင်သလို အများဆုံး ၃ ယောက် ၁ သင်းအနေနဲ့လည်း ဝင်ရောက် ယှဉ်ပြိုင်နိုင်မှာပါ။ app ကို ဩဂုတ်လ ၃၀ ရက်နေ့မှာ တင်သွင်းရမှာ ဖြစ်ပြီး ဒေသအလိုက် ဒိုင်တွေက အကောင်းဆုံး app ၂၀ ကို ရွေးထုတ်မှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၁ နေ့မှာ ဒီ apps တွေကို Huawei AppGallery ကနေ တစ်ဆင့် public မှာ ချပြသွားမှာပါ။

နောက်ဆုံးအဆင့် ယှဉ်ပြိုင်မှုကို အောက်တိုဘာလထဲ လုပ်ဆောင်သွားမှာ ဖြစ်ပြီး ဆုကြေးအပြင် AppGallery ပေါ်က အကောင်းဆုံး apps တွေအဖြစ်လည်း ဖော်ပြပေးသွားမယ်လို့ ဆိုပါတယ်။ AppGallery ဟာ နိုင်ငံပေါင်း ၁၇၀ မှာ ဖြန့်ချိထားပြီး ဒီပလက်ဖောင်းပေါ်မှာ သုံးစွဲသူ သန်း ၆၅၀ ခန့် ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က