HUAWEI Y series အသစ်များနှင့် ပေါ့ပါးကျစ်လစ်ပြီး စွမ်းဆောင်ရည် ကောင်းမွန်သည့် MatePad T8 အမျိုးအစားအသစ်ကို မကြာမီဝယ်ယူရရှိနိုင်တော့မယ်
Phyo Min Thant

HUAWEI ကနေပြီး Flagship series အသစ်ဖြစ်တဲ့ HUAWEI P40 Series စမတ်ဖုန်းတွေနဲ့ Work-Form-Home ကာလအတွက် စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်ပြီး ဖျော်ဖြေရေးနှင့် လုပ်ငန်းသုံး နှစ်ခုလုံးအတွက် သင့်တော်သည့် HUAWEI MatePad Pro တို့ကို မေလလယ်မှစ၍ စျေးကွက်အတွင်း ရောင်းချလျက်ရှိပါတယ်။  


HUAWEI အနေနှင့် သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် Series တစ်ခုချင်းအလိုက် သုံးစွဲသူတို့အတွက် သင့်တော်စေမည့် စမတ်ဖုန်းများ၊ တက်ဘလက်များကို ထုတ်လုပ်ရောင်းချပေးနေတာပါ။ 


၂၀၂၀ နှစ်ဆန်းပိုင်းကလည်း HUAWEI ရဲ့ Y series စမတ်ဖုန်းများအနက် ပထမဦးဆုံး HUAWEI Mobile Services (HMS) ကို အသုံးပြုထားတဲ့ HUAWEI Y7p ကို မြန်မာနိုင်ငံစျေးကွက်တွင် စတင်ဖြန့်ဖြူးရောင်းချခဲ့ပြီး သုံးစွဲသူတို့ရဲ့ တစ်ခဲနက် ဝယ်ယူအားပေးမှုကြောင့် စတင်ရောင်းချသည့် ကာလအတွင်းမှာပင်ပစ္စည်းပြတ်လတ်သည်အထိ်ရောင်းအားကောင်းကာ အောင်မြင်ခဲ့တဲ့ စမတ်ဖုန်းဖြစ်ခဲ့ပါတယ်။ 


ယခုရက်ပိုင်းအတွင်းမှာလည်း နိုင်ငံတကာနှင့် ပြည်တွင်း နည်းပညာမီဒီယာအချို့တွင် HUAWEI ရဲ့ Y Series အသစ်များဖြစ်သည့် HUAWEI Y6p နှင့် HUAWEI Y8p တို့ရဲ့ သတင်းများကို ခပ်စိတ်စိတ်တွေ့မြင်လာရပါတယ်။


 HUAWEI Y Series စမတ်ဖုန်းများမှာ ဟိုးယခင်ကာလများတည်းကပင် အကြမ်းခံနိုင်မှု၊ ကင်မရာပိုင်း သင့်တင့်ကောင်းမွန်ပြီး ဘက်စုံအသုံးပြုနိုင်မှုအတွက် စွမ်းဆောင်ရည် ကောင်းမွန်သည့်အပြင် စျေးနှှုန်းအားဖြင့်လည်း စျေးကွက်ထဲရှိ အချက်အလက်စွမ်းဆောင်ရည်တူ စမတ်ဖုန်းများထပ် သင့်တင့် မှုတို့ကြောင့်ပြည်တွင်းစျေးကွက်တွင်သာမက နိုင်ငံတကာစျေးကွက်များတွင်ပါရေပန်းစား လူကြိုက်များသည့် စမတ်ဖုန်း Series တစ်ခုပဲ ဖြစ်ပါတယ်။ 


HUAWEI အနေနှင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း HUAWEI Y series ဖုန်းသစ်များဖြစ်သော Y5p , Y6p နှင့် Y8p တို့၏ အချက်အလက်များနှင့် Pre-Order မှာယူနိုင်မည့် အစီအစဉ်များကို ထုတ်ပြန်ကြော်ငြာပေးခဲ့တာကိုလည်းတွေ့ရပါတယ်။ 


HUAWEI Y5p ကို ၁၁၉၀၀၀ ကျပ်၊ HUAWEI Y6p ကို ၁၇၉၀၀၀ ကျပ် နှင့် HUAWEI Y8p ကို ၂၉၉၀၀၀ ကျပ်တို့ဖြင့် ၂၀၂၀ ခုနှစ် ဇွန်လဆန်းပိုင်းမှ စတင်ပြီး ဝယ်ယူရရှိနိုင်မှာလည်း ဖြစ်ပါသည်။ ထို့အပြင် ၈လက်မအရွယ် Tablet အမျိုးအစားသစ် ဖြစ်သော HUAWEI MatePad T8 အမျိုးအစားသစ်ကိုလည်း ထုတ်ပြန်ကြော်ငြာခဲ့ပြီး ၁၉၉၀၀၀ ကျပ်ဖြင့် ဇွန်လဆန်းပိုင်းမှ စတင်ပြီး ဝယ်ယူရရှိနိုင်မှာပါ။ 


HUAWEI Y6p တွင် လက်ရှိစျေးကွက်တွင် ရှိနေသည့် ၂သိန်းကျပ်အောက်ဖုန်းအချို့ထပ် ပိုမိုများပြားသည့် RAM နှင့် Storgae ပမာဏဖြစ်သည့် 4GBRAM+64GBROM တို့ဖြင့် ပွဲထွက်လာမှာ ဖြစ်ပြီး နေ့စဉ်အသုံးပြုမှုအတွက် ပိုမိုအဆင်ပြေချောမွေ့ စေနိုင်မှာလည်းဖြစ်ပါသည်။ 

ဒါ့အပြင် ဘက်ထရီပမာဏကိုလည်း 5000 mAh အထိ မြှင့်တင် ထည့်သွင်းအသုံးပြုပေးထားသည့်အတွက် တစ်နေကုန် ဖုန်း အသုံးပြုနေရသူ၊ မိုဘိုင်းဂိမ်းများကို နှစ်ခြိုက်ရူးသွပ်စွာ ဆော့ကစားတတ်ကြသည့် သုံးစွဲသူတို့အတွက် သတင်းကောင်းတစ်ခုပါပဲ ။ 5000 mAh ဆိုတဲ့ ဘက်ထရီ ပမာဏဟာ Flagship series စမတ်ဖုန်းအချို့ထပ်တောင် သာလွန်ကောင်းမွန်တဲ့ ဘက်ထရီ ပမာဏတစ်ခုလည်းဖြစ်ပြီး မှန်းဆချက်များအရဆိုလျင်တစ်နေ့တာလုံး ဖုန်းကို ကောင်းမွန်စွာအသုံးပြုစေနိုင်မှာပဲ ဖြစ်ပါတယ်။ 


Y6p ကို ၁၇၉၀၀၀ ကျပ်ဖြင့် ပြည်တွင်းစျေးကွက်တွင် ရောင်းချမှာဖြစ်ပြီး မေလ ၃၁ ရက်နေ့အထိ Pre-Order ကာလအဖြစ် သတ်မှတ်ထားကာ Pre-Order မှာယူသူများအတွက် HUAWEI Smart Band အမျိုးအစားတစ်ခုဖြစ်သည့် HUAWEI band 3e ကိုလည်း လက်ဆောင်ရရှိဦးမှာဖြစ်ပါတယ်။


HUAWEI Y8p ဟာလည်း ယခင် HUAWEI Y Series စမတ်ဖုန်းအမျိုးအစားနှင့်မတူပဲ HUAWEI Y Series ဖုန်းများ အနက် ပထမဦးဆုံး OLED အမျိုးအစား Display ကို အသုံးပြုထားသော စမတ်ဖုန်းအမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ OLED အမျိုးအစား display ဟာဆိုလျင် လက်ရှိအချိန်မှာ HUAWEI P series နှင့် Mate Series အမျိုးအစား ဖုန်းများမှာသာ တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိတဲ့ မျက်နှာပြင်အမျိုးအစားဖြစ်ပြီးကာလာအရည်အသွေးပိုင်းတွင်ကောင်းမွန်ပြီး ကြည်လင်ရွှ့န်းစိုတောက်ပသည့် မြင်ကွင်းအတွေ့အကြုံကိုပေးစွမ်းမှာပါ။ 

၆.၃ လက်မ အရွယ် HUAWEI Dewdrop Display OLED display ကို HUAWEI Y8p မှာ တပ်ဆင်အသုံးပြုထားပြီး Flagship ဖုန်းများမှာ ခံစားရမည့် မြင်ကွင်းအတွေ့အကြုံများကို ခံစားရရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် OLED display အမျိူးအစား ၏ နောက်ထပ်အားသာချက်တွေဖြစ်တဲ့ AOD (always on Display), Dark Mode နှင့် in-screen fingerprint unlock (မျက်နှာပြင် လက်ဗွေစနစ်) စသည်တို့ကိုပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ 


ကင်မရာအနေနဲ့လည်းး HUAWEI Y8p မှာ HUAWEI ရဲ့ နာမည်ကျော် 48MP AI Triple Camera စနစ်လည်း ပါဝင်လာပြီး 16 MP AI Selfie Camera ကိုလည်း တပ်ဆင်ထားပါတယ်။ RAM 6GB နှင့် Internal Storage 128GB ပါဝင်ပြီး Kirin 710 F SOC နှင့်အတူ Android 10 ကို အခြေခံထားသော EMUI 10.1 ကို အသုံးပြုထားပါတယ်။ HUAWEI Y6p ကို ၂၉၉၀၀၀ ကျပ်ဖြင့် ပြည်တွင်းစျေးကွက်တွင် ရောင်းချမှာဖြစ်ပြီး မေလ ၃၁ ရက်နေ့အထိ Pre-Order ကာလအဖြစ် သတ်မှတ်ထားကာ Pre-Order မှာယူသူများအတွက် HUAWEI Smart Band အမျိုးအစားတစ်ခုဖြစ်သည့် HUAWEI band 3e ကိုလည်း လက်ဆောင်ရရှိဦးမှာ ဖြစ်ပါတယ်။


HUAWEI Y5p ဟာ စျေးနှုန်းအားဖြင့် ကျပ် ၁၁၉၀၀၀ ကျပ်သာ ကျသင့်မည်ဖြစ်ပြီး ခေတ်မှီဆန်းပြားသော ဒီဇိုင်းပုံစံနှင့်အတူ ၅.၄၅ လက်မအရွယ် HD+ resolution ထိရရှိနိုင်မယ့် HUAWEI FullView Display ပါဝင်မည်ဖြစ်ပါတယ်။ ဖုန်းအသုံးပြုမှုအတွက် 2GB RAM နှင့် 32GB internal storage ပါဝင်မှာဖြစ်ပြီး 8MP ကင်မရာနှင့်အတူ အရှေ့ကင်မရာ 5MP ကို တပ်ဆင်ထားပါတယ်။ ဗီဒီယိုကြည့်ရှုမှုအတွက် ၁၇ နာရီ၊ အွန်လိုင်းဗီဒီယို ကြည့်ရှုမှုအတွက် ၉နာရီ၊ 4G အင်တာနက် အသုံးပြုမှုအတွက် ၁၃ နာရီ ဝန်းကျင်ခန့်အထိ အသုံးပြုနိုင်မည့် 3020 mAh ဘက်ထရီကို တပ်ဆင်ပေးထားသောကြောင့် တစ်နေကုန် ဖုန်းအသုံးပြုမှုအတွက် ကောင်းမွန်စွာ လုံလောက်စေမှာပဲဖြစ်ပါတယ်။


HUAWEI Y Sereis အသစ်များနှင့်အတူ ပူးတွဲမိတ်ဆက်ခဲ့သော HUAWEI MatePad T8 တက်ဘလက် အမျိုးအစားသစ်ကတော့ MTK MT8768 အမျိုးအစား Octa-Ocre Processor ကို အသုံးပြုထားပြီး RAM 2GB နှင့် Internal Storage 32GB အထိ ပါဝင်မှာဖြစ်ကာ 512GB အထိ Micro-SD ကတ်ဒ်ဖြင့် ထည့်သွင်းအသုံးပြုနိုင်မယ့် Tablet အမျိုးအစားဖြစ်ပါတယ်။ 

အရောင်အသွေးစုံလင်တဲ့ မျက်နှာပြင်နှင့် မြင့်မားသော မျက်နှာပြင်ကိုယ်ထည်အချိုးအစား၊ သတ္ထုကိုယ်ထည်ကို အသုံးပြုထားပြီး ကိုင်ဆောင်ရလွယ်ကူစေမည့် အနားစောင်း ဒီဇိုင်းနှင့်အတူ ပါးလွှာ ပေါ့ပါးပြီး အကြမ်းခံနိုင်ခြင်းကြောင့် သင်ကြားရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းသုံး နှင့် တစ်ကိုယ်ရည်အသုံးပြုခြင်းများစသည့် ဘက်စုံအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။


 ၂၀၂၀ ဇွန်လဆန်းတွင် စတင်ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး မေလ ၃၁ ရက်နေ့အထိ Pre-Order မှာယူနိုင်ကာ HUAWEI Band 3e နှင့် HUAWEI Flip Cover ကိုပါ လက်ဆောင်ရရှိနိုင်မှာဖြစ်ပါတယ်။ 


HUAWEI အနေနဲ့ ယခင် Y Series စမတ်ဖုန်းများ နှင့် တက်ဘလက်များဟာ စျေးနှုှန်းသင့်တင့်မှုကြောင့် နာမည်ကောင်းတစ်ခုရထားပြီး ဖြစ်သည့်အတွက် ယခုမကြာမီကာလအတွင်းမြန်မာနိုင်ငံစျေးကွက်သို့ ရောက်ရှိလာတော့မည့် HUAWEI Y5p | Y6p | Y8p နှင့် HUAWEI MatePad T8 အစရှိသည့် ထုတ်ကုန်များမှာ တန်ဖိုးအားဖြင့် သင့်တင့်မျှတပြီး ဘက်စုံအသုံးပြုနိုင်ပြီး စွမ်းဆောင်ရည်ပိုင်းကောင်းမွန်သည့် စမတ်ဖုန်းကို အသုံးပြုလိုကြတဲဲ့ သုံးစွဲသူများအကြား ရေပန်းစားလာဦးမှာပဲဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ HUAWEI Y6p နှင့် Y8p ကို Pre-Order မှာယူလိူသူတွေအနေနဲ့ https://consumer.huawei.com/mm/campaign/y6py8p-preorder/ မှာ အသေးစိတ်အချက်အလက်များကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။ 


(ဒီသတင်းကို Huawei မှပံ့ပိုးကူညီထားပါတယ်)


က္က