BlackList ကြောင့် ဖောက်သည်ပေါင်း သန်း ၃၀၀၀ ကျော် ထိခိုက်နေတယ်လို့ဆိုပါတယ်။

     ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က Huawei ဟာ အမေရိကန်အစိုးရကို တရားစွဲခဲ့ပြီး အခုတစ်ခါမှာတော့ အမှုကို အမြန်စီရင်ဖို့ တောင်းဆိုထားပါတယ်။

         မေလ ၂၉ ရက်နေ့က ရှန်းကျန့်မှာ ရှိတဲ့ Huawei ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ Huawei အနေနဲ့အမြန်တရားစီရင်ဖို့အတွက် အဆိုပြုလွှာအဖြစ် တရားစွဲမှုတစ်ရပ် တင်သွင်းခဲ့တာဖြစ်တယ်လို့CNBC သတင်းမှာ ဖော်ပြထားပါတယ်။ အခုတစ်ကြိမ်မှာ NDAA နဲ့အမေရိကန် ဖွဲ့စည်းပုံဥပဒေပေါ် မေးခွန်းထုတ်သွားခဲ့ပြီး တရားစီရင်မှုကို မြန်ဆန်စေဖို့လည်း တောင်းဆိုထားပါတယ်။



         တက္ကဆက်အရှေ့ပိုင်းခရိုင် တရားရုံးဟာ အမှုကြားနာခြင်းကို လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်လို့အမှုပေါ် တရားစီရင်ချက် ချဖို့လပေါင်းများစါာ ဆက်ပြီး ကြာမြင့်ဖို့ရှိပါတယ်။ Huawei ရဲ့ တရားရေးအရာရှိချုပ် ဆောင်းလီယုပိုင်ကတော့ "အမေရိကန်မှ နိုင်ငံရေးသမားတွေဟာ ပုဂ္ဂလိကကုမ္ပဏီတစ်ခုကို အကွက်ချောင်းဖို့တစ်နိုင်ငံလုံးက အားတွေ သုံးနေတယ်လို့" သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။



         Huawei ဟာ အမေရိကန်အစိုးရရဲ့ အမျိုးသား ကာကွယ်ရေး အာဏာတည်ခြင်း အက်ဥပဒေ NDAA ရဲ့ ပုဒ်မတစ်ချို့ကို ဖယ်ရှားပေးဖို့တရားရုံးမှာ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ၂၀၁၈ သြဂုတ်လထဲမှာ အမေရိကန်သမ္မတထရမ့် လက်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ NDAA ထဲမှ အပုဒ် ၈၉၉ အရ Huawei ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို အမေရိကန်အစိုးရ အေဂျင်စီတွေမှာ ဝယ်ယူသုံးစွဲခြင်း အပြင် ဒီထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကို သုံးနေတဲ့ အဖွဲ့အစည်းများနဲ့စာချုပ်ချုပ်ခြင်း ၊ ချေးငွေပေးခြင်းများပါ တားမြစ်ထားခံရပါတယ်။

         Huawei အနေနဲ့ကုမ္ပဏီပေါ် တရားဥပဒေတဲ့ လုပ်ဆောင်ချက်တွေ ရပ်တန့်ဖို့ မေလ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့မှာ ကုမ္ပဏီရဲ့တရားရေး အကျိုးဆောင်အဖွဲ့မှ NDAA အရ ပိတ်ပင်မှုဟာ ဥပဒေလုပ်ထုံးနဲ့မညီကြောင်း တုန့်ပြန်ပြီး အမေရိကန်အစိုးရအပေါ် တရားစွဲမှု စတင်ခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ လုံခြုံရေးအန္တရာယ် စိုးရိမ်ချက်ကြောင့် Huawei ကို ပိတ်ပင်ခဲ့တာ ဖြစ်ပြီး Huaweiကတော့ ဒီအချက်ကို အစဉ်တစ်စိုက် ငြင်းဆန်ထားပါတယ်။


Photo: cnbc

         "အမေရိကန်အစိုးရအနေနဲ့Huawei ဟာ လုံခြုံရေးအန္တရာယ် ရှိတယ်ဆိုပြီးသက်သေသက္ကာယနဲ့ပြထားတာ မရှိပါဘူး။ ဒီမှာ သေနတ်လည်း မရှိ ၊ မီးခိုးလည်း မရှိ။ ထင်ကြေးတွေပဲ ရှိနေပါတယ်" လို မစ္စတာဆောင်းက သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

          တစ်ဆက်တည်းမှာပဲ အမေရိကန်ရဲ့ Huawei ကို BlackList သွင်းမှုကြောင့် နိုင်ငံပေါင်း ၁၇၀ ကျော်က ဖောက်သည်ပေါင်း သန်း ၃၀၀၀ ကျော် ထိခိုက်နစ်နာဖို့ရှိပြီး ဒီထဲမှာ အမေရိကန်က ကျေးလက်အော်ပရေတာတစ်ချို့လည်း ပါဝင်တယ်လို့မစ္စတာဆောင်းရဲ့ စကားကို ကိုးကားပြီး CNN Business မှာ ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က