အလုပ်သင်လျှောက်လွှာများလည်း ‌‌လက်ခံသွားမှာပါ

လူငယ်တွေရဲ့ စိတ်ကူးအိပ်မက်ထားတဲ့ အလုပ်အကိုင်နယ်ပယ်ထဲ ဝင်ရောက်ရာမှာ သိထားသင့်တဲ့ အချက်အလက်တွေအကြောင်း ဆွေးနွေးမယ့်Taste of Dream Profession နာမည်နဲ့ ဆွေးနွေးပွဲတစ်ခုကို လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့ Rose Garden ဟိုတယ်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဒီပွဲဟာ သာမန်အလုပ်အကိုင် ပြပွဲတွေနဲ့ မတူဘဲ လူငယ်တွေအနေနဲ့ တစိုက်မတ်မတ် ထွန်းပေါက်အောင် ရပ်တည်လုပ်ကိုင်သွားလိုတဲ့ အလုပ်အကိုင်တွေ ရှာဖွေရာမှာ အထောက်အကူပြုဖို့ အကြံပေးဆွေးနွေးတဲ့ ပွဲတစ်ခုအဖြစ် ရည်ရွယ်ပြီး ကျင်းပသွားမှာ ဖြစ်တယ်လို့ Myanmar Youth Initiative (MYI) ဥက္ကဌ မချိုမာဝင်းက ဆိုပါတယ်။


Photo: Intern Plus

“ အလုပ်တွေ ဟိုကူးဒီကူး ကူးရတဲ့အခါ လုပ်သက်ကောင်းကောင်း မရှိဘူး။ အကျိုးခံစားခွင့်ရတာတွေ နည်းလာတယ်။ ဒါကြောင့် လူငယ်တွေကို ကိုယ့်စိတ်ကူးအိပ်မက်က ကိုယ်နဲ့ ကိုက်ညီမညီ အစမ်းမြည်းစမ်းကြည့်လို့ရအောင် ဒီပွဲလေးကို စီစဉ်ဖြစ်တာပါ” လို့ မချိုမာဝင်းက ပြောပါတယ်။

Taste of Dream Profession ပွဲမှာ သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွေမှာ ကျွမ်းကျင်ပညာရှင်များ ဖြစ်တဲ့ အန်တီဂရေ့စ် (ခေါ်) ဒေါ်ဆွေဇင်ထိုက် ၊ ပါမောက္ခဦးအေးကျော် ၊ မ Laura Cho ၊ ကိုဇော်မင်းအောင် နဲ့ မငုဝါဝင်းတို့မှ ပါဝင်ဆွေးနွေးသွားမယ်လို့လည်း သိရပါတယ်။ ဒီဆွေးနွေးပွဲမှာပဲ အလုပ်သင်အဖြစ် ဝင်ရောက်လိုသူ လူငယ်များအတွက် မိမိရဲ့ Resume နဲ့အတူ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ယခုအစီအစဉ်ကို လူငယ်များ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ဆောင်ရွက်နေတဲ့ Myanmar Youth Initiative (MYI) နဲ့ လူငယ်အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရေးအတွက် လုပ်ဆောင်နေတဲ့ Intern Plus Myanmar တို့မှ ပူးပေါင်း စီစဉ်ကျင်းပလိုက်တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က