ဈေးကွက်ဩဇာ တလွဲသုံးခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား ဈေးကွက်လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေးအဖွဲတစ်ခုဟာ Google ကို ဝမ် ၂၀၇.၄ ဘီလျံ (ဒေါ်လာ ၁၇၇ သန်း) ဒဏ်ရိုက်ခဲ့တယ်လို့ ဆိုပါတယ်။

           ဈေးကွက်ဩဇာလွှမ်းမိုးနိုင်စွမ်းကို တလွဲအသုံးချမှုနဲ့ Google ကို တောင်ကိုရီးယားဈေးကွက်ပြိုင်ဆိုင်မှု စောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Korea Fair Trade Commission က ဒဏ်ရိုက်လိုက်တာ ဖြစ်ပါတယ်။ Google ဟာ ကုမ္ပဏီရဲ့ အန်းဒရိုက်ဈေးကွက်အတွင်း ဩဇာသက်ရောက်မှုကို အသုံးချပြီး အန်းဒရိုက်ရဲ့ ပြိုင်ဘက် Operating Systems တွေရဲ့ ဖွံ့ဖြိုးမှုကို နှောင့်နှေးအောင် အဟန့်အတားလုပ်တယ်လို့ စွပ်စွဲခံထားရတာပါ။




Photo: The Hankyoreh

           Yonhap News သတင်းအရ Google ဟာ ၂၀၁၁ ခုနှစ်ကတည်းက ဈေးကွက်ပြိုလဲမှုကာကွယ်ရေး သဘောတူညီချက် AFT မှာ လက်မှတ်ထိုးဖို့ OEMs တွေကို တရားမဝင် ဖိအားပေးခဲ့တယ်လို့ ဆိုပါတယ်။ လက်မှတ်မထိုးတဲ့ စမတ်ဖုန်း OEM တွေဟာ သူတို့ရဲ့ စမတ်ဖုန်းသစ် ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ Android OS ကို စောစောစီးစီး Access ရယူခွင့် ဆုံးရှုံးမယ်လို့လည်း ဆိုပါတယ်။

           Google ရဲ့ ဒီသဘောတူညီချက်ဟာ ကုမ္ပဏီရဲ့ Android OS ကို အခြေခံပြီး ကိုယ်ပိုင်ဗားရှင်း ဖန်တီးတဲ့ Samsung နဲ့ LG စတဲ့ တောင်ကိုရီးယားကုမ္ပဏီတွေရဲ့ ဆော့ဖ်ဝဲလ်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တယ်လို့လည်း စွပ်စွဲချက်မှာ ဖော်ပြထားပါတယ်။ ကော်မရှင်ဟာ ၂၀၁၆ ခုနှစ်ကတည်းက Google ရဲ့ သဘောတူညီချက်ဟာ ဈေးကွက်ပြိုင်ဆိုင်မှုကို ထိခိုက်စေနိုင်သလားဆိုပြီး စုံစမ်းနေတာပါ။

           ၂၀၁၁ ခုနှစ်က Amazon ဟာ LG Electronics နဲ့ ပေါင်းပြီး Kindle Fire တက်ဘလက်ကို Android ဗားရှင်းအနေနဲ့ ဖြန့်ချိဖို့ ကြိုးစားခဲ့ပေမယ့် LG ဟာ Google နဲ့ AFA သဘောတူညီချက် ချိုးဖောက်ရာရောက်မှာ စိုးရိမ်တာကြောင့် ထုတ်နိုင်ခြင်း မရှိခဲ့ပါဘူး။ ၂၀၁၃ ခုနှစ်ကလည်း Samsung Electronics ဟာ Android ကို အခြေခံထားတဲ့ Original Galaxy Gear ဖြန့်ချိခဲ့ပေမယ့် Google ဘက်က သဘောတူညီချက် ချိုးဖောက်တယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် ပြန်ဖြုတ်ချခဲ့ပါတယ်။


Photo: gizchina


           Google ကတော့ ကုမ္ပဏီအနေနဲ့ Android နဲ့ သူ့ရဲ့ ဆက်စပ်ပရိုဂရမ်ဟာ သုံးစွဲသူအတွေ့အကြုံဆန်းသစ်တိုးတက်စေပြီး တောင်ကိုရီးယားထုတ်လုပ်သူတွေအပါအဝင် ကုမ္ပဏီတွေကို အကျိုးဖြစ်ထွန်းစေခဲ့တယ်လို့ တုံ့ပြန်ထားပါတယ်။ Google ဟာ ၂၀၁၀ ခုနှစ်က Operating System ဈေးကွက်မှာ ဈေးကွက်ဝေစု ၃၈% ရှိရာကနေ ၂၀၁၉ ခုနှစ်မှာ ၉၇.၇% အထိ ရောက်ရှိလာခဲ့တယ်လို့လည်း သိရပါတယ်။



က္က