Global Premier Mobile Phone Brand ဖြစ်တဲ့ TECNO Mobile က မြန်မာနိုင်ငံဈေးကွက်အတွင်း Hipods H2 ကို ဇူလိုင်လ ၆ရက်နေ့က မိတ်ဆက်ခဲ့ပါတယ်။ True Wireless Stereo Bluetooth အမျိုးအစား Earbuds ဖြစ်ပြီး ကြည်လင်ပြတ်သားတဲ့ Stereo Sound Effect ၊ အာမခံချက် အပြည့်အဝပေးထားတဲ့ အရည်အသွေး ၊ သက်သာတဲ့ နှုန်းထားနဲ့ ဝယ်ယူနိုင်မယ့် “Wireless” နားကြပ်အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။
HiPods H2 ဟာ Bluetooth V5.0 ကို အသုံးပြုထားတာကြောင့် ၁၀ မီတာအကွာအဝေးအထိ ဆွဲအားကောင်းကောင်းနဲ့ သီချင်းနားဆင်တာနဲ့ ဖုန်းပြောတာအတွက် ချိတ်ဆက် အသုံးပြုနိုင်မှာပါ။ မိမိရဲ့ဖုန်းမှာ “Bluetooth” ကို ဖွင့်ပြီး Hipods H2 ရဲ့ Earbud Case အဖုံးကို ဖွင့်လိုက်ရုံနဲ့ Pop – Up Connection Interface က ပေါ်လာပြီး ဖုန်းနဲ့ လွယ်လွယ်ကူကူချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Smart Switching Operation စနစ်လည်းပါတာကြောင့် Earbuds ကို လက်နဲ့ တို့ထိပြီး “Play/Pause, ‘Volume Up/Down, Answer the call နဲ့ Voice assistant တွေကို အသုံးပြုနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ TWS technology ရဲ့ Stereo System အနေနဲ့ကတော့ ဘယ်၊ညာ ကွဲပြားစွာ အသံတွေကို သဘာဝအဆန်ဆုံး နားဆင်နိုင်မှာဖြစ်ပြီး Bass, Alto နဲ့ Audio တွေကို ဒီ Earbuds မှာ ကြည်လင်ပြတ်သားစွာ နားဆင်နိုင်ဦးမှာပါ။
ဒါ့အပြင် တပ်ဆင်အသုံးပြုနေချိန်မှာ နားအတွင်း သက်တောင့်သက်သာ ဖြစ်စေဖို့ Earbuds Design ကို အထူးစီမံ ထုတ်လုပ်ထားတာကြောင့် ပြတ်သားကြည်လင်တဲ့ သံစဥ်တွေကို သက်သောင့်သက်သာနဲ့ စီးမျောခံစားနိုင်မှာလည်း ဖြစ်ပါတယ် IPX4 အဆင့် Water Resistant ပါရှိပြီး ဘေးပတ်ဝန်းကျင်က ဆူညံသံတွေလျှော့ချပေးမယ့် Environmental Noise Cancellation ပါဝင်ပါတယ်။
Hipods H2 Earbuds ရဲ့ ကို အားအပြည့်သွင်းဖို့ အတွက် ၂နာရီအထိသာ ကြာမြင့်ပြီး အသုံးမပြုတဲ့အချိန်တွေမှာ Charging case ထဲ ထည့်ထားပြီးအားသွင်းနိုင်ဦးမှာပါ။ ဘက်ထရီသက်တမ်းအနေနဲ့ကတော့ တစ်ခါအားသွင်းထားရုံနဲ့ ၂၄နာရီကြာ အသုံးပြုနိုင်ပြီး အရေးပေါ်အချိန်တွေမှာ ၁၅မိနစ်ခန့် အားသွင်းရုံနဲ့ ၂ နာရီအထိကြာ သုံးစွဲနိုင်မှာပါ။
အခုလို ပါဝင်တဲ့ Features တွေအရ TECNO Mobileရဲ့ TWS Earbuds Hipods H2ဟာ Workaholicsတွေ၊ သီချင်းကို အချိန်တော်တော်ကြာနားထောင်တတ်သူတွေ၊ Gymဆော့ကစား အားကစားလုပ်သူတွေ အသုံးပြုဖို့ အထူးသင့်တော်မှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေအတွက် အရည်အသွေးအာမခံချက်အပြည့်အဝပေးတဲ့အနေနဲ့ TECNO Mobile မှ 1 year Warranty လည်း ထည့်သွင်းပေးပါတယ်။
TECNO Hipods တွေကို အဖြူ၊အနက် အရောင်နှစ်မျိုးနဲ့ ဇူလိုင်လ ၆ ရက်နေ့ကစပြီး စျေးနှုန်း ၃၂၉၀၀ကျပ်နဲ့ ဝယ်ယူနိုင်ပြီဖြစ်တယ်လို့လည်းသိရပါတယ်။ TECNO Mobile ကထုတ်တဲ့Productတွေအကြောင်း
ပိုမိုသိရှိလိုတယ်ဆိုရင်တော့ ဒီနေရာတွေမှာ လေ့လာနိုင်ပါတယ်။
(ဒီသတင်းကို TECNO Mobile မှပံ့ပိုးကူညီထားပါတယ်)