အာရှ ၉ နိုင်ငံမှာ တယ်လီကွန်း ဝန်ဆောင်မှု ပေးဖို့ပါ

     အာရှတယ်လီကွန်းဈေးကွက်မှာ ဝန်ဆောင်မှုတွေ ပူးပေါင်းလုပ်ဆောင်သွားဖို့Telenor နဲ့Axiata Group တို့ညှိနှိုင်းမှုတွေ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

Photo: TelecomLead

         နော်ဝေးတယ်လီကွန်းကုမ္ပဏီ Telenor နဲ့မလေးရှားတယ်လီကွန်းအော်ပရေတာ Axiata Group တို့ဟာ အာရှ ၉ နိုင်ငံမှာ ဝန်ဆောင်မှုတွေ ပေါင်းစည်း လုပ်ဆောင်ဖို့စီစဉ်နေတာပါ။ ပဉ္စမျိုးဆက် 5G တယ်လီကွန်း အခြေခံအဆောက်အဦးမှာ စကာၤပူတယ်လီကွန်းဆက်သွယ်ရေး လုပ်ငန်းတွေ ရင်းနှီးမြှပ်နှံမှု မြင့်တက်ချိန်မှာ အခုလို ပေါင်းစည်းဖို့လည်း ဖြစ်လာတာလို့Nikkei Asian Review မှာ ဖော်ပြထားပါတယ်။

         ဒီကုမ္ပဏီ ၂ ခု ပူးပေါင်းပြီး ထူထောင်မယ့် လုပ်ငန်းသစ်မှာ Telenor က ရှယ်ယာ ၅၆.၆% နဲ့ကျန်တဲ့ ၄၃.၅% ကို Axiata က ပိုင်ဆိုင်မှာ ဖြစ်တယ်လို့Telenor ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး အချက်အလက်စာရင်းအပြောင်းအလဲ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။ Telenor ရဲ့ ထုတ်ပြန်ချက်အရ ဒီပူးပေါင်းမှုဟာ နိုင်ငံ ၉ နိုင်ငံက ဖောက်သည်ပေါင်း သန်း ၃၀၀ ခန့်ကို ဝန်ဆောင်မှု ပေးနိုင်မှာ ဖြစ်ပြီး အာရှရဲ့ အကြီးဆုံး မိုဘိုင်း အခြေခံအဆောက်အဦကုမ္ပဏီတွေထဲက တစ်ခု ဖြစ်လာမယ်လို့ဖော်ပြထားပါတယ်။

         Telenor နဲ့Axiata Group တို့ပူးပေါင်းထားတဲ့ ကုမ္ပဏီသစ်ကနေ ဝင်ငွေ ရင်းဂစ် ဘီလျံ ၅၀ (ဒေါ်လာ ၁၂ ဘီလျံ) နဲ့အသားတင် အမြတ်ငွေ ရင်းဂစ် ၄ ဘီလျံ ဝင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ အာရှရဲ့ အင်အားကြီး စကာၤပူတယ်လီကွန်းလုပ်ငန်းစု Singtel ဟာ ပြီးခဲ့တဲ့ မတ်လကုန် ဘဏ္ဍာရေးနှစ်မှာ စကာၤပူဒေါ်လာ ၁၇.၅ ဘီလျံ (ဒေါ်လာ ၁၂.၈ ဘီလျံ) ဝင်ငွေရှိခဲ့ပြီး အသားတင် စကာပူဒေါ်လာ ၅.၄၅ ဘီလျံ ရရှိခဲ့ပါတယ်။

Photo: Bloomberg

         Singtel ဟာ စကာၤပူရဲ့ အကြီးဆုံး တယ်လီကွန်းကုမ္ပဏီတစ်ခု ဖြစ်ပြီး ထိုင်း ၊ ဖိလစ်ပိုင် ၊ အင်ဒိုနီးယားနဲ့အိန္ဒိယတို့မှာ ရှိတဲ့ အဓိက အော်ပရေတာတွေမှာ ရှယ်ယာများ ပိုင်ဆိုင်ထားပါတယ်။ Telenor ကတော့ နော်ဒစ်နိုင်ငံတွေ ဖြစ်တဲ့ နော်ဝေး ၊ ဖင်လန် ၊ အိုက်စလန် ၊ ဒိန်းမတ် နဲ့ဆွီဒင်စတဲ့ မြောက်ဥရောပနဲ့မြောက်အတ္တလန်တစ်နိုင်ငံများ ၊ ဥရောပအရှေ့ပိုင်းနဲ့အာရှနိုင်ငံများမှာ လုပ်ငန်း လည်ပတ်နေပါတယ်။

         အာရှမှာတော့ Telenor ဟာ ထိုင်း ၊ မလေးရှား ၊ ဘင်္ဂလားဒေ့ချ် ၊ မြန်မာ နဲ့ပါကစ္စတန်တို့မှာ ဝန်ဆောင်မှု ပေးထားပြီး Axiata Group ဟာ မလေးရှား ၊ ဘင်္ဂလားဒေ့ချ် ၊ ကမ္ဘောဒီးယား ၊ နီပေါ ၊ သီရိလကာၤ နဲ့အင်ဒိုနီးရှားတို့မှာ လုပ်ငန်းများ လည်ပတ်နေတာပါ။ ကုမ္ပဏီသစ်ဟာ မလေးရှားနိုင်ငံ ကွာလာ လန်ပူမှာ ရုံးချုပ်စိုက်ဖို့ရှိပြီး နိုင်ငံတကာ စတော့အိတ်ချိန်နဲ့နဲ့Bursa Malaysia အိတ်ချိတ်တို့မှာ ရှယ်ယာရောင်းချသွားမယ်လို့ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က