PUBG Mobile ကို ကျော်နိုင်မလား

Activision-Blizzard ရဲ့ လိုင်စင်နဲ့ ပြန်ရေးဆွဲလိုက်တဲ့ Tencent ထုတ် Call of Duty: Mobile ဂိမ်းဟာ ကိုးလအတွင်း ကမ္ဘာတစ်ဝှမ်းမှာ ဒေါင်းလုပ်ဆွဲမှုပေါင်း သန်း ၂၅၀ အထိ ရှိလာတယ်လို့ ဆိုပါတယ်။

Sensor Tower ရဲ့ အချက်အလက်တွေအရ Tencent Holdings’ Call of Duty: Mobile ဟာ မိုဘိုင်းပလက်ဖောင်းတစ်ခုပေါ်က အအောင်မြင်ဆုံးဂိမ်းတစ်ခုဖြစ်လာဖို့ အလားအလာတွေ ပြနေတယ်လို့ ဖော်ပြထားပါတယ်။ Activision-Blizzard ဆီမှာ လိုင်စင်ခံပြီး ရေးဆွဲထားတဲ့ Tencent’s TiMi Studios ရဲ့ Call of Duty: Mobile ဟာ တရုတ်မှာ ဖြန့်ချိခွင့်မရပေမယ့် ၂၆၅ ရက်အတွင်း ဒီစံချိန်ကို ရောက်လာတာ ဖြစ်ပါတယ်။



Photo: CNBC

ဒီနေ့အချိန်အထိ ဒီဂိမ်းပေါ်မှာ ကမ္ဘာအရပ်ရပ် ကစားသမားတွေရဲ့ သုံးစွဲမှုပမာဏဟာ ဒေါ်လာ ၃၂၇ သန်းနီးပါး ရှိပြီး ပြီးခဲ့တဲ့ ၉ လအတွင်းအကျိုးအမြတ် အများဆုံးဂိမ်းအဖြစ် ရပ်တည်ခဲ့တဲ့ Tencent ရဲ့ PUBG Mobile ထက် ဝင်ငွေအရရော ဒေါင်းလုပ်ဆွဲမှုပါ ကျော်တက်ခဲ့တာ ဖြစ်ပါတယ်။ Call of Duty: Mobile ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာ ဖြန့်ချိခဲ့ပြီး အန်းဒရိုက်နဲ့ iOS နှစ်မျိုးစလုံးမှာ ကစားနိုင်မယ့် ဂိမ်းဖြစ်ပါတယ်။

“Tencent နဲ့ Activision အတွက် Call of Duty:Mobile သုံးစွဲသူဦးရေ တိုးလာရုံတင်မဟုတ်ဘဲ ပျမ်းမျှ ငွေသုံးစွဲမှုပါ မြင့်လာဖို့အတွက် အလားအလာရှိနေဆဲပဲလို့ ကျွန်တော်ထင်တယ်။” လို့ APPTUTTi မှ Business Developer ဖြစ်သူ ဒန်နီယယ်ကမ်မီလိုက ဆိုပါတယ်။

Call of Duty: Mobile ဒေါင်းလုပ်ဆွဲမှုများထဲမှ ၄၅ သန်းနီးပါးဟာ အမေရိကန်ပြည်ထောင်စုမှ ဖြစ်ပြီး တစ်ကမ္ဘာလုံးဒေါင်းလုပ်ဆွဲမှုရဲ့ ၁၈% ရှိတယ်လို့ ဆိုပါတယ်။ ဒီဂိမ်းမှာ အမေရိကန်ပလေယာတွေရဲ့ ငွေသုံးစွဲမှုဟာ ၉ လအတွင်း ဒေါ်လာ ၁၃၄ သန်း ရှိပြီး တစ်ကမ္ဘာလုံးငွေသုံးစွဲမှုရဲ့ ၄၁% အထိ ရှိတယ်လို့ Sensor Tower က ထုတ်ပြန်ပါတယ်။

Photo: CNET


ဂျပန် ၊ ဘရာဇီးနဲ့ အိန္ဒိယတို့ကလည်း Call of Duty: Mobile အတွက် ပင်မဈေးကွက်ကြီးတွေ ဖြစ်ပြီး ဂျပန်နဲ့ ဘရာဇီးဟာ ဒီဂိမ်းအဝွက် ဝင်ငွေအားဖြင့် အမေရိကန်ပြီးရင် ဒုတိယနဲ့ တတိယအများဆုံး ရှာပေးနေပါတယ်။ COVID-19 ကပ်ရောဂါကြောင့် အိမ်ထဲမှာပဲ နေထိုင်မှုများလာတဲ့ မေလဟာ Call of Duty:Mobile အတွက် ဒုတိယမြောက် ဝင်ငွေအကောင်းဆုံး လဖြစ်ပြီး ဒေါ်လာ ၅၃ သန်းနီးပါး အထိ ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က