ဆယ်နှစ်အတွင်း ဆုကြေးပေးမှု ၂ ဆကျော်လာပါတယ်။
Nyein Min Wai

ကမ္ဘာ့ဆုကြေးအများဆုံးနဲ့ဂုဏ်သိက္ခာအကြီးဆုံး Dota 2 ပြိုင်ပွဲကြီးကတော့ သြဂုတ်လ ၂၀ ရက်ကနေ ၂၅ ရက်နေ့အထိ ရှန်ဟိုင်းမှာ ကျင်းပခဲ့ပြီး စံချိန်တင် ဆုကြေးများ ပေးအပ်ခဲ့ပါတယ်။


၂၀၁၁ ခုနှစ်ကနေ စတင်ပြီး Valve Corporation ကနေ နှစ်စဉ် ဦးစီးကျင်းပလာခဲ့တဲ့ The International (TI) ဟာ ဒီနှစ်နဲ့နဝမအကြိမ်မြောက်ကို ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ TI ပွဲတွေရဲ့ သမိုင်းတစ်လျှောက်မှာ ချန်ပီယံ နှစ်ကြိမ်ဖြစ်တဲ့ အသင်းရယ်လို့၁ ခုပဲ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါကတော့ OG ဖြစ်ပါတယ်။

Photo: kakuchopurei


Grand Finals မှာ TI2017 ချန်ပီယံဟောင်း Team Liquid အသင်းကို ၃-၁ နဲ့နိုင်ခဲ့ပြီး The International ရဲ့ နှစ်နှစ်ဆက် ချန်ပီယံ ဖြစ်လာခဲ့တာပါ။ ရှန်ဟိုင်း Mercedes-Benz Arena မှာ ကျင်းပသွားခဲ့တဲ့ TI2019 ဟာ Prize Pool ဒေါ်လာ ၃၄.၃ သန်းကျော် ( အတိအကျပြောမယ်ဆိုရင် ၃၄၃၀၇၉၂၀ ဒေါ်လာ) ပေးသွားတာ ဖြစ်ပါတယ်။

TI2019 မှာ Aegis of Champions ဖြစ်လာတဲ့ OG ဟာ စံချိန်တင်ဆုကြေး prize pool ထဲကနေ စုစုပေါင်း ဒေါ်လာ ၁၅၅၇၈၅၁၀ ထိ ရခဲ့တာ ဖြစ်တယ်လို့Win.gg က ဖော်ပြထားပါတယ်။ ဒေါ်လာ ၁၅.၆ သန်းနီးပါး ဆုကြေးကို အသင်းထဲမှာ ပြန်ခွဲမယ်ဆိုရင်တောင် OG player တွေအနေနဲ့တစ်ယောက်ကို ဒေါ်လာ ၃.၁ သန်းစီ ရမယ့် သဘောပါ။

ဒါကြောင့်ပဲ ကမ္ဘာ့သက်တမ်းအရင့်ဆုံး တင်းနစ်ပြိုင်ပွဲတစ်ရပ်ဖြစ်ပြီး ဆုကြေးအမြင့်ဆုံး ပေးတဲ့ ဝင်ဘယ်လ်ဒန်မှာ တစ်ဦးချင်း ချန်ပီယံဖြစ်ခဲ့တဲ့ နုဗက်ဒီဂျိုကိုဗစ် နဲ့ဆိုင်မွန်နာ ဟာလပ်တို့ရခဲ့တဲ့ ဒေါ်လာ ၂.၉ သန်းထက်တောင် ပိုများတယ်လို့ဆိုရမှာပါ။ အားကစားသမိုင်းမှာ ဂေါ့ဖ်နဲ့တင်းနစ်ပလေယာတွေဟာ ဆုကြေးအများဆုံး ရတဲ့ ကစားသမားတွေအဖြစ် နာမည်ကျော်ခဲ့ရာကနေ အခုတော့ eSports တွေရဲ့ ဆုကြေးဟာ ပုခုံးချင်းယှဉ်လာနိုင်ပြီလို့ဆိုရမှာပါ။

Photo: Polygon


Runners Up မှာ ပါတဲ့ Team Liquid အသင်းလည်း ဒေါ်လာ ၄.၄၆ သန်းနီးပါး ရခဲ့ပြီး တစ်ဦးချင်းအနေနဲ့ဆိုရင် ဆုကြေး ဒေါ်လာ ၉ သိန်း ၈ သောင်း၂ ထောင်ခန့်ရခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ The International (Dota 2) ပြိုင်ပွဲကို ဆွီဒင်နိုင်ငံ စတော့ခ်ဟုမ်းမှာ ကျင်းပသွားမှာ ဖြစ်ပြီး ဆုကြေးမကြေညာသေးပေမယ့် ကမ္ဘာ့စံချိန်တင်ဖို့ရှိပါတယ်။

၂၀၁၁ ခုနှစ်က The International (Dota 2) မှာ ဆုကြေး ဒေါ်လာ ၁၆ သန်း ပေးခဲ့ရာကနေ အခု TI19 မှာ ဆုကြေး ဒေါ်လာ ၃၄ သန်းကျော်ပေးခဲ့တာ ဖြစ်လို့ဆယ်စုနှစ်တစ်ခုအတွင်း eSports ဆုကြေးတွေဟာ ၂ ဆကျော် များလာတာပါ။ လာမယ့်နှစ်မှာ Aegis of Champion ဆုတံဆိပ်ကို ဘယ်အသင်း ဆွတ်ခူးမလဲဆိုတာကလည်း စိတ်လှုပ်ရှားစရာ ဖြစ်လာပါတယ်။


က္က