နာမည်ကြီး app တော်တော်များများ ပါနေပါတယ်

ဇွန်လဆန်းက ဖြစ်ခဲ့တဲ့ နှစ်နိုင်ငံနယ်စပ် တင်းမာမှုတွေ ဆက်လက်မြင့်တက်နေချိန်မှာ အိန္ဒိယအစိုးရဟာ တရုတ် မိုဘိုင်းလ် app ပေါင်း ၆၀ ခန့်ကို ပိတ်ပင်ကြောင်း ကြေညာလိုက်ပါတယ်။

တရုတ် app တွေ ပိတ်မယ့်အကြောင်းကို လွန်ခဲ့တဲ့ သီတင်းပတ်နှစ်ပတ်လောက်ကတည်းက သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအချုပ်အခြာ နဲ့ ညီညွတ်မှု ၊ အိန္ဒိယနိုင်ငံကာကွယ်ရေး ၊ နိုင်ငံ့နဲ့ ပြည်သူ့လုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်တဲ့ လုပ်ရပ်တွေ လုပ်နိုင်ဖွယ်ရှိတယ်ဆိုတဲ့ စိုးရိမ်မှုနဲ့ ဒီ app တွေ ပိတ်လိုက်တာ ဖြစ်တယ်လို့ လျှပ်စစ်နဲ့ အိုင်တီဝန်ကြီးဌာနက ဆိုပါတယ်။



Photo: Android Authority


ပိတ်လိုက်တဲ့ app တွေထဲမှာ နာမည်ကြီး app တွေ ဖြစ်တဲ့ TikTok ၊ Mobile Legends ၊ Clash of Kings ၊ WeChat ၊ Weibo ၊ Bigo Live ၊ Meitu နဲ့ Xender တို့လို app တွေလည်း ပါတယ်လို့ Android Authority သတင်းက ဖော်ပြထားပါတယ်။ အိန္ဒိယမှာ ပိတ်ခံလိုက်ရတဲ့ app တွေထဲ Xiaomi - Mi Video Call နဲ့ DU Recorder ၊ DU Cache Cleaner ၊ DU Cleaner ၊ DU Browser တို့လည်း ပါဝင်နေပါတယ်။

အိန္ဒိယဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး အင်တာနက်ဈေးကွက်ကြီး ဖြစ်ပြီး လူဦးရေ သန်း ၁၃၀၀ ရဲ့ ထက်ဝက်ခန့်ဟာ အင်တာနက် အသုံးပြုနေတာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအတွက် အခုလို ဒါဇင်နဲ့ ချီတဲ့ နိုင်ငံခြား app တွေကို ပိတ်ပင်တာကလည်း ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ကြေညာချက် ထွက်လာပြီး မိနစ်ပိင်းအတွင်းမှာ follower ပေါင်း ၁.၁ သန်း ရှိတဲ့အိန္ဒိယအစိုးရရဲ့ TikTok အကောင့် MyGov လည်း ပိတ်သိမ်းသွားပါတယ်။

အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့ရတဲ့ ဇွန်လလယ်မှ Ladakh နယ်စပ် တရုတ်တပ်ဖွဲ့များနဲ့ ခိုက်ရန်ဖြစ်ပွားမှုအပြီး တရုတ်ကို ထိုက်သင့်တဲ့ လက်တုံ့ပြန်မှု လုပ်မယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီမှ ပြောကြားပြီးနောက် အခုလို တရုတ် app တွေ ဖယ်ရှားမှု လုပ်လာတာပါ။ ဝန်ကြီးချုပ်ဟာ တရုတ်ပစ္စည်းတွေကို သပိတ်မှောက်ဖို့လည်း တစ်နိုင်ငံလုံးကို တိုက်တွန်းပြောကြားထားပါတယ်။

Photo: SCMP


အိန္ဒိယနိုင်ငံအတွင်း တရုတ်ကုန်ပစ္စည်းများ မသုံးစွဲရေး သပိတ်မှောက်ဆန္ဒပြမှုဟာ တရုတ်စမတ်ဖုန်းကုမ္ပဏီများအပေါ်လည်း သက်ရောက်မှု ရှိလာနိုင်ပါတယ်။ တရုတ်စမတ်ဖုန်းကုမ္ပဏီတွေဟာ အိန္ဒိယစမတ်ဖုန်းဈေးကွက်ကို ကြီးစိုးနေပြီး ပြီးခဲ့တဲ့နှစ်အတွင်း အိန္ဒိယမှာ တင်ပို့ခဲ့တဲ့ စမတ်ဖုန်းအရေအတွက် စုစုပေါင်းရဲ့ ၇၂% အထိ ရှိတယ်လိူ့ ဆိုပါတယဘ်။

မကြာသေးခင်က အိန္ဒိယဟာ အမေရိကန်ကို ကျော်တက်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်ကြီး ဖြစ်လာခဲ့ပါတယ်။ Counterpoint Research သုတေသနအစီရင်ခံစာအရ ၂၀၁၉ ခုနှစ်အတွင်း အိန္ဒိယစမတ်ဖုန်းဈေးကွက်အတွင်း စမတ်ဖုန်း တင်ပို့မှုဟာ စုစုပေါင်း ၁၅၈ သန်း အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က