Oracle နဲ့ အရောင်းအဝယ် ဖြစ်ဖို့ ရှိပါတယ်

TikTok ကို ဝယ်ယူဖို့ စိတ်ဝင်စားတဲ့ အမေရိကန်ကုမ္ပဏီတွေထဲမှာ ထိပ်ဆုံးက ရှိခဲ့တဲ့ Microsoft ကတော့ TikTok ရဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းတွေကို ဝယ်ယူဖို့ လက်လျှော့သွားပြီ ဖြစ်ပါတယ်။

TikTok ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ဘက်ကနေ Microsoft ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးနောက် Microsoft မှ အကျဉ်းရုံး သတင်းထုတ်ပြန်ချက်တစ်စောင် တရားဝင်ထုတ်ပြန်ပြီး အခုလို အသိပေးလိုက်တာ ဖြစ်ပါတယ်။



 Photo: The Business Journal

"ByteDance ဆီက Microsoft ကို TikTok ရဲ့ အမေရိကန်လုပ်ငန်းတွေ ရောင်းချသွားမှာ မဟုတ်ဘူးလို့ ဒီနေ့ပဲ အကြောင်းကြားလာပါတယ်။" လို့ Microsoft ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

Microsoft ဟာ TikTok ရဲ့ လုပ်ငန်းတွေ ဝယ်ယူဖို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ နှစ်ဖက်ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ TikTok ရဲ့ အမေရိကန် ၊ ကနေဒါ ၊ ဩစတြေးလျနဲ့ နယူးဇီလန်တို့မှာ ရှိတဲ့ လုပ်ငန်းတွေကို ဝယ်ယူဖို့ ကြိုးစားနေတယ်လို့ Microsoft က ဆိုပါတယ်။

Microsoft နဲ့ အရောင်းအဝယ် ပျက်သွားပြီးနောက် Oracle ဟာ TikTok ကို ဝယ်ယူဖို့ အခွင့်အလမ်းပိုများလာပါတယ်။ သတင်းတွေအရ Oracle ဟာ TikTok ကို ဝယ်နိုင်ဖို့ နီးစပ်နေပြီး မကြာခင်မှာ တရားဝင်ကြေညာချက်‌တွေ ထွက်လာဖို့ ရှိပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း စက်တင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အမေရိကန်ကုမ္ပဏီတစ်ခုကို ရောင်းချခြင်း မပြုရင် TikTok ကို ပိတ်သိမ်းမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

Photo: pressreality


တရုတ်အစိုးရဘက်ကလည်း TikTok ကို ရောင်းမယ့်အပေါ် ပိတ်ပင်သွားဖို့ ရှိပြီး တကယ်လို့ ရောင်းမယ်ဆိုရင်လည်း TikTok ရဲ့ အဓိက Key Algorithm မပါဘဲ ရောင်းခွင့်ပြုသွားဖို့ ရှိပါတယ်။ တစ်ဖက်မှာလည်း TikTok ဟာ ထရမ့်ဦး‌ဆောင်တဲ့ အမေရိကန်အစိုးရအဖွဲ့ကို တရားပြန်စွဲထားတာကြောင့် လုပ်ငန်းအရောင်းအဝယ်ကိစ္စ ဘယ်လိုဖြစ်လာမလဲ ဆိုတာကို ဒီရက်ပိုင်းအတွင်း သိရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က