Smartisan ဖုန်းကုမ္ပဏီဆီက မူပိုင်ခွင့်များ ဝယ်ထားပါတယ်

တရုတ်နိုင်ငံရဲ့ နာမည်ကျော် video app တစ်ခု ဖြစ်တဲ့ TikTok ရဲ့ မိခင်ကုမ္ပဏီဟာ ကိုယ်ပိုင် စမတ်ဖုန်းတစ်မျိုးကို ထုတ်သွားဖို့စီစဉ်နေတယ်လို့ဆိုပါတယ်။

         ဘေဂျင်းအခြေစိုက် လူမှုကွန်ရက်ကုမ္ပဏီ ByteDance ဟာ TikTok လို ကမ္ဘာကျော် video sharing app ကို တီထွင်ထားတဲ့ ကုမ္ပဏီ ဖြစ်ပြီး Financial Times သတင်းတစ်ပုဒ်မှာတော့ ByteDance အနေနဲ့ကုမ္ပဏီပိုင် apps တွေ တစ်ခါတည်း ထည့်သွင်းထားတဲ့ စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်သွားမယ်လို့ဖော်ပြထားပါတယ်။ ဒီဖုန်းထဲမှာ TikTok ၊ BuzzVideo လို့short video ပလက်ဖောင်းတွေနဲ့ Toutiao လို သတင်းဝက်ဘ်ဆိုက်ပလက်ဖောင်းမျိုးနဲ့ဂိမ်းတွေ ထည့်သွင်းထားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။


Photo: inverse.com     



    ဒီသတင်းဟာ ၂၀၁၉ နှစ်ဆန်းပိုင်းမှာ တရုတ်စမတ်ဖုန်း ကုမ္ပဏီ Smartisan ဆီကနေ မူပိုင်ခွင့်တွေ ဝယ်ပြီးနောက် ထွက်ပေါ်လာတဲ့ သတင်းဖြစ်ပါတယ်။ Financial Times ကို ပြောပြတဲ့ သတင်းအရင်းအမြစ်တစ်ဦးကတော့ ByteDance တည်ထောင်သူ ဇောင်ယီမင်းဟာ ByteDance apps တွေ pre-install သွင်းထားတဲ့ ဖုန်းတစ်စလုံး ထုတ်ဖို့ကာလကြာရှည် စိတ်ကူးထားခဲ့တယ်လို့ပြောပါတယ်။

         တရုတ်ဖုန်းကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Smaratisan ဟာ ဖုန်းမော်ဒယ်သစ် အထုတ်နည်းပြီး high-end မော်ဒယ်တွေ အများဆုံး ထုတ်တဲ့ ဖုန်းကုမ္ပဏီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် မေလထဲမှာ Smartisan ဟာ iPhone X ထက် ဈေးပိုကြိးတဲ့ ကမ္ဘာ့ပထမဆုံး 1TB storage သုံး Smartisan R1 ကို ကြေညာခဲ့ပါတယ်။ Pure White နဲ့Carbon Black ကာလာ ၂ မျိုးနဲ့လာတဲ့ ဒီဖုန်းရဲ့ အမြင့်ဆုံးမော်ဒယ် RAM 8GB/1TB stoage ကို ၁၃၈၈ ဒေါ်လာ (မြန်မာငွေ ၁၈ သိန်း ၈ သောင်းခန့်) ဈေးနဲ့ရောင်းချနေပါတယ်။

Photo: Malay Mail

         ByteDance အနေနဲ့ကိုယ်ပိုင်ဖုန်းထုတ်မလားဆိုတဲ့ မေးခွန်းတွေကို အတည်ပြုခြင်း မရှိသေးသလို ဖုန်းရဲ့ ဒီဇိုင်းနဲ့ဝင်ရောက်မယ့် ဈေးကွက်တွေကိုလည်း ပြောကြားခြင်း မရှိသေးပါဘူး။ ၂၀၁၃ နှစ်ဆန်းက HTC ကနေ မိတ်ဆက်ခဲ့တဲ့ Facebook ရဲ့ ကိုယ်ပိုင် UI ပါ HTC First ဟာ ဈေးကွက်မှာ အောင်မြင်ခြင်းမရှိခဲ့တာကြောင့် ByteDance အနေနဲ့ဖုန်းထုတ်တာဟာ စွန့်စားမှုတစ်ခုလို့ဆိုနိုင်ပါတယ်။

         တရုတ်မှာ Douyin လို့ခေါ်တဲ့ ByteDance ရဲ့ ထုတ်ကုန် TikTok ဟာ Apple App Store မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့၁၅ လ ဆက်တိုက် ဒေါင်းလုပ်ဆွဲမှု အများဆုံး app အဖြစ် ရပ်တည်နေပါတယ်။ လက်ရှိမှာ TikTok ကို လစဉ်သုံးစွဲသူ သန်း ၅၀၀ နဲ့အထက်မှာ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က