စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး ဝယ်ယူမှု ပြီးပြတ်မှာပါ

Microsoft ကော်ပိုရေးရှင်းဟာ တရုတ်လူမှုကွန်ရက်ကုမ္ပဏီ ByteDance ပိုင် TikTok ကို ဝယ်ယူဖို့ လုပ်ဆောင်နေပါတယ်။

ဒီတစ်ပတ်အစောပိုင်းကပဲ Microsoft ဟာ TikTok ရဲ့ အမေရိကန် ၊ ကနေဒါ ၊ ဩစတြေးလျနဲ့ နယူးဇီလန်လုပ်ငန်းအရပ်ရပ်ကို ဝယ်ယူဖို့ ညှိနှိုင်းနေကြောင်း တရားဝင် အတည်ပြုထားပါတယ်။ Financial Times ရဲ့ သတင်းသစ်မှာတော့ Microsoft အနေနဲ့ TikTok ရဲ့ ဥရောပနဲ့ အိန္ဒိယလုပ်ငန်းတွေပါ ဝယ်ဖို့ပါ ပြင်နေတယ်လို့ ဆိုပါတယ်။



Microsoft CEO နာဒဲလာ (Photo: NPR)


Financial Times သတင်းမှာပဲ Microsoft ဟာ အရောင်းအဝယ်မှာ အိန္ဒိယလုပ်ငန်းတွေပါ ထည့်သွင်းဖို့ ByteDance နဲ့ ညှိနှိုင်းနေတယ်လို့ ဖော်ပြထားပါတယ်။ Reuters ကို ပြောတဲ့ သတင်းအရင်းအမြစ်တစ်ခုကတော့ Microsoft ဟာ လူမှုကွန်ရက်တစ်ခုလုံးကို ဝယ်ဖို့အတွက် ByteDance ကို ချဉ်းကပ်မှု မလုပ်ထားဘူးလို့လည်း ဆိုပါတယ်။

အခုကြားနေရတဲ့ သတင်းအားလုံးရဲ့ အဖြေကို လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့မှာ အပြီးအပြတ် သိရတော့မှာပါ။ ဒီတစ်ပတ်ထဲမှာပဲ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ TikTok နဲ့ WeChat တို့ကို အမေရိကန်နိုင်ငံအတွင်း လုပ်ငန်းလုပ်ကိုင်မှုကို ၄၅ ရက်အတွင်း ပိတ်ပင်ဖို့ ညွှန်ကြားထားပါတယ်။

Microsoft အမှုဆောင်အရာရှိချုပ် ဆတ္တယာ နာဒဲလာဟာ TikTok ကို ဝယ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး သမ္မတဒေါ်နယ်ထရမ့်နဲ့ ဒီတစ်ပတ်အဆန်းပိုင်းမှာပဲ စကားပြောဆိုထားပါတယ်။ သမ္မတထရမ့်ရဲ့ ညွှန်ကြားချက်ဟာလည်း ByteDance အနေနဲ့ TikTok ကို ရောင်းချဖို့ ဖိအားပေးလိုက်တာလည်း ဖြစ်ပါတယ်။ 

Photo: Forbes

TikTok ဟာ အမေရိကန်ကုမ္ပဏီတစ်ခုခုကို လုပ်ငန်းရောင်းချမှု မပြုတာနဲ့ အမေရိကန်နိုင်ငံအတွင်း လုပ်ငန်းလုပ်ကိုင်မှုတွေ ပိတ်ပင်သွားမှာပါ။ Tencent ပိုင် WeChat ကတော့ အမေရိကန်ကုမ္ပဏီတွေနဲ့ အရောင်းအဝယ်စကား မဆိုထားပေမယ့် Apple နဲ့ Google App Stores တွေကနေ ဖယ်ရှားခံရမှာ ဖြစ်ပါတယ်။

ဒီပိတ်ပင်မယ့် နောက်ဆုံးရက် မတိုင်ခင် Microsoft ဟာ စက်တင်ဘာ ၁၅ ရက်နောက်ဆုံးထားပြီး TikTok နဲ့ အရောင်းအဝယ်ကိစ္စကို အပြတ်ဖြတ်သွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က