မောင်းသူမဲ့ဆိုပေမယ့် လူတော့ လိုက်ပါရဦးမှာပါ
Nyein Min Wai

လာမယ့် ၂၀၂၀ နွေရာသီ တိုကျိုအိုလံပစ်ပွဲတော်အတွင်း Toyota ကားကုမ္ပဏီဟာ Levle 4 အဆင့် အလိုအလျောက်ယာဉ်တွေနဲ့ဝန်ဆောင်မှု ပေးသွားတော့မှာပါ။

Toyota ရဲ့ မောင်းသူမဲ့ ကားတွေဟာ မော်တော်ကားအင်ဂျင်နီယာအဖွဲ့အစည်းရဲ့ အသိအမှတ်ပြု Level 4 အဆင့် အလိုအလျောက် ယာဉ်တွေ ဖြစ်ပြီး Level 4 မောင်းသူမဲ့ကားတွေ ဖြစ်လို့နေရာနဲ့ရာသီဥတုမရွေး မောင်းနှင်မှုအားလုံးကို သူ့အလိုအလျောက် လုပ်နိုင်တဲ့ ကားတွေ ဖြစ်တယ်လို့The Verge သတင်းက ဖော်ပြထားပါတယ်။

Photo: PressFrom

အလိုအလျောက် မောင်းနှင်နိုင်တဲ့ ကားတွေ ဖြစ်ပေမယ့် ဒီကားတွေမှာ ယာဉ်မောင်း လုံးလုံး မသုံးတာတော့ မဟုတ်ပါဘူး။ ဂျပန်နိုင်ငံရဲ့ ဥပဒေအရ အလိုအလျောက်မောင်းယာဉ်တွေမှာ လိုအပ်သလို ထိန်းချုပ်ချိန်မှာ အသင့်ဖြစ်နေစေဖို့ယာဉ်မောင်းတစ်ယောက် အဆင်သင့် ထားပေးရမှာ ဖြစ်ပါတယ်။

Toyota ရဲ့ အလိုအလျောက်မောင်းကားဟာ Lexus LS500h ဆီဒင်ကားကို သုံးထားတာ ဖြစ်ပြီး Guardian နဲ့Chauffeur လို့ခေါ်တဲ့ အလိုအလျောက်စနစ် နှစ်မျိုးကို ပေါင်းသုံးထားတာပါ။ ဒီကားမှာ အရေးပေါ် ဘရိတ်စနစ်တွေ ၊ ရှေ့က ကားရဲ့ မြန်နှုန်းနဲ့အကွာအဝေးကို ဖတ်ရှုနိုင်တဲ့ ရေဒါလမ်းညွှန် စမတ်ထိန်းချုပ်မှုနဲ့လမ်းကြောင်း ထိန်းစနစ်တွေ ပါဝင်ပါတယ်။

Photo: The Verge


လာမယ့်နှစ် ဇူလိုင်ကနေ စက်တင်ဘာအတွင်းမှာ Toyota ဟာ တိုကျိုရဲ့ လူသူရှုပ်ထွေးတဲ့ အိုဒိုင်ဘာခရိုင်အတွင်းမှာ အလိုအလျောက် ယာဉ်တွေ ပြေးဆွဲဖို့စီစဉ်သွားမှာပါ။ ဒီအလိုအလျောက်ယာဉ်တွေ စီးနင်းလိုက်ပါလိုသူတွေဟာ Toyota ရဲ့ ဝက်ဘ်ဆိုက်မှာ စာရင်းပေးသွင်းထားရမှာ ဖြစ်ပြီး ကုမ္ပဏီဘက်က လူရွေးသွားမယ်လို့ဆိုပါတယ်။

Toyota ဟာ ပြီးခဲ့တဲ့နှစ်က Uber ရဲ့ အလိုအလျောက်မောင်းနှင်ရေး စီမံကိန်းမှာ ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှပ်နှံဖို့သဘောတူခဲ့ပါတယ်။ သဘောတူညီချက်အရ ဒီကုမ္ပဏီနှစ်ခုဟာ အလိုအလျောက်မောင်း ကားတွေ ဖွံ့ဖြိုးရေးမှာ အတူ လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။


က္က