ဧပြီ ၁၂ ရက် ဖောင်ပိတ်မှာပါ

     ဒူဘိုင်းမှာ ကျင်းပမယ့် FIRST Global Robotics Challenge ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအသင်းအနေနဲ့ဝင်ပြိုင်နိုင်ဖို့နိုင်ငံအဆင့် စက်ရုပ်ပြိုင်ပွဲတစ်ခု ကျင်းပသွားတော့မယ်လို့ဆိုပါတယ်။

         Myanmar RoboLeague စက်ရုပ်ပြိုင်ပွဲဟာ ဖန်တီးရာ Makerspace ကနေ ကြီးမှူးကျင်းပတဲ့ စက်ရုပ်ပြိုင်ပွဲဖြစ်ပြီး မြန်မာနိုင်ငံက နည်းပညာနဲ့ကွန်ပျူတာကျောင်းပေါင်း ၄၆ ကျောင်းမှ ကျောင်းသားကျောင်းသူတွေ ဝင်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ဖန်တီးရာ Makerspace အစီအစဉ်ကနေ ပြိုင်ပွဲဝင်များအတွက် လိုအပ်တဲ့ နည်းပညာ ၊ စက်ပစ္စည်း ကိရိယာများ ပံ့ပိုးပေးသွားမှာ ဖြစ်ပြီး ပြိုင်ပွဲဝင် ၂ မျိုး ၂ စားခွဲခြားထားပါတယ်။



Photo: FIRST Global

         ပထမအမျိုးအစား ပြိုင်ပွဲဝင်ဟာ ယှဉ်ပြိုင်သူ Participant အနေနဲ့ဝင်လို့ရပြီး ၂၀၀၀ ပြည့်နှစ် သြဂုတ်လနောက်ပိုင်း မွေးဖွားသူများ လျှောက်ထားနိုင်မှာပါ။ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ မတိုင်ခင် မွေးဖွားလာသူများဟာ နည်းပြ Mentor အနေနဲ့စာရင်းပေး လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ အသင်းအနေနဲ့တစ်သင်းကို Participant ၅ ဦးနဲ့Mentor ၁ ဦးနဲ့ဖွဲ့စည်းပြီး ပြိုင်ပွဲဝင် စက်ရုပ် တည်ဆောက်ရမှာပါ။

         Myanmar RoboLeague မှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့လျှောက်လွှာဖြည့်ပြီး ဉာဏ်စမ်းေတွေ ဖြေရမယ်လို့Myanmar RoboLeague ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့လျှောက်လွှာကို ဧပြီ ၁၂ ရက်နေ့မှာ နောက်ဆုံးထားပေးပို့ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ပြိုင်ပွဲအကြောင်း အသေးစိတ်သိချင်တယ်ဆိုရင်တော့ Myanmar RoboLeague ရဲ့ ဝက်ဘ်ဆိုက်မှာ သွားရောက် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

Photo: Phandeeyar

         မြန်မာနိုင်ငံမှ ကျောင်းသားများအဖွဲ့ဟာ ဖန်တီးရာရဲ့ ပံ့ပိုး ကူညီမှုနဲ့၂၀၁၇ ကစပြီး ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲကြီးဖြစ်တဲ့ FIRST Global စက်ရုပ်ပြိုင်ပွဲမှာ ဝင်ပြိုင်လာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၆၀ ကျော်က စက်ရုပ်အသင်းပေါင်း ၁၅၃ သင်း ပါဝင်တဲ့ ၂၀၁၇ ခုနှစ် FIRST Global Robotics Challenge မှာ မြန်မာနိုင်ငံကိုယ်စားပြု လူငယ်အသင်းမှ ပြိုင်ပွဲ ၆ ပွဲမှာ ၅ ပွဲနိုင် စုစုပေါင်း ၅၈၄ မှတ် ရခဲ့ပြီး ဆဌမချိတ်ခဲ့ပါတယ်။

         Myanmar RoboLeague ဟာ တစ်နိုင်ငံလုံးက နည်းပညာကျောင်းသားတွေ ဝင်ရောက်ယှဉ်ပြိုင်နိုင်မယ့် နိုင်ငံအဆင့် စက်ရုပ်ပြိုင်ပွဲကြီးဖြစ်ပြီး ဒီပွဲရဲ့ အနိုင်ရတဲ့ အသင်းဟာ ဒူဘိုင်းမှာ ကျင်းပမယ့် FIRST Global Robotics Challenge မှာ နိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က