အရင်က Explore Feeds လို ဖြစ်သွားမလား

     Facebook ဟာ ယုံကြည်ထိုက်တဲ့ အရည်အသွေးရှိ သတင်းဂျာနယ်လစ်တွေ ဝင်ငွေရစေမယ့် news tab တစ်ခု လုပ်ဆောင်နေတယ်လို့ကုမ္ပဏီရဲ့ CEO မတ်ခ်ဇူကာဘတ်ခ်က ပြောပါတယ်။

Photo: Neowin



         မတ်ခ်ဇူကာဘတ်ခ်ဟာ ဒီအကြောင်းကို ဂျာမန်သတင်းမီဒီယာ Axel Springer ရဲ့ ဥက္ကဌ မာသီးယပ်စ် ဒေါ့ဖ်နာနဲ့အနာဂါတ်နည်းပညာနဲ့လူ့အဖွဲ့အစည်းအကြောင်း ရုပ်သံစကားဝိုင်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ news tab အနေနဲ့ ပုံမှန် news feed ကနေ ခွဲထုတ်ပြီး တကယ့် professional media တွေက သတင်းတွေ ကြည့်ချင်တဲ့ သူတွေအတွက် product တစ်ခုအနေနဲ့လုပ်ဖို့သူ့အနေနဲ့စိတ်ဝင်စားတယ်လို့ပြောခဲ့တာပါ။

         "ကျွန်တော်တို့ကတော့ ဒီ (news page) မှာ အရည်အသွေးမြင့်မားပြီး ယုံကြည်ကိုးစားထိုက်တဲ့ သတင်းအချက်အလက်တွေ ပေးချင်ပါတယ်။" လို့ရုပ်သံစကားပြောခန်းမှာ ပြောထားပါတယ်။ ဒေါ့ဖ်နာနဲ့စကားပြောခန်းမှာ ဇူကာဘတ်ခ်အနေနဲ့သုံးစွဲသူတွေအတွက် သတင်းအကြောင်းအရာတွေ ပိုကြည့်လို့ရမယ့် feature တစ်ခု တည်ဆောက်ဖို့ပြောခဲ့သလို ကုမ္ပဏီအနေနဲ့လည်း အရည်အသွေးရှိတဲ့ သတင်းတွေ ဖြစ်ကြောင်း အတည်ပြုဖို့သတင်းမီဒီယာလုပ်ငန်းတွေနဲ့တိုက်ရိုက်ဆက်သွားမယ်လို့လည်း ပြောထားပါတယ်။

         Facebook အနေနဲ့သတင်းတိုက်တွေကို လိုင်စင်ကြေးပုံစံမျိုး ပေးသွားဖို့ရှိပြီး သတင်းဖတ်သူ Facebook users တွေကို ငွေကြေး ကောက်ခံသွားမယ် မသွားဘူးဆိုတဲ့ အချက်ကို ပြောမသွားခဲ့ပါဘူး။ ဇူကာဘတ်ခ်နဲ့ရင်းနှီးသူတစ်ဦးကတော့ news tab သစ်ဟာ သုံးစွဲသူများအတွက် အခမဲ့သုံးနိုင်မယ့် ဝန်ဆောင်မှု ဖြစ်မယ်လို့သုံးသပ်ထားပါတယ်။

Photo: Business Recorder

         "တစ်ချို့တွေက သတင်းကြည့်တဲ့ သူတွေဆီက သူတို့ရဲ့ ဝင်ငွေကို မြင့်အောင် လုပ်နေတာထက် ကျွန်တော်က အလွန်ကို ကွဲပြားတဲ့ အမြင်တစ်ခု ရှိပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ဒါမျိုး စဉ်းစားတာမလုပ်ဘူး" လို့ဇူကာဘတ်ကလည်း ပြောပါတယ်။ Facebook ဟာ ၂၀၁၇ နှစ်ကုန်ပိုင်းကတည်းက သီးသန့်News Feed တစ်ခု ထည့်သွင်းဖို့စဉ်းစားထားတာပါ။

         ဘိုလီဗီးယား ၊ ကမ္ဘောဒီးယား ၊ ဂွာတီမာလာ ၊ ဆားဗီးယား ၊ ဆလိုဗက်ကီးယားနဲ့သီရိလကာၤ ခြောက်နိုင်ငံမှာ Explore Feeds ဆိုပြီး သတင်းမီဒီယာနဲ့တစ်ခြားကုမ္ပ့ဏီတွေ ၊ ပွဲ events တွေအကြာင်း မိတ်ဆက်ပေးတဲ့ Facebook ရဲ့ News Feed သစ်ဟာ ၂၀၁၈ မတ်လမှာ ဖျက်သိမ်းခဲ့ပါတယ်။ ဖျက်သိမ်းရတဲ့အကြောင်းကတော့ သုံးစွဲသူတွေဘက်မှ လက်မခံခဲ့လို့ဖြစ်သလို ဒီ feature ကြောင့်လည်း မိသားစုဝင်များ ၊ မိတ်ဆွေများနဲ့တကယ်တမ်းမှာတော့ နီးစပ်မလာဘူးလို့လည်း Facebook ရဲ့ News Feed စစ်တမ်းမှာ ဖော်ပြထားပါတယ်။

         အမေရိကန်နည်းပညာကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Apple ဟာ မကြာသေးခင်က National Geographic နဲ့Rolling Stone အပါအဝင် မဂ္ဂဇင်းပေါင်း ၃၀၀ ကျော်ပါပြီး နာမည်ကြီး သတင်းဂျာနယ်တွေလည်း ဖတ်ရှုနိုင်မယ့် Apple News+ ဝန်ဆောင်မှုကို ကနေဒါနဲ့အမေရိကန်ဈေးကွက်မှာ မိတ်ဆက်ထားပြီး ဝန်ဆောင်ခအနေနဲ့တစ်လကို ၉.၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က