၁၀ နှစ် စီမံကိန်းနဲ့သွားမှာပါ
Nyein Min Wai

လူမှုကွန်ရက်ကုမ္ပဏီကြီးဖြစ်တဲ့ Facebook ဟာ ကယ်လီဖိုးနီးယားပြည်နယ် အိမ်ရာပြဿနာကို ဖြေရှင်းဖို့ဒေါ်လာ ၁ ဘီလျံထည့်ဝင်မယ်လို့ကတိပြုလိုက်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ဟာ နေထိုင်ရေးပြဿနာ ဆိုးဆိုးဝါးဝါး ကြုံနေရတဲ့ ပြည်နယ်တစ်ခုပါ။ အထူးသဖြင့် ကမ္ဘာကျော် နည်းပညာကော်ပိုရေးရှင်းကြီးတွေ အခြေစိုက်ရာလည်း ဖြစ်သလို လစာမြင့် နည်းပညာဝန်ထမ်းတွေ ဝင်ရောက်လာနေတဲ့ Bay Area မှာဆို ဒီပြဿနာဟာ ပိုပြီး အခြေအနေ ဆိုးနေပါတယ်။

Photo: CdrInfo


နည်းပညာလုပ်ငန်းစုကြီးတွေအနေနဲ့တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေမှာ ရင်းနှီးမြှပ်နှံမှုတွေ တာဝန်ယူမှုတွေ လုပ်နေကြတာ အဆန်းတော့ မဟုတ်ပါဘူး။ ဆီယက်တဲလ်မှာဆို Microsoft နဲ့Amazon တို့လည်း အလားတူ အစီအစဉ်တွေ ကြေညာထားပါတယ်။

မကြာသေးမီက Bay Area မှာ Google ဟာ ဆယ်နှစ်တာ ကြာမြင့်မယ့် တန်ဖိုးသင့် အိမ်ရာတည်ဆောက်ရေးမှာ ဒေါ်လာ ၁ ဘီလျံ အစီအစဉ်တစ်ခု ကြေညာထားပြီး အခုဆို Facebook လည်း ပါဝင်လာပြီ ဖြစ်ပါတယ်။

Facebook ရဲ့ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် ဒေးဗစ်ဝမ်နာရဲ့ blog post ထဲမှာ ကုမ္ပဏီအနေနဲ့တန်ဖိုးနည်းအိမ်ရာအစီအစဉ်အတွက် ဒေါ်လာ ၁ ဘီလျံ ချန်ထားတယ်လို့ကြေညာထားပါတယ်။ ဒီစီမံကိန်းဟာ အိမ်ရာသစ်ပေါင်း ၂ သောင်းအထိ ဖန်တီးပေးနိုင်မယ်လို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်။

Photo: MSN


ကယ်လီဖိုးနီးယားအခြေစိုက် Google နဲ့Facebook တို့ဟာ ဝန်ထမ်းအင်အား သောင်းဂဏန်းစီနဲ့လည်ပတ်နေတဲ့ နည်းပညာလုပ်ငန်းစုကြီးတွေပါ။ ဒီကုမ္ပဏီကြီးနှစ်ခုလုံးက ဝန်ထမ်းအများစုဟာ စာချုပ်နဲ့ခေါ်ငှားထားတဲ့ contract workers တွေ ဖြစ်ပြီး အတော်များများဟာ ဆီလီကွန်ဗယ်လီမှာ နေထိုင်ဖို့မတတ်နိုင်သူတွေနဲ့အလုပ်လုပ်ရာ နေရာနဲ့အတော်ကိုဝေးကွာတဲ့ တစ်ခြားမြို့တွေကနေ လာရောက်ရတာ ဖြစ်ပါတယ်။

Curbed က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ဆန်ဖရန်စစ္စကိုမှာ အိပ်ခန်းတစ်ခုပါ အလယ်အလတ်တန်း တိုက်ခန်းငှားခဟာ ၃၇၂၀ ဒေါ်လာအထိ ရှိတယ်လို့ဆိုပါတယ်။ မိသားစုတစ်ခု နေနိုင်တဲ့ အိမ်တစ်လုံးရဲ့ ပျမ်းမျှဈေးနှုန်းဟာ ဒေါ်လာ ၁.၇ သန်းထိ ရှိနေပါတယ။်


က္က