ထောင်ဒဏ်ငွေဒဏ် ၂ ရပ်ခံရမှာပါ
Nyein Min Wai

အွန်လိုင်းပေါ်မှ လှောင်ပြောင် သရော်သူများကို ထောင်ဒဏ် ၅ နှစ်နဲ့ဒဏ်ငွေ ဒေါ်လာ ၈ သိန်း (မြန်မာငွေ သိန်းပေါင်း ၁၂၀၀၀ ကျော်) ဒဏ်တပ်နိုင်မယ့် ဥပဒေကို ဆော်ဒီအာရေဗျမှာ စတင်လိုက်ပြီ ဖြစ်ပါတယ်။

  _103293481_mediaitem103288607.jpg

Photo: BBC

ဆိုက်ဘာရာဇဝတ်မှုဆန့်ကျင့်ရေး ဥပဒေအဖြစ် ပြဌာန်းထားတဲ့ ဒီဥပဒေဟာ ပြီးခဲ့တဲ့နှစ်ကစပြီး အစိုးရပေါ် ဝေဖန်မှုများကနေ ကာကွယ်ပေးထားတာပါ။ ဥပဒေအရ လူမှုကွန်ရက်ပေါ်ကနေ တည်ဆဲ ဥပဒေကို ဖောက်ဖျက်ရာ ရောက်ပြီး ဘာသာရေး တန်ဖိုးနဲ့ပြည်သူ့နီတိများကို လှောင်ပြောင်သူများကို ထောင်ဒဏ် ၊ ငွေဒဏ် နှစ်ရပ်စလုံး ချမှတ်နိုင်မှာ ဖြစ်ပါတယ်။

ပြည်သူ့ရေးရာအဖွဲ့အစည်းမှ ဒီသတိပေးကြေငြာချက်ကို Twitter မှာ ယခုတစ်ပတ် တနလာၤနေ့က ထုတ်ပြန်ခဲ့ပါတယ်။

"တည်ဆဲဥပဒေ ၊ ဘာသာရေး နဲ့ကျင့်ဝတ်ပိုင်း သတ်မှတ်ချက်တွေကို လူမှုကွန်ရက်ပေါ်ကနေ လှောင်ပြောင်ခြင်း ၊ ဖောက်ဖျက်ကျူးလွန်ခြင်း ဖြစ်စေမယ့် အကြောင်းအရာတွေ တင်သူဟာ ဆိုက်ဘာဥပဒေအရ အများဆုံး ထောင်ဒဏ် ၅ နှစ်နဲ့အတူ ဒဏ်ငွေ ရီရယ် ၃ သန်း (ဒေါ်လာ ၈ သိန်း) ပေးဆောင်ရစေမှာ ဖြစ်တယ်" လို့စက်တင်ဘာ ၃ ရက်နေ့က ကြေငြာခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်ကြောင့် ဆော်ဒီမှ လူမှုကွန်ရက်သုံးသူများဟာ အကြီးအကျယ် ဒုက္ခရောက်တော့မယ်လို့မှတ်ချက်ပေးနေကြပါတယ်။ ဆော်ဒီအာဏာပိုင်များဟာ ပြီးခဲ့တဲ့ နှစ်ကလည်း အမျိုးသမီးအခွင့်အရေး ၊ လူ့အခွင့်အရေးကာကွယ်သူများ ၊ ဘာသာရေးခေါင်းဆောင်များနဲ့ဉာဏပညာရှင်များကို ဒါဇင်နဲ့ချီပြီး ဖမ်းဆီးခဲ့တာပါ။

1cc42724-8db3-4ba7-af6d-3684cfa6eb6d_16x9_788x442.jpg

Photo: Al Arabiya

 

ဆော်ဒီအစိုးရဟာ နာမည်ကြီးလူမှုကွန်ရက်များ ဖြစ်တဲ့ WhatsApp ၊ Skype နဲ့Snapchat များကို ပိတ်ပင်ထားပါတယ်။ ဆော်ဒီအိမ်ရှေ့စံ မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်ဟာ အမျိုးသမီးယာဉ်မောင်းများပေါ် ပိတ်ပင်မှုနဲ့၃၅ နှစ်တာ ပိတ်ထားတဲ့ ရုပ်ရှင်ရုံ ပြန်ပြခွင့်ပေးခဲ့ပေမယ့် လူမှုကွန်ရက်မှာ ဝေဖန်ခံနေရဆဲ ဖြစ်တယ်လို့ဆိုပါတယ်။


က္က