ဗားရှင်း ၃ မျိုး မိတ်ဆက်ထားတာပါ

အမေရိကန်ဆိုင်ကယ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Lightning Motorcycle ကုမ္ပဏီဟာ မြန်မာငွေ ကျပ်သိန်း ၂၀၀ ဝန်းကျင်တန်ကနေ သိန်း ၃၀၀ ကျော်တန်တဲ့ အမိုက်စားလျှပ်စစ်ဆိုင်ကယ် ၃ မျိုးကို ကြေညာလိုက်ပါတယ်။

Photo: electrek



         ဆိုင်ကယ်သုံးမျိုးမှာ base version လို့ဆိုရမယ့် ဒေါ်လာ ၁၃၀၀၀ တန် Strike Standard ဟာ မြင်းကောင်ရေ ၉၀ အားရှိပြီး အမြန်ဆုံး တစ်နာရီ ၂၁၇ ကီလိုမီတာ (၁၃၅ မိုင်ခန့်) အထိ ပြေးပါတယ်။ 10KWh ဘက်ထရီပါပြီး Liquid cool အအေးခံလျှပ်စစ်မော်တာနဲ့လာတဲ့ ဒီဆိုင်ကယ်မှာ ညလုံးပေါက်အားသွင်းရတဲ့ 110V Level 1 နဲ့၃ နာရီအတွင်း အားအပြည့်သွင်းနိုင်တဲ့ J1772 Level 2 charger ဆိုပြီး နှစ်မျိုးနဲ့အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

         တကယ်လို့ဒီထက်အားသွင်းရပိုမြန်ချင်တယ်ဆိုရင်တော့ Lightning က ထုတ်ထားတဲ့ ဒေါ်လာ ၁၅၀၀ တန် Level 3 C fast charger လည်း သုံးနိုင်မှာပါ။ Level 3 DC Fast charger ကတော့ ၃၅ မိနစ်အတွင်း ဆိုင်ကယ်ကို အားအပြည့်သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ တစ်ခါအားသွင်းမယ်ဆိုရင် မြို့တွင်း မိုင် ၁၀၀ နဲ့အဝေးပြေးလမ်းပေါ်မှာ မိုင် ၇၀ အထိ သွားနိုင်မှာပါ။

         Lightning ရဲ့ နောက်ထပ် အလတ်စား လျှပ်စစ်ဆိုင်ကယ် Strike Mid Range ကတော့ ၁၆၉၉၈ ဒေါ်လာတန် ဆိုင်ကယ်ဖြစ်ပြီး 15kWh ဘက်ထရီနဲ့လာတာပါ။ မြို့တွင်းမြို့ပြင် တစ်နာရီ ၁၀၅ မိုင်ကနေ မိုင် ၁၅၀ အထိ မောင်းနှင်နိုင်မှာ ဖြစ်ပြီး အမြင့်ဆုံး အမြန်နှုန်း ၊ သုံးထားတဲ့ မြင်းကောင်ရေအားနဲ့အားသွင်းစနစ်တွေလည်း အတူတူပဲ ဖြစ်ပါတယ်။

         Carbon Edition ကတော့ အမြင့်ဆုံး ဗားရှင်းဖြစ်ပြီး ဒေါ်လာ ၂၀၀၀၀ တန် လျှပ်စစ်ဆိုင်ကယ် ဖြစ်ပါတယ်။ 20kWh ဘက်ထရီသုံးထားပြီး မြို့ပြင် မိုင် ၁၅၀ ၊ မြို့တွင်း မိုင် ၂၀၀ ကို တစ်ခါအားသွင်းတာနဲ့မောင်းနှင်နိုင်မယ်လို့ဆိုပါတယ်။ ၄၈၅ ပေါင် လေးလံပြီး မြင်ကောင်ရေအား ၁၂၀ သုံးထားတာပါ။ Carbon Edition ဆိုင်ကယ်ရဲ့ အမြန်ဆုံး top seep ကတော့ တစ်နာရီ မိုင် ၁၅၀ အထိ မောင်းနှင်နိုင်ပါတယ်။

Photo: rideapart

         ကမ္ဘာ့ဆိုင်ကယ်ကုမ္ပဏီကြီးတွေဟာ လျှပ်စစ်ဆိုင်ကယ်ဘက်ကို ဦးလှည့်လာနေပါတယ်။ မကြာသေးမီကလည်း ကမ္ဘာကျော် Harley-Davidson ဟာ ကုမ္ပဏီရဲ့ ပထမဆုံး လျှပ်စစ်ဆိုင်ကယ် LiveWire ကို မိတ်ဆက်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က