SPen နဲ့ကင်မရာက စိတ်လှူပ်ရှားစရာအကောင်းဆုံး ဖြစ်လာမလား
Nyein Min Wai

သြဂုတ်လ ၇ ရက်နေ့မိတ်ဆက်သွားမယ်လို့ကြေညာထားတဲ့ Galaxy Note 10 ဖုန်းသစ်တွေအကြောင်းတွေကတော့ စတင်ပြီး ပလူပျံလာပြီ ဖြစ်ပါတယ်။

        နယူးယော့က ဘာကလေစင်တာမှာ Samsung ဟာ ၂၀၁၉ အတွက် ဒုတိယမြောက် ပရီမီယံစီးရီးဖြစ်တဲ့ Galaxy Note 10 ကို မိတ်ဆက်ပြသသွားမှာပါ။ ဂျာမန်သတင်းဌာန WinFuture ဟာ Galaxy Note 10 မှာ သုံးသွားမယ့် ဒီဇိုင်းကို ချပြလိုက်ပြီ ဖြစ်ပါတယ်။  စမတ်ဖုန်းသတင်းမှာ စိတ်ချယုံကြည်ရတဲ့ Leaker ကြီး ကနေ ထွက်လာတဲ့ သတင်းဖြစ်လို့ယခုဒီဇိုင်းတွေဟာ Official ဒီဇိုင်းနဲ့ထပ်တူနီးပါး နီးစပ်မယ်လို့ယူဆရမှာပါ။


Photo: The Verge

        Galaxy Note 10 series သစ်အနေနဲ့ဒီနှစ်ထဲမှာ Samsung ဟာ Galaxy Note 10 ၊ Note 10 Plus နဲ့အတူ 5G ဗားရှင်းတစ်ခုကိုလည်း ကြေညာသွားဖို့ရှိပါတယ်။ လက်ရှိ ပေါက်ကြားလာတဲ့ ဒီဇိုင်းအရ Galaxy Note 10 တွေဟာ ဖုန်း Screen ရဲ့ အလယ်တည့်တည့် အပေါ်ထိပ်နားမှာ ဆယ်လ်ဖီကင်မရာတစ်လုံး သုံးထားပြီး ကျောဘက်မှာ ထောင်လိုက် triple lens ကင်မရာစနစ်နဲ့လာဖို့ရှိနေပါတယ်။

        ရှေ့ကင်မရာဟာ Samsung စတိုင် punch hole ကင်မရာဖြစ်ဖို့များပြီး display ပေါ် အုပ်ထားတဲ့ မှန်ဒီဇိုင်းဟာ ဘောင်ကွေး Curved Glass နဲ့လာမှာပါ။ ကွင့်ရဲ့ အဆိုအရ Galxy Note 10 ဟာ မျက်နှာပြင် ၆.၃ လက်မနဲ့လာပြီး Note 10 Pro ( or Plus) ကတော့ ၆.၇၅ လက်မနဲ့ထွက်လာဖို့ရှိနေပါတယ်။

        ပုံတွေကို ကြည့်လိုက်မယ်ဆိုရင် ဖုန်းဘယ်ဘက်မှာ ပါဝါနဲ့အသံတိုး/လျှော့ ခလုတ်တွေ ပါပြီး ညာဘက်မှာ Bixby ခလုတ်မတွေ့ရတော့ပါဘူး။ ပေါက်ကြားနေတဲ့ ဖုန်းကာလာဟာ Huawei ရဲ့ နာမည်ကျော် P30/P30 Pro lineup နဲ့ဆင်ပြီး headphone jack လည်း ဖြုတ်သွားမယ်လို့သတင်းတွေ ထွက်နေပါတယ်။

Photo: Wccftech

        Galaxy Note 10 5G ဟာ အနည်းဆုံး RAM 8GB ကနေ RAM 12GB အထိ သုံးသွားဖို့ရှိပြီး storage မှာလည်း အနည်းဆုံး 256GB ကနေ 1TB အထိ အမြင့်ဆုံး ပါလာဖို့ရှိနေပါတယ်။ Galaxy Note 10 ဟာ desktop /လက်ပ်တော့နဲ့memory stick လိုမျိုး ပုံစံမျိုးစုံနဲ့အလုပ်လုပ်နိုင်မယ့် ထုတ်ကုန်အဖြစ် မြင်ရဖို့ရှိပြီး SPen နဲ့ကင်မရာစွမ်းရည်ဟာ ဒီဖုန်းရဲ့ Selling point ဖြစ်လာဖို့ရှိပါတယ်။ 


က္က