အချိန်အကန့်အသတ်မရှိ ရုပ်သံခေါ်ဆိုနိုင်ပါတယ်

လူပေါင်း ၅၀ အထိ စုဝေးပြီး ရုပ်သံခေါ်ဆိုမှုလုပ်နိုင်မယ့် Facebook ရဲ့ Messenger Rooms feature သစ်ကို နေရာတိုင်းမှာ သုံးနိုင်ပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လက ကနဦး မိတ်ဆက်မှုအနေနဲ့ Messenger Rooms ကို နိုင်ငံအနည်းငယ်မှာပဲ အကန့်အသတ်နဲ့ ဖြန့်ချိခဲ့တာပါ။ Messenger Rooms ဟာ နာမည်ကြီး ရုပ်သံအစည်းအဝေးပလက်ဖောင်း Zoom လိုမျိုး ရုပ်သံစကားပြောနိုင်တဲ့ tool တစ်ခု ဖြစ်ပါတယ်။Rooms မှာလုပ်တဲ့ Video Chatting ဟာ Time Limit မရှိတာကြောင့် ကြိုက်သလောက် အချိန်ယူပြီး ပြောဆိုနိုင်မှာပါ။



Photo: news360world

Facebook အကောင့် မရှိသူတွေကိုလည်း Rooms အစည်းအဝေး လင့်ခ်ပို့ပြီး ဖိတ်ခေါ်နိုင်မှာ ဖြစ်ပါတယ်။ Rooms ထောင်ထားတဲ့ သူတစ်ယောက်ဟာ စကားဝိုင်းမှာ ပါဝင်စေချင်သူကို ရွေးဖိတ်နိုင်သလို အချိန်မရွေး ဖယ်ရှားနိုင်တဲ့ အခွင့်လည်း ရှိပါတယ်။ Rooms chat မှာ မပါစေချင်သူကိုလည်း lock လုပ်ပြီး လှမ်းပိတ်နိုင်မယ်လို့ ဆိုပါတယ်။

"သင့် Facebook အကောင့်ကနေတစ်ဆင့် Rooms ထဲ သုံးတာပဲ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် ဧည့်သည်တစ်ယောက်အနေနဲ့ပဲ Join နေတာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ကတော့ သင်တို့ရဲ့ အသံနဲ့ ရုပ်သံခေါ်ဆိုမှုတွေကို နားထောင်နေမှာ မဟုတ်ပါဘူး" လို့ Facebook က ပြောပါတယ်။

Facebook အနေနဲ့ လာမယ့်လတွေမှာ Messenger Rooms မှာ features တွေ ထပ်တိုးသွားမယ်လို့လည်း ဆိုပါတယ်။ Messenger Rooms features ဟာ COVID-19 ကာလ ရုပ်သံခေါ်ဆိုမှုများ မြင့်တက်လာချိန်မှာ မိတ်ဆက်လိုက်တဲ့ feature တစ်ခု ဖြစ်ပါတယ်။ ဒီ feature ကို သုံးမယ်ဆိုရင်တော့ Facebook နဲ့ Messenger latest version ဖြစ်ဖို့ လိုပါတယ်။




Messenger app ကို နှိပ်ပြီး အောက်ခြေညာဘက်မှာ ရှိတဲ့ People tab ထဲ ဝင်ပြီး Create a Room ကို နှိပ်ရမှာပါ။ ပြီးရင်တော့ ကိုယ့်ရဲ့ အစည်းအဝေးခန်း Room မှာ ပါစေချင်သူတွေကို ရွေးချယ် ဖိတ်ကြားနိုင်မှာပါ။ Facebook အကောင့် မရှိသူတွေကို Room ထဲ ဝင်ဖို့ဖိတ်ချင်ရင်တော့ ကိုယ့် Room ရဲ့ link ကို လှမ်းပို့ပြီး ဖိတ်နိုင်ပါတယ်။ 

Messenger Rooms ကို ဖုန်းနဲ့ရော ကွန်ပျူတာနဲ့ပါ အသုံးပြုနိုင်ပြီး Room ကိုလည်း ကိုယ့်ရဲ့ News Feed ၊ Groups နဲ့ Event တွေမှာ ပြန် Share နိုင်မှာ ဖြစ်ပါတယ်။ Facebook ဟာ မကြာသေးခင်ကလည်း standalone Messenger desktop app တစ်ခု မိတ်ဆက်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က