ဇူကာဘတ်ခ်ကို တရားစွဲသွားဖို့ရှိပါတယ်။
Nyein Min Wai

တစ်ရက်တည်းနဲ့Facebook ရဲ့ ရှယ်ယာ ၂၁% ခန့်ထိုးကျပြီး အဆိုးဝါးဆုံးကာလကို မတ်ခ်ဇူကာဘတ် ဖြတ်သန်းနေရပြီလို့ဆိုပါတယ်။

gettyimages-953382998.jpg

photo: Observer

 

ဒေါ်လာ ဘီလျံ ၅၀၀ နီးပါးတန်တဲ့ ဒီကုမ္ပဏီဟာ ၂၀၁၈ ဒုတိယသုံးလပတ်အတွင်း ဒေါ်လာဘီလျံ ၁၂၀ ကျော် အရှုံးပြသွားခဲ့ပြီး အနောက်ဥရောပမှာလည်း နေ့စဉ်နဲ့လစဉ် သုံးစွဲသူ ဦးရေ ကျသထက် ကျဆင်းလာနေတာပါ။ ဒီဖြစ်ရပ်ဟာ ကုမ္ပဏီရဲ့ CEO နဲ့တည်ထောင်သူ မတ်ခ်ဇူကာဘတ်ခ်အပေါ် အကြီးအကျယ် သက်ရောက်ခဲ့ပါတယ်။

မကြာသေးမီကပဲ ကမ္ဘာ့တတိယအချမ်းသာဆုံး ပုဂ္ဂိုလ်နေရာမှာ ရပ်တည်ခဲ့တဲ့ မတ်ခ်ဇူကာဘတ်ခ်ဟာ ကုမ္ပဏီ ရှယ်ယာများ ထိုးကျလာပြီးနောက်မှာတော့ ဒေါ်လာ ၇၀.၆ ဘီလျံနဲ့ကမ္ဘာ့ ၆ ဦးမြောက် အချမ်းသာဆုံး နေရာကို ဆင်းသွားခဲ့တာပါ။ ဇူလိုင်လလယ်က Bloomberg Billionaires Index မှာ Facebook တည်ထောင်သူနဲ့CEO မတ်ဇူကာဘတ်ခ်ဟာ အသားတင် ဒေါ်လာ ၈၁.၆ ဘီလျံ ကြွယ်ဝသူအဖြစ် ဖော်ပြခဲ့ပါတယ်။

မတ်ခ်ဇူကာဘတ်ရဲ့ ချမ်းသာကြွယ်ဝမှုထဲက ၉၇% ခန့်ဟာ Facebook စတော့ ရှယ်ယာများပေါ် မူတည်နေတာပါ။ ကမ္ဘာ့ငါးခုမြောက် တန်ဖိုးအကြီးဆုံး အများပိုင်ကုမ္ပဏီ Facebook ကိုပူးတွဲ တည်ထောင်သူများထဲမှ ဒပ်စတင် မော့စ်ကို ဗစ်နဲ့အက်ဒူရာဒို ဆာဗာနင်တို့လည်း ဒေါ်လာ ၃.၉ ဘီလျံနဲ့၂.၂ ဘီလျံ အထိ ဆုံးရှုံးသွားခဲ့ပြီး ကုမ္ပဏီရဲ့ COO ဖြစ်သူ ရှားလ်ဆန်းဒဘာ့ဂျ်ကတော့ ကန်ဒေါ်လာ သန်း ၁၀၀ ဆုံးရှုံးသွားတာပါ။

လက်ရှိမှာ Facebook ရဲ့ အရေးပါဆုံး ဥရောပဈေးကွက်အတွင်း နေ့စဉ် သုံးစွဲသူ ဦးရေဟာ ၂၈၂ သန်းကနေ ၂၇၉ သန်းကို ကျဆင်းသွားခဲ့ပြီး လစဉ်သုံးစွဲသူပမာဏဟာ ပြီးခဲ့တဲ့ ပထမ  ၃လပတ်ထက် တိုးတက်မှုနှုန်း ထက်ဝက်ကို ကျဆင်းလာနေတာပါ။ ဒါဟာ နှစ်ဆန်းပိုင်းက စတင်ဖြစ်ပွားလာခဲ့တဲ့ အချက်အလက် ပေါက်ကြားမှု ၊ News Feed အပြောင်းအလဲ နဲ့မူဝါဒသစ်များကြောင့် ဖြစ်ပြီး Facebook အပြင် Twitter မှာလည်း သုံးစွဲသူ သန်းဆယ်ဂဏန်းချီပြီး ကျဆင်းနေပါတယ်။

E0426A6E-24FA-41B5-88E5-1EBEA13F856C_w1023_r1_s.jpg

photo: VOA News

 

ကုမ္ပဏီသမိုင်းတစ်လျှောက် အဆိုးဝါးဆုံး ရှယ်ယာဈေး ထိုးကျမှု ဖြစ်ပြီးနောက် ရှယ်ယာရှင်များမှ Facebook Inc ကို ပထမဆုံးအကြိမ် တရားစွဲဖို့လည်း ကြိုးစားလာနေပါတယ်။ ဖက်ထရယ်လုံခြုံရေး ဥပဒေများ ချိုးဖောက်မှု ၊ တရားတဘောင်ကိစ္စများနဲ့အခြား ဆုံးရှုံးနစ်နာမှုများစုပေါင်းပြီး မတ်ခ်ဇူကာဘတ်ကို တရားစွဲသွားမယ့် အမှုတွဲများလည်း ရှိလာနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က