Apple TV Plus ၊ Disney Plus တို့နဲ့ယှဉ်ပြိုင်သွားတော့မှာပါ
Nyein Min Wai

ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းအော်ပရေတာတွေထဲက တစ်ခုဖြစ်တဲ့ AT&T ပိုင် WarnerMedia Entertainment ဟာ HBO Max နာမည်နဲ့ရုပ်သံဗွီဒီယို streaming ဝန်ဆောင်မှုသစ်ကို မိတ်ဆက်လိုက်ပါတယ်။

လာမယ့်နှစ် မေလထဲ အမေရိကန်ပြည်ထောင်စုမှာ စတင်ဖြန့်ချိသွားမယ့် HBO Max ဝန်ဆောင်မှုဟာ လက်ရှိ streaming ပလက်ဖောင်းတွေထဲမှာ ဈေးအကြီးဆုံးလို့ဆိုနိုင်ပါတယ်။ Apple ရဲ့ TV streaming ဝန်ဆောင်မှုဖြစ်တဲ့ Apple TV Plus ဟာ တစ်လ ၅ ဒေါ်လာ ၊ Disney Plus ဟာ ၇ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Photo: The Verge


HBO Max ဟာ HBO ရဲ့ တစ်ခြား streaming ဝန်ဆောင်မှုဖြစ်တဲ့ HBO Now လိုပဲ လစဉ်ကြေး ၁၄.၉၉ ဒေါ်လာ ကောက်ခံသွားမယ်လို့The Verge သတင်းက ဖော်ပြထားပါတယ်။ HBO Max ဝန်ဆောင်မှု မိတ်ဆက်ပွဲကို ကယ်လီဖိုးနီးယားပြည်နယ် ဘားဘင့်ခ်မှာ ပြုလုုပ်ခဲ့ပြီး HBO Now subscribe လုပ်ထားသူတွေနဲ့AT&T ကနေ ပုံမှန် TV package ပေးသူတွေဟာ ဒီဝန်ဆောင်မှုကို အခမဲ့ အသုံးပြုနိုင်မယ်လို့ဆိုပါတယ်။

ကုမ္ပဏီအနေနဲ့လာမယ့် ၃ နှစ်ကျော်အတွင်း HBO Max ဝန်ဆောင်မှုဖွံ့ဖြိုးရေးအတွက် ဒေါ်လာ ၄ ဘီလျံ အသုံးပြုသွားမယ်လို့ဆိုပါတယ်။ ဝင်ငွေအနေနဲ့လစဉ်ကြေးသွင်းခ ၊ ရုပ်သံကြော်ငြာတွေကနေ လာမယ့် ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ၅ ဘီလျံ အထိဝင်ဖို့လည်း မျှော်မှန်းထားတယ်လို့လည်း ထုတ်ပြန်ပါတယ်။ HBO Max ကို တစ်နှစ်ခန့် ကြော်ငြာမပါတဲ့ ad-free ဗားရှင်းအဖြစ် မိတ်ဆက်မှာ ဖြစ်ပြီး လာမယ့် ၂၀၂၁ ခုနှစ်မှာ ကြော်ငြာတွေ ထည့်သွင်းသွားမယ်လို့WarnerMedia CEO ဂျွန်စတန်ကီက ဆိုပါတယ်။

Photo: Tom's Guide


HBO Max အနေနဲ့ရုပ်ရှင် ၊ ဇာတ်လမ်းတွဲနဲ့တီဗွီရှိုးတွေအပါအဝင် နာရီ ၁ သောင်းခန့်ကြာမြင့်မယ့် contents တွေနဲ့စတင်သွားမှာပါ။ ၂၀၂၅ ခုနှစ်မှာ HBO Max ဝန်ဆောင်မှုကို စာရင်းသွင်းကြည့်ရှုသူ ၇၅ သန်းကနေ သန်း ၉၀ အကြား ရှိလာဖို့လည်း မျှော်လင့်ထားပါတယ်။ ဒီဝန်ဆောင်မှုကို စပြီး မိတ်ဆက်တဲ့ ပထမဆုံးနှစ်မှာ သီးသန့်အစီအစဉ် ၃၁ ခု ပါမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာတော့ HBO Max ဟာ ဇာတ်လမ်းတွဲပေါင်း ၅၀ အထိ တင်ဆက်သွားဖို့လုပ်ဆောင်ထားပါတယ်။

HBO Max ဝန်ဆောင်မှုဟာ HBO ရဲ့ ရုပ်သံအစီအစဉ်အားလုံး ပါဝင်သလို WarnerMedia မိသားစုဝင် ရုပ်သံလိုင်းတွေဖြစ်တဲ့ Warner Bros ၊ New Line ၊ DC Entertainment ၊ CNN ၊ TNT ၊ TBS ၊ truTV ၊ Turner Classic Movies ၊ Cartnoon Network ၊ Adult Swim ၊ Crunchyroll ၊ Rooster Teeth နဲ့Looney Tunes တို့မှ ရုပ်သံဇာတ်လမ်းတွေပါ တင်ဆက်သွားမယ်လို့ဆိုပါတယ်။

အစီအစဉ်အားလုံးရဲ့ ထက်ဝက်ဟာ လူငယ်ပရိတ်သတ်တွေကို ပစ်မှတ်ထားတာ ဖြစ်ပြီး ကျန်တစ်ဝက်ဟာ မိသားစုဖျော်ဖြေရေးနဲ့အရွယ်ရောက်သူတွေအတွက် ရည်ရွယ်ထားတဲ့ ရုပ်သံစီးရီးတွေ ဖြစ်ပါတယ်။


က္က