Honor of Kings က ဒုတိယဝင်ငွေအကောင်းဆုံးဂိမ်း ဖြစ်ခဲ့ပါတယ်

COVID-19 ကြောင့် စီးပွား‌‌‌ရေး လုပ်ငန်းအတော်များများ ထိခိုက်ဆုံးရှုံးမှုတွေ ရှိခဲ့ပေမယ့် ဂိမ်းဈေးကွက်ကတော့ အရင်နှစ်ကထက် ပိုပြီး အမြတ်အစွန်းတွေ ရနေပါတယ်။

ကပ်ဘေးကာလအတွင်း ကမ္ဘာအရပ်ရပ်မှာ အိမ်တွင်းအောင်းသူတွေ များလာပြီးနောက် Streaming နဲ့ ဂိမ်းဖျော်ဖြေရေး သုံးစွဲမှု မြင့်တက်လာခဲ့ပါတယ်။ အထူးသဖြင့် မိုဘိုင်းလ်ဂိမ်းကစားသူ မြင့်တက်လာခဲ့ပြီး ဂိမ်းပေါ်မှာ ငွေကြေးသုံးစွဲမှုလည်း များပြားလာပါတယ်။ PUBG Mobile ကတော့ ပြီးခဲ့တဲ့ မေလထဲမှာ ဝင်ငွေ ဒေါ်လာ ၂၂၆ သန်းကျော် ဝင်ခဲ့ပြီး ဝင်ငွေအမြင့်ဆုံး မိုဘိုင်းလ်ဂိမ်းဖြစ်ခဲ့ပါတယ်။




တရုတ်မှာ Peacekeeper Elite နာမည်နဲ့ Tencent ကနေ ဖြန့်ချိနေတဲ့ PUBG Mobile ဟာ စတင် ထွက်ရှိတဲ့ ၂၀၁၈ ခုနှစ်ကတည်းက လူကြိုက်များခဲ့တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ အခမဲ့ကစားနိုင်တဲ့ Battle Royale ဂိမ်းဖြစ်ပြီး in-app ဝယ်ယူမှုနဲ့ ဝင်ငွေရရှိနေတာပါ။ Sensor Tower ရဲ့ အချက်အလက်အရ PUBG Mobile ဝင်ငွေဟာ မေလတစ်လအတွင်းမှာ ဒေါ်လာ ၂၂၆ သန်းကျော်ခဲ့ပြီး တစ်လတာရဲ့ ဝင်ငွေအကောင်းဆုံး ဂိမ်းအဖြစ် ရပ်တည်ခဲ့တယ်လို့ ဆိုပါတယ်။

PUBG Mobile ရဲ့ နှစ်အလိုက် ဝင်ငွေဟာ ၄၁% ကျော်ခဲ့တာလည်း ဖြစ်ပါတယ်။ PUBG Mobile ဂိမ်းအတွင်း ပစ္စည်းဝယ်ယူမှုအများဆုံး နိုင်ငံဟာ တရုတ်နိုင်ငံဖြစ်ပြီး in-app ဝယ်ယူမှုအားလုံးရဲ့ ၅၃% ရှိတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ နောက်မှာ အမေရိကန်မှ ၁၀.၂% ၊ ဆော်ဒီအာရေဗျမှ ၅.၅% စီ ရှိပါတယ်။ ဝင်ငွေဒုတိယအများဆုံး ဂိမ်းဟာ Tencent ပိုင် Honor of Kings ဖြစ်ပြီး ကုမ္ပဏီအတွက် ဒေါ်လာ ၂၀၄.၅ သန်း ရှာပေးခဲ့ပါတယ်။


Photo: Gizmochina

Honor of Kings ဝင်ငွေအားလုံးရဲ့ ၉၅% ဟာ တရုတ်မှ ဖြစ်ပြီး ထိုင်းမှ ၂.၂% ဝင်တာ ဖြစ်ပါတယ်။ ထိုင်းမှာတော့ Honor of Kings ကို Gerena Realm of Valor လို့ ခေါ်ကြပါတယ်။ Honor of Kings ရဲ့ မေလဝင်ငွေဟာ နှစ်အလိုက် ဝင်ငွေ ၄၂% တိုးလာတာလည်း ဖြစ်ပါတယ်။ ဝင်ငွေအများဆုံး ဂိမ်းတွေထဲမှာ Roblox ၊ Monster Strike ၊ Coin Master တို့လည်း ပါဝင်နေပါတယ်။

Niantic မှ ရေးဆွဲထားတဲ့ Pokemon GO ရဲ့ မေလအတွင်း ဝင်ငွေဟာ ၂၀၁၉ စက်တင်ဘာနောက်ပိုင်း ဒေါ်လာ ၈၂.၂ သန်းနဲ့ ဝင်ငွေအမြင့်ဆုံး စံချိန်တင်ခဲ့တယ်လို့ ဆိုပါတယ်။ Pokemon GO developer တွေဟာ အိမ်ထဲမှာနေပြီး ပိုကီမွန်ဖမ်းနိုင်မယ့် content သစ်လည်း ထပ်ဖြည့်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က