Google ဝန်ဆောင်မှု မရပေမယ့် တရုတ်ဈေးကွက်ကတော့ အားပေးနေဆဲပါ
Nyein Min Wai

Online registration ဖွင့်ပြီး ၁၀ ရက်အကြာမှာတော့ Huawei ရဲ့ 5G ဖုန်းသစ်တွေဖြစ်တဲ့ Mate 30 5G နဲ့Mate 30 Pro 5G တို့ကို တရုတ်ဈေးကွက်မှာ စတင်ရောင်းချခဲ့ပါတယ်။


Huawei Mate 30 5G နဲ့Mate 30 Pro 5G တို့ဟာ ဈေးကွက်တင်ရောင်းချတဲ့ ပထမဆုံး တစ်မိနစ်အတွင်း စုစုပေါင်း အလုံးရေ ၁ သိန်း ရောင်းအားရှိခဲ့တယ်လို့ကုမ္ပဏီဘက်က ထုတ်ပြန်ပါတယ်။ Huawei Mate 30 5G မော်ဒယ်ကို ၄၉၉၉ ယွမ် ဈေးနဲ့ရောင်းချခဲ့တာဖြစ်လို့ဒီဖုန်းတွေ စတင်ရောင်းချတဲ့ ၁ မိနစ်အတွင်း Huawei ဟာ အနည်းဆုံး ယွမ် သန်း ၅၀၀ ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ပြောနိုင်ပါတယ်။


Photo: phonandroid

Pro မော်ဒယ် Mate 30 Pro 5G ကတော့ ၆၈၉၉ ယွမ် ဖြစ်ပြီး 5G ဖုန်းတစ်လုံးအနေနဲ့အတော်လေး သက်သာတဲ့ ဈေးနဲ့ရောင်းချသွားတာပါ။ Huawei Mate 30 5G နဲ့Hawei Mate 30 Pro 5G တို့ဟာ 5G modem ပါဝင်တဲ့ Kirin 990 chipset သုံးထားပြီး 40W fast charging နဲ့27W Wireless charging ပံ့ပိုးမှု ပေးထားတဲ့ 4200mAh နဲ့4500mAh ဘက်ထရီတွေနဲ့ထွက်ထားတာ ဖြစ်ပါတယ်။

5G ဗားရှင်း Huawei Mate 30 နဲ့Mate 30 Pro တို့ကို နောက်တစ်ကြိမ် လာမယ့် နိုဝင်ဘာ ၅ ရက် တရုတ်ဈေးကွက်မှာ ရောင်းချသွားမယ်လို့ India Today က ဆိုပါတယ်။ ဒီဖုန်းတွေဟာ နိုင်ငံတကာဈေးကွက်ထဲတော့ ရောက်မလာသေးပါဘူး။



Photo: GSMArena

Huawei ဟာ အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့အရေးယူခံရမှုတွေကြောင့် နောက်ဆုံးထွက် Huawei Mate 30 စီးရီးမှာ Google apps နဲ့services တွေ တရားဝင် ပါမလာတော့ပါဘူး။ Google ဝန်ဆောင်မှု သုံးမရတာဟာ တရုတ်မှာ ပြဿနာ မရှိတာကြောင့် Huawei Mate 30 စီးရီးဟာ တရုတ်ဈေးကွက်မှာ ရောင်းအားကောင်းနေတာပါ။

စက်တင်ဘာ ၂၆ ရက်နေ့က စတင်ရောင်းချထားတဲ့ ရိုးရိုး 4G ဗားရှင်း Huawei Mate 30 နဲ့Mate 30 Pro တို့ဟာ အလုံးရေ ၁ သန်းကျော် ရောင်းချခဲ့ပြီး ဖြစ်တယ်လို့ပြီးခဲ့တဲ့ လဆန်းပိုင်းက Huawei မှ ထုတ်ပြန်ထားပါတယ်။ Huawei ဟာ ဒီနှစ်ထဲမှာ Mate 30 ဖုန်းအလုံးရေ သန်း ၂၀ ရောင်းချနိုင်ဖို့မျှော်လင့်ထားပါတယ်။


က္က