All-Cloud သွားဖို့ ရှိပါတယ်

အိုင်တီမန်နေဂျာ ၁၂၀၀ ကျော်ကို လေ့လာခဲ့တဲ့ စစ်တမ်းတစ်ခုအရ လာမယ့်နှစ်အတွင်း စီးပွားရေးလုပ်ငန်းစုကြီး ၄ ခုမှာ ၁ ခုဟာ သူတို့ရဲ့ အက်ပလီကေးရှင်းအားလုံးကို Cloud ပေါ် ပြောင်းရွှေ့လာမယ်လို့ ဆိုပါတယ်။

ဒီစစ်တမ်းဟာ COVID-19 ကြောင့် ကမ္ဘာ့စီးပွားရေး ထိခိုက်မှု မဖြစ်ခင်ကတည်းက လုပ်ဆောင်ခဲ့တဲ့ စစ်တမ်း ဖြစ်ပါတယ်။ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း O'Reilly Media ဟာ အိုင်တီမန်နေဂျာပေါင်း ၁၂၈၃ ဦးကို စစ်တမ်းတစ်ခု လုပ်ခဲ့ပါတယ်။ လေ့လာမှုအရ ဝန်ထမ်း ၁၀၀၀၀ ကျော် ရှိတဲ့ အဖွဲ့အစည်းကြီးတွေထဲက ဖြေဆိုသူ အိုင်တီမန်နေဂျာတွေရဲ့ ၁၇% ဟာ သူတို့ရဲ့ application အားလုံးကို Cloud ပေါ် ရွှေ့ပြောင်းထားတယ်လို့ ဆိုပါတယ်။



Photo: davewentzel


အဖွဲ့အစည်း ၁၀ ခုမှာ ၉ ခုကျော်ဟာ cloud အခြေပြု အခြေခံအဖွဲ့အစည်းသုံးစွဲမှု မြင့်တက်လာတယ်လို့လည်း စစ်တမ်းက ဖော်ပြထားပါတယ်။ စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ ၂၅%ဟာ Cloud ပေါ် အားလုံးပြောင်းသွားမှာ ဖြစ်ပြီး သုံးပုံနှစ်ပုံကျော် ၆၇%ကျော်ဟာ သူတို့ဝန်ဆောင်မှုတွေ ရဲ့ ၅၀%ကျော်ကို Cloud ပေါ် ပြောင်းသွားမယ်လို့ ဆိုပါတယ်။

O'Reilly စစ်တမ်းဟာ microservices များ ၊ site reliability engineering နဲ့ serverless computing ပိုင်း ကူးပြောင်းမှုကိုလည်း ဖော်ထုတ်ခဲ့ပါတယ်။ စစ်တမ်းမှာ ဖြေဆိုခဲ့သူတွေရဲ့ ၅၂%ကျော်ဟာ ဆော့ဖ်ဝဲလ်ဖွံ့ဖြိုးရေးအတွက် microservices concepts များ ၊ tools နဲ့ နည်းလမ်းများ သုံးနေတယ်လို့ ဖြေဆိုနေပါတယ်။ သုံးနှစ်မပြည့်ခင်မှာ အဖွဲ့အစည်း ၁၀ ခုမှာ ၇ ခုဟာ microservices များ သုံးလာမယ်လို့ ဆိုပါတယ်။ 

အဖွဲ့အစည်းတွေရဲ့ ၅၄%ဟာ cloud provider အများအပြားကို အသုံးပြုပြီး Cloud စီးပွားရေးပိုင်းမှာ Amazon Web Services ဟာ ဈေးကွက်ရဲ့ ၆၇% ကျော် ၊ Microsoft Azure ဟာ ၄၈% နဲ့ Google Cloud Platform ဟာ ၃၂% ကျော် ရှိနေပါတယ်။ ကမ္ဘာ့စတုတ္ထအကြီးဆုံး Cloud Service Provider ဖြစ်တဲ့ Alibaba ဟာလည်း ပြီးခဲ့တဲ့ ဧပြီလထဲမှာ Cloud စီးပွားရေးအတွက် သုံးနှစ်အတွင်း ယွမ်ဘီလျံ ၂၀၀ ရင်းနှီးမြှပ်နှံသွားမယ်လို့ ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က