တစ်နှစ်အတွင်း ဖုန်းမှန်ကွဲလျှင် တစ်ကြိမ် အခမဲ့လဲလှယ်ပေးမည့် အာမခံအကြောင်းကို ထပ်မံမိတ်ဆက် လိုက်ပါတယ်။
Phyo Min Thant

မြန်မာနိုင်ငံကို အကြီးဆုံး Battery 6000mAh ပါဝင်သော Pouvoir 4 Pro ကို ယူဆောင် မိတ်ဆက်ခဲ့သော TECNO Mobile ဟာ ဝယ်ယူသုံးစွဲသူများအတွက် “'365 days broken screen protection” ဆိုသည့် တစ်နှစ်အတွင်း ဖုန်းမှန်ကွဲလျှင် တစ်ကြိမ် အခမဲ့လဲလှယ်ပေးမည့် အာမခံအကြောင်းကို ထပ်မံမိတ်ဆက် လိုက်ပါတယ်။

တစ်နှစ်အတွင်း ဖုန်းမှန်ကွဲလျှင် တစ်ကြိမ် အခမဲ့လဲလှယ်ပေးမည့် အာမခံကြောင့် သုံးစွဲသူများသည် TECNO ဖုန်းများကို ဝယ်ယူပြီးသည့် နောက်ပိုင်းတွင်လည်း ပိုမို စိတ်ကျေနပ်ဖွယ်ကောင်းသော after-sales service ကို ခံစားရမှာဖြစ်ပါတယ်။ ထိုအာမခံချက်ဟာ TECNO၏ SPARK4, SPARK4 Lite, Pouvoir 4, Pouvoir 4 Pro နှင့် SPARK5 Pro စမတ်ဖုန်းများအတွက် အကျုံးဝင်မှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့က သုံးစွဲသူများကို တစ်နှစ်အတွင်း ဖုန်းမှန်ကွဲလျှင် တစ်ကြိမ် အခမဲ့လဲလှယ်ပေးမည့် အာမခံကြောင့် ကျွန်တော်တို့ TECNO အမှတ်တံဆိပ်ပေါ်တွင် ပိုမို ယုံကြည်စိတ်ချလာစေရန် ရည်ရွယ်ပါသည်။ထို့အပြင် မြန်မာနိုင်ငံသားများ၏ TECNO အမှတ်တံဆိပ်ကို တခဲနက်ချစ်ခင်မှုကို မေတ္တာတုံ့ပြန်ချင်သောကြောင့်လည်း ဒီအာမခံကို ထပ်မံပေးအပ်ရခြင်း ဖြစ်ပါသည်” လို့ Myanmar Country Managerဖြစ်သူ Mr. Jason Wang ကပြောကြားခဲ့ပါတယ်။

“ယခင်နှစ်ထက် ယခုနှစ်ပိုင်းတွင် ရောင်းအား သိသာစွာ တိုးတက်လာပြီး နောက်ပိုင်းတွင်လည်း သုံးစွဲသူများအတွက် အံ့အားသင့်ဖွယ် သင့်တင့်သောဈေးနှုန်းနှင့် အရည်အသွေးမြင့်သော Smartphone များကို ထမ်မံယူဆောင်လာပါဉီးပါမည်” လို့ လည်း Mr. Jason Wang ကတဆက်တည်းပြောကြားခဲ့ပါတယ်။


ပိုမိုသိရှိလိုပါက >>> https://www.facebook.com/TECNOMobileMyanmar/

(ဒီသတင်းကို TECNO Mobile Myanmar မှပံ့ပိုးကူညီထားပါတယ်)


Author


က္က