အောင်မြင်မှုအမြန်ဆုံး brand အဖြစ် ရပ်တည်နေပါတယ်

ဈေးကွက်ထဲ ရောက်တာ ၂ နှစ်ပဲ ရှိသေးပေမယ့် Realme ဟာ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း ၁၀ ဦးစာရင်းမှာ အဆင့် ၇ နေရာကို တက်လာခဲ့ပြီ ဖြစ်ပါတယ်။

Realme ဟာ အချိန်တိုအတွင်း အောင်မြင်မှု အမြန်ဆုံး စမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်ပါတယ်။ နိုင်ငံနဲ့ ဒေသပေါင်း ၆၁ နေရာမှာ ဈေးကွက်ဝင်ထားတဲ့ Realme ဟာ ၂၀၂၀ ပပထမသုံးလပတ်အတွင်း အိန္ဒိယမှာ ဈေးကွက်ဝေစု ၁၄% ရခဲ့တယ်လို့ Gobal Times သတင်းက ဆိုပါတယ်။



Photo: Business Times

ဈေးကွက်ဝေစုအနေနဲ့ အရင်နှစ်ကထက် ၂ ဆနီးပါး မြင့်တက်လာတာ ဖြစ်ပါတယ်။ အိန္ဒိယဈေးကွက်အတွင်း စမတ်ဖုန်းတင်ပို့မှုဟာ ပြီးခဲ့တဲ့ ပထမသုံးလပတ်အတွင်း နှစ်အလိုက် ရောင်းအား ၁၁၉% မြင့်တက်လာနေပါတယ်။ Counterpoint အချက်အလက်များအရ ပထမ ၃ လပတ်အတွင်း Xiaomi ဟာ အိန္ဒိယဈေးကွက်မှာ ဈေးကွက်ဝေစု ၃၀% ၊ Vivo မှ ၁၇% နဲ့ Samsung မှ ၁၆% စီ ရထားပါတယ်။

Realme ဟာ အရှေ့တောင်အာရှ ထိပ်တန်းဖုန်းကုမ္ပဏီ ၅ ခုမှာ အပါအဝင်ဖြစ်ပြီး ဖိလစ်ပိုင်ဈေးကွက်မှာ နံပါတ်တစ်အဖြစ် ရပ်တည်နေပါတယ်။ Realme တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ် စကိုင်းလီရဲ့ အဆိုအရ Realme ဟာ သုံးလပတ် ၄ ပတ်ဆက်တိုက် တိုးတက်မှုအမြန်ဆုံး အမှတ်တံဆိပ်အဖြစ် ဆက်လက်တည်ရှိနေတယ်လို့ ဆိုပါတယ်။

Photo: Tek Deeps

လာမယ့် ၂ နှစ်အတွင်း Realme ဟာ AIoT ပေါ် ပိုအာရုံစိုက်ပြီး ဈေးကွက်တွေလည်း ထပ်ပြီး တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။ Realme အနေနဲ့ အရှေ့တောင်အာရှ ၊ တောင်အာရှ ၊ အရှေ့အလယ်ပိုင်း ၊ အာဖရိက ၊ ဥရောပ ၊ လက်တင်အမေရိက ၊ တရုတ်နဲ့ ရုရှားစတဲ့ ဈေးကွက်အားလုံးနီးပါးမှာ ဦးဆောင်စမတ်ဖုန်းကုမ္ပဏီ ဖြစ်လာဖို့ မျှော်မှန်းထားတာပါ။

Realme အနေနဲ့ လာမယ့် နှစ်နှစ် ၊ သုံးနှစ်အတွင်း စမတ်ဖုန်းအလုံးရေ သန်း ၁၀၀ ရောင်းဖို့ ရည်မှန်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က