ဒီနှစ်ထဲမှာ သုံးစွဲသူ ၂ ဆပိုများလာဖို့မှန်းထားပါတယ်
Nyein Min Wai

ဇွန်လဆန်းပိုင်းက တယ်လီကွန်းဝန်ဆောင်မှုတွေ တရားဝင် မိတ်ဆက်ခဲ့တဲ့ MyTel ဟာ လက်ရှိမှာ အမြဲတမ်းသုံးစွဲသူ ၄ သန်းကျော် ရှိထားပြီလို့သတင်းထုတ်ပြန်ထားပါတယ်။

Photo: Mizzima

         ပြည်တွင်းဈေးကွက်ထဲကို ဝင်ရောက်လာတဲ့ စတုတ္ထမြောက် တယ်လီကွန်းအော်ပရေတာ MyTel ဟာ 4G ကွန်ရက်ဝန်ဆောင်မှုကို မတ်လ ၁၅ ရက်နေ့က နေပြည်တော် ၊ ပဲခူးတိုင်း အရှေ့ပိုင်းနဲ့ကရင်ပြည်နယ်တို့မှာ စတင် ဝန်ဆောင်မှု ပေးခဲ့တာပါ။ ၅ နှစ်အတွင်း ပြည်တွင်းတယ်လီကွန်းဈေးကွက်မှာ ထိပ်ဆုံးအော်ပရေတာ ဖြစ်ဖို့မျှော်မှန်းထားတဲ့ MyTel ဟာ ၂၀၁၉ မှာ လက်ရှိသုံံးစွဲသူဥိးရေထက် ၂ ဆ ပိုများလာဖို့လည်း ရည်မှန်းထားတယ်လို့ဆိုပါတယ်။

         အင်တာနက်ဒေတာနှုန်းထားကို ၃၀% အထိ လျှော့ချပေးပြီးနောက် MyTel ဆင်းမ်ကတ်သုံးသူများအကြား လစဉ်ဒေတာသုံးစွဲမှုဟာ ၃၀% အထိ တိုးတက်လာခဲ့တယ်လို့ကုမ္ပဏီဘက်မှ သတင်းထုတ်ပြန်ထားပါတယ်။ MyTel ကို Myanmar Telecom Holding Public Limited က၂၃ ရာခိုင်နှုန်း၊ Star High Co.,Ltd မှ ၂၈ ရာခိုင်နှုန်း တို့ဖြင့် စုစုပေါင်း ၅၁ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး Viettel Company က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတာ ဖြစ်ပြီး ပြည်တွင်းမှာ 2G နဲ့4G ကွန်ရက်တွေ ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။

         တယ်လီကွန်းဝန်ဆောင်မှုများ ပေးဖို့အတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦများကို MyTel ဟာ တစ်နှစ်ခွဲကာလအတွင်း တည်ဆောက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ 


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က