ရိုင်ဖယ်အသစ် ။ ကားအသစ်နဲ့Royale Pass ranking ကြည့်မလား
Nyein Min Wai

မိုဘိုင်လ်းဗားရှင်းအနေနဲ့ထွက်လာတာ တစ်နှစ်ပြည့်သွားပြီ ဖြစ်တဲ့ PUBG Mobile ဟာ version 0.11.5 နဲ့အတူ ဂိမ်းတွင်း အဆင့်မြှင့်တင်မှုတွေနဲ့features သစ်တွေ ထည့်သွင်းလာပြီ ဖြစ်ပါတယ်။

         အန်းဒရိုက်နဲ့iOS နှစ်မျိုးစလုံးမှာ ဖြန့်ချိထားတဲ့ ဗားရှင်းသစ်မှာ PUBG Mobile Prime/Prime Plus subscribe စနစ် ပါလာပြီး အခမဲ့ daily UC ၊ Royale Pass points တွေ နဲ့အတူ Crates တွေမှာ နေ့တိုင်းနေ့တိုင်း ၈၀% discount နဲ့ဝယ်ယူနိုင်မှာပါ။ နောက်တစ်ခုကတော့ ကစားသူအချင်းချင်း Royale Pass page ကနေ တစ်ယောက်ချင်းစီရဲ့ ranking တွေ ကြည့်နိုင်မယ်လို့ဆိုပါတယ်။

         Android Authority မှာ ဖော်ပြချက်အရ Season 6 က 0.11.5 update မှာ ပလေယာတွေဟာ Spawn Island မှာ မီးပုံပွဲပါတီတွေ ကျင်းပခွင့်ပါ ပေးလာမယ်လို့ဆိုပါတယ်။ ဒီပါတီမှာ ပလေယာတွေဟာ ကစားရင်းနဲ့ကိတ်မုန့်တွေ ရှာနိုင်မှာ ဖြစ်ပြီး နှစ်ပတ်လည် rewards တွေ ယူဖို့စုထားတဲ့ သေတ္တာ crates တွေ ဖွင့်နိုင်မှာပါ။ ဒီကိတ်တွေထဲမှာ ဘာတွေ ပါမလဲဆိုတာ မသိရသေးပါဘူး။

Photo:Newsweek

         နောက်ထပ် update တစ်ခုကတော့ သုံးဘီးဘတ်စ်ကားတစ်မျိုးဖြစ်တဲ့ Tukshai ပါလာမှာပါ။ အရင်က Sanhok map မှာ ပါတဲ့ Mini Bus ၊ Dacia နဲ့Jeep တို့နေရာမှာ အသစ်ရောက်လာတဲ့ ကားလည်း ဖြစ်ပါတယ်။ item အနေနဲ့Vikendi မှာပဲ ရနိုင်တဲ့ G36C ရိုင်ဖယ်လည်း ကိုင်နိုင်တော့မှာပါ။ ဒီရိုင်ဖယ်ဟာ တစ်ချက်ချင်းပစ်တဲ့ Single Mode ဒါမှမဟုတ် Auto Mode မှာ 5.56 rounds ပစ်နိုင်ပြီး damage ထိခိုက်နှုန်းက ပွိုင့်ပေါင်း ၄၃ ချက် ထိမယ်လို့ဆိုပါတယ်။ အပို ကျည်ကတ်နဲ့ဆိုရင် ဒီရိုင်ဖယ်ဟာ တစ်ချက်ချင်းမှာ ကျည်ပေါင်း ၄၀ အထိ ထည့်သွင်း ပစ်ခတ်နိုင်ပြီး ကျည်ကတ် ၄ ခုတွဲပါမှာပါ။

         features သစ်တွေအနေနဲ့ကျန်နေတာတစ်ခုက Clan Shop ထဲက bot နဲ့ပွားတဲ့ စနစ်ဖြစ်တဲ့ Room Card:1-Use ဆိုတဲ့ feature ဖြစ်ပြီး Clan Shop ထဲမှာ ၁၀ ရက်ကိုတစ်ခါ ဝယ်နိုင်မှာပါ။ အဲသလို ဝယ်ပြီးတာနဲ့ကိုယ်ပွား bot ကို Clan system ထဲ ထပ်ထည့်သွားမှာ ဖြစ်ပါတယ်။ Shop မှာ items မရတာ များလာတဲ့ ပလေယာတွေကိုလည်း ဗောက်ချာတွေ ပေးသွားမှာပါ။

         ဒီဂိမ်းကို ပိုင်ဆိုင်တဲ့ Tencent Games နဲ့PUBG Corp တို့ဟာ ဒီနှစ်ထဲမှာ platinum ranking ကို ဒေသတွင်း ပွဲတွေမှာ ရထားတဲ့ ပလေယာတွေအတွက် ဆုကြေးဒေါ်လာ ၂ သန်း အထိ ပေးသွားမယ့် PUBG Mobile Club Open 2019 ဂိမ်းပွဲတစ်ရပ် ကျင်းပသွားမယ်လို့ကြေညာထားပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က