Google ဟာ News Initiative ဆိုပြီး ဂျာနယ်လစ်အရည်အသွေး မြင့်မားရေးအတွက် ဒေါ်လာ သန်း ၃၀၀ သုံးထားတာပါ။
photo: Variety
Google ပိုင် YouTube ကလည်း ဒီစီမံကိန်းထဲမှာ ပါဝင်နေပြီး သတင်းတု သတင်းမှား တိုက်ဖျက်ရေးမှာ ဒေါ်လာ ၂၅ သန်း သုံးသွားမယ်လို့ဆိုပါတယ်။ YouTube ဟာ ဒီငွေကို ဂျာနယ်လစ်ကျွမ်းကျင်သူများကို ငှားရမ်းခြင်း ၊ publisher များအတွက် ကိုယ်ပိုင် ဗွီဒီယိုရိုက်ကူးထုတ်လုပ်ရေးမှာ ကူညီခြင်းအပြင် သတင်းအဖွဲ့အစည်းသစ်များနဲ့YouTube ပေါ်မှာ ရုပ်သံ product သစ်များ ဖန်တီးတာတွေလည်း ပါဝင်လာမှာပါ။
YouTube ဟာ သတင်းဆောင်းပါးများနဲ့သတင်းအရင်းအမြစ်တွေကို YouTube serarch result ထဲမှာ preview ဖောြ်ပသွားမှာ ဖြစ်ပြီး ဒီထဲမှာ သက်ဆိုင်တဲ့ အချက်အလက် အသေးစိတ်များလည်း ပြသသွားမှာ ဖြစ်ပါတယ်။ YouTube မှာ Wikipedia နဲ့Encyclopaedia Britannica စတဲ့ ပြင်ပသတင်းအရင်းအမြစ်များလည်း ထည့်သွင်းပြီး အချက်အလက်ပြည့်စုံအောင် ဖော်ပြသွားမှာပါ။
ယခုနှစ်ဆန်းပိုင်းကတည်းက YouTube ပလက်ဖောင်းဟာ သတင်းတုများ ၊ အမုန်းတရားနဲ့မသင့်တော်တဲ့ ဗွီဒီယိုများကို ဆက်တိုက်ပယ်ဖျက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ YouTube ဟာ ကလေးများကို ပစ်မှတ်ထားတဲ့ လိင်ပိုင်းမတင့်တယ်တဲ့ ဗွီဒီယိုပေါင်း ၁၅၀၀၀၀ ကို ဖျက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။
Google ဟာ မတ်လကစပြီး News Intiative နာမည်နဲ့ဂျာနယ်လစ် အရည်အသွေးမြင့်မားရေးအတွက် ရင်းနှီးမြှပ်နှံမှု လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ သတင်းအဖွဲ့အစည်းများနဲ့Google ဟာ ၃ နှစ် ရည်မှန်းချက်နဲ့ဒေါ်လာသန်း ၃၀၀ ရင်းနှီးမြှပ်နံှထားတာ ဖြစ်တယ်လို့ကုမ္ပဏီရဲ့ စီးပွားရေးအရာရှိချုပ် ဖိလစ် ရှင်းဒလားက ဆိုပါတယ်။
photo: Cnet
လက်ရှိအချိန်မှာ YouTube အနေနဲ့အဝေဖန်ခံနေရတဲ့ မဖွယ်မရာ ဗွီဒီယိုများကို စောင့်ကြည့်အရေးယူဖို့moderators ပေါင်း ၁၀၀၀ ကို ငှားရမ်းထားတယ်လို့ထုတ်ပြန်ထားပါတယ်။