Samsung နဲ့ LG တို့အပေါ် မှီခိုမှုကို လျှော့ချသွားမှာပါ

Xiaomi ဟာ တရုတ်နိုင်ငံရဲ့ ထိပ်တန်း OLED ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုမှာ ရင်းနှီးမြှပ်နှံမှု လုပ်လိုက်ပြီ ဖြစ်ပါတယ်။

GSMArena ရဲ့ သတင်းအရ Xiaomi ဟာ Dalian Zhiyun Automation ကုမ္ပဏီမှာ ယွမ် ၁၄၃ သန်းကျော် (ဒေါ်လာသန်း ၂၀) ရင်းနှီးမြှပ်နှံသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အပြန်အလှန်အားဖြင့် ရှယ်ယာပေါင်း ၁၅.၅ သန်း ၊ Zhiyun ကုမ္ပဏီရှယ်ယာရဲ့ ၅.၆၃% ကို Xiaomi က ပြန်ရရှိမှာ ဖြစ်ပါတယ်။ Daliann Zhiyun ဟာ LCD ၊ OLED နဲ့ mini LED နည်းပညာ ထုတ်လုပ်မှုပိုင်းမှာ တရုတ်နိုင်ငံရဲ့ ဦးဆောင်ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။




Photo: gizmochina


Zhiyun ဟာ တရုတ်နိုင်ငံရဲ့ နာမည်ကြီး display နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ BOE ၊ Huaxing ၊ Tianma နဲ့ Visioinox တို့လို ကုမ္ပဏီကြီးတွေနဲ့လည်း လက်တွဲလုပ်ဆောင်နေပါတယ်။ ဒီ brands တွေဟာ ကမ္ဘာ့အကြီးဆုံး OLED ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Samsung နဲ့လည်း ပြိုင်ဘက်တွေ ဖြစ်ပါတယ်။ စမတ်ဖုန်းနဲ့ LCD လို display နည်းပညာများ ဝယ်လိုအားမြင့်တက်လာခြင်းနဲ့အတူ Zhiyun ဟာလည်း ဈေးကွက်မှာ နေရာရလာပါတယ်။

ရှန်ဟိုင်းစတော့ခ်အိတ်ချိန်းဈေးကွက်မှာ ရှယ်ယာဈေးတွေ မြင့်တက်လာနေတဲ့ Zhiyun ဟာ ပြည်တွင်းဈေးကွက်အတွင်း ဂျပန်နဲ့ တောင်ကိုရီးယား display ကုမ္ပဏီတွေရဲ့ ကြီးစိုးမှုကိုပါ ချိုးဖျက်လာနေပါတယ်။ လက်ရှိမှာ Zhiyun ဟာ ခေါက်သိမ်းနိုင် OLED display တွေ ထုတ်လုပ်ဖို့အတွက် လုပ်ငန်းစဉ် နည်းပညာကို ပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသော ကုမ္ပဏီလည်း ဖြစ်နေပါတယ်။

Huawei ကုမ္ပဏီဟာလည်း Huawei P40 စီးရီးအတွက် ပြည်တွင်း display ကုမ္ပဏီဖြစ်တဲ့ BOE ကုမ္ပဏီဆီက မှာယူထားပါတယ်။ Xiaomi ဟာ Mi Note 10 အတွက် curved Visionox panel နဲ့ Mi 10 စီးရီးအတွက် Huaxing screen ကို သုံးထားပါတယ်။ Zhiyun နဲ့ လက်တွဲလိုက်တာကြောင့် ခေါက်သိမ်းနိုင် display သုံး ထုတ်ကုန်သစ်တွေ မိတ်ဆက်ဖို့ လမ်းပွင့်လာမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က