အခြေအနေကတော့ ပိုပြီး ဆိုးလာဖို ု့ရှိပါတယ်

     ပိုလန်အာဏာပိုင်တွေဟာ သူလျှိုသံယမှုနဲှု့Huawei ရဲ့ ပိုလန်နိုင်ငံဆိုင်ရာ အရောင်းဒါရိုက်တာ တစ်ဦးကို ဖမ်းဆီးတရားစွဲဆိုထားပါတယ်။

Photo: CNN.com



         ဒီတစ်ပတ် သောကြာနေ့မှာ အတည်ပြုထားတဲ့ CNN ရဲ့ သတင်းမှာ ပိုလန်တန်ပြန်ထောက်လှမ်းရေးအဖွဲ့ဟာ Weijing Wang လို့ခေါ်တဲ့ Huawei ရဲ့ sales ဒါရိုက်တာကို သံသယဖြစ်ဖွယ် သူလျှို ထောက်လှမ်းမှုနဲ့ဖမ်းမိထားတယ်လို့ဖော်ပြထားပါတယ်။ နိုင်ငံပိုင်မီဒီယာကလည်း ဒီသံသယရှိသူ Weijing Wang ဟာ ပီကင်းနိုင်ငံခြားဘာသာတက္ကသိုလ်မှာ ပိုလန်စကားကို လေ့လာခဲ့ပြီး Huawei မှာ ၂၀၀၆ ခုနှစ်က အလုပ်ဝင်ခဲ့တယ်လို့ဆိုပါတယ်။

         ၂၀၁၇ မှာ သူဟာ ပိုလန်နိုင်ငံရဲ့ Huawei အရောင်းဒါရိုက်တာ ဖြစ်လာခဲ့တာပါ။ ပိုလန်ထောက်လှမ်းရေးတွေဟာ သူနဲ့အတူ ပိုလန်နိုင်ငံသားတစ်ယောက်ကိုလည်း အင်္ဂါနေ့က ဖမ်းဆီးထားပါတယ်။ Piotr Dလို့ခေါ်တဲ့ ပိုလန်နိုင်ငံသားကတော့ Orange Polska လို့ခေါ်တဲ့ မိုဘိုင်းကုမ္ပဏီအတွက် အလုပ်လုပ်ပေးနေသူ ဖြစ်ပြီး လောလောဆယ်မှာတော့ သူတို့နှစ်ဦးအကြား ဆက်သွယ်မှု မတွေ့ရသေးဘူးလို့ဆိုပါတယ်။

         သူတို့နှစ်ဦးရဲ့ နေထိုင်ရာ အိမ်များကိုလည်း အင်္ဂါနေ့က စီးနင်းရှာဖွေခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။ အမှုထင်ရှားမယ်ဆိုရင်တော့ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံစေမှာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို Huaweiဘက်မှလည်း သိရှိကြောင်း ပြောကြားပြီး အမှုမှန်ပေါ်အောင် လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

         ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလဆန်းပိုင်းမှာလည်း Huawei တည်ထောင်သူရဲ့ သမီးဖြစ်သူ မန်ဝမ်ဇောင်ဟာ ဥပဒေဖောက်ဖျက်မှုနဲ့ကနေဒါမှာ အထိန်းသိမ်းခံခဲ့ရပါတယ်။ စီးပွားရေး ပိတ်ဆို့အရေးယူထားတဲ့ အီရန်ကို တယ်လီကွန်းပစ္စည်းတွေ ရောင်းချမှုနဲ့အမေရိကန်အစိုးရရဲ့ တောင်းဆိုမှုနဲ့ကုမ္ပဏီရဲ့ CFO ကို ဖမ်းခဲ့တာပါ။ ဒီဖြစ်ရပ် မတိုင်ခင်ကတည်းနဲ့တရုတ်နဲ့အမေရိကန်အကြား ကုန်သွယ်ရေး တင်းမာမှုတွေ ရှိခဲ့ပါတယ်။

Photo: SCMP

         ပိုလန်မှာ နောက်ထပ်ထိပ်တန်း အရာရှိတစ်ဦး အဖမ်းခံရမှုကြောင့် 5G တယ်လီကွန်းပစ္စည်းအစိတ်အပိုင်းတွေ အကြီးအကျယ် ထုတ်လုပ်နေတဲ့ Huawei အနေနဲ့ဈေးကွက်ထိခိုက်နိုင်ခြေ မြင့်မားလာဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က