ဟောင်ကောင်အရေးမှာ Apple ကို စုံစမ်းမှုတွေ ရှိပါတယ်

Apple ရဲ့ အမှုဆောင်အရာရှိချုပ် တင်မ်ကွတ်ဟာ တရုတ်နိုင်ငံ Tsinghua စီးပွားရေးနဲ့စီမံခန့်ခွဲမှုကျောင်းရဲ့ အကြံပေးဘုတ်အဖွဲ့မှာ ဥက္ကဌအဖြစ် ခန့်အပ်ခံရပါတယ်။

တင်မ်ကွတ်ဟာ ဒီကျောင်းရဲ့ ဘုတ်အဖွဲ့ဥက္ကဌအဖြစ် သုံးနှစ်တာ တာဝန်ယူသွားမှာ ဖြစ်တယ်လို့အောက်တိုဘာ ၁၈ ရက်နေ့က ကျင်းပသွားတဲ့Tsinghua စီးပွားရေးနဲ့စီမံခန့်ခွဲမှုကျောင်းရဲ့ အကြံပေးကော်မတီအစည်းအဝေးကနေ ထုတ်ပြန်ထားပါတယ်။ တင်မ်ကွတ်ဟာ ၂၀၁၃ ခုနှစ်ကတည်းက ကျောင်းဘုတ်အဖွဲ့ဝင် ဖြစ်လာခဲ့တာပါ။

Photo: tsinghua.edu.cn


ဘုတ်အဖွဲ့ဥက္ကဌရာထူးကိုတော့ Breyer Capital တည်ထောင်သူနဲ့အမှုဆောင်အရာရှိချုပ် ဂျင်ဘရီယာ ဆီကနေ လွဲှပြောင်းရယူရမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ကျောင်းဘုတ်အဖွဲ့ဥက္ကဌတစ်ယောက်အနေနဲ့တင်မ်ကွတ်ကတော့ ကျောင်းဖွံ့ဖြိုးရေးနဲ့စီးပွားရေးသင်ရိုးတွေ ပိုကောင်းလာဖို့အာရုံစိုက်သွားမယ်လို့ပြောပါတယ်။

ယခုလဆန်းပိုင်းကပဲ Apple ဟာ ဟောင်ကောင်ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ အသုံးပြုနေတဲ့ HKmap.live app ကို App Store ကနေ ဖယ်ရှားခဲ့ပါတယ်။ ဒီ app ဟာ ဟောင်ကောင်ရဲနဲ့ဆန္ဒပြသူများရဲ့ တည်နေရာကို ဖော်ပြတဲ့ မြေပုံအက်ပလီကေးရှင်း ဖြစ်ပြီး ဟောင်ကောင်ဆန္ဒပြသူတွေ အသုံးပြုနေကြတာပါ။

Photo: South China Morning Post


ဒီ app ဟာ ရဲတွေ ချောင်းမြောင်း တိုက်ခိုက်ခံရနိုင်ပြီး အများပြည်သူ လုံခြုံရေး ခြိမ်းခြောက်ရာရောက်စေတာကြောင့် App Store ရဲ့ စည်းမျဉ်းကို ချိုးဖောက်ရာရောက်တယ်လို့သတ်မှတ်ဖယ်ရှားခံရတာ ဖြစ်ပါတယ်။ အမေရိကန်ဥပဒေပြုအမတ်တွေကတော့ HKMap Live app ကို ပြန်ခွင့်ပြုဖို့တင်မ်ကွတ်ကို တိုက်တွန်းနေပါတယ်။

တရုတ်နိုင်ငံဟာ Apple ရဲ့ တတိယအကြီးဆုံး ဈေးကွက်ကြီး ဖြစ်ပြီး ကုမ္ပဏီရဲ့ ထုတ်ကုန်အများစုကို တရုတ်မှာပဲ တပ်ဆင်ထုတ်လုပ်တာပါ။



က္က