ဖြစ်နိုင်ခြေအများဆုံးစာရင်းမှာ အိန္ဒိယနဲ့ဗီယက်နမ်လည်း ပါနေပါတယ်။

တရုတ်မှာ iPhone ထုတ်နေရာကနေ တစ်ခြားကို ပြောင်းရွှေ့ထုတ်လုပ်သွားမယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် Apple ကုမ္ပဏီအနေနဲ့ထိုင်ဝမ်ကို ရွေးသင့်တယ်လို့Foxconn တည်ထောင်သူ တယ်ရီဂေါင်က ပြောပါတယ်။

         Apple အနေနဲ့တရုတ်က ထုတ်လုပ်မှုတွေ ရွှေ့မရွှေ့ဆိုတဲ့ Bloomberg ရဲ့ မေးခွန်းကို ဖြေရာမှာ Foxconn တည်ထောင်သူ တယ်ရီဂေါင်မှ "Apple ကို ထိုင်ဝမ် ရွှေ့ဖို့ကျွန်တော် တိုက်တွန်းနေပါတယ်။" လို့ဖြေခဲ့ပါတယ်။ Foxconn ဟာ Apple အတွက် ပစ္စည်းအစိတ်အပိုင်းတွေ ထုတ်လုပ်ရာမှာ အရေးပါတဲ့ မိတ်ဘက်ကုမ္ပဏီ တစ်ခု ဖြစ်ပြီး ထိုင်ဝမ်မှာ အခြေစိုက်ပါတယ်။



Photo: 9to5mac

         Apple ရဲ့ ထုတ်လုပ်မှုတွေ ထိုင်ဝမ်ကို ရွှေ့ပြောင်းဖို့တကယ်လည်း ဖြစ်နိုင်ခြေ ရှိတယ်လို့တယ်ရီဂေါင်ကတော့ ယူဆပါတယ်။ လက်ရှိမှာ iPhone တွေကို တရုတ်နိုင်ငံ ဇောင်ကျိုးမှာ ထုတ်လုပ်နေတာပါ။ ဇွန်လကုန်ပိုင်းကစပြီး တရုတ်နဲ့အမေရိကန်အကြား အီလက်ထရွန်းနစ် သွင်းကုန်အခွန် ၂၅% အထိ တိုးကောက်လာမယ့် အခြေအနေနဲ့ရင်ဆိုင်ရတော့မှာ ဖြစ်ပြီး Apple ဟာလည်း တရုတ်နိုင်ငံတွင်း iPhone ထုတ်လုပ်မှုစုစုပေါင်းရဲ့ ၃၀% ကို တစ်ခြားနိုင်ငံတစ်ခုခုမှာ ပြောင်းလဲ ထုတ်လုပ်သွားမယ်လို့Nikkei Asian မှာ ဖော်ပြထားပါတယ်။

         iPhone ထုတ်လုပ်မှုကို တစ်ခြားပြင်ပနိုင်ငံတစ်ခုခုမှာ ပြောင်းဖို့အတွက် Apple ဟာ ကုမ္ပဏီရဲ့ မိတ်ဘက်ပါတနာတွေ ဖြစ်တဲ့ Foxconn ၊ Pegatron နဲ့Winstron တို့နဲ့ဆွေးနွေးတိုင်ပင်နေတယ်လို့ဆိုပါတယ်။ Apple Supplier တစ်ခုရဲ့ အမှုဆောင်တစ်ဦးကတော့ iPhone ထုတ်လုပ်မှုနှုန်း နည်းလာပြီး အလုပ်သမားစရိတ်တက်လာတာကို ဖြေရှင်းဖို့အခုလို ထုတ်လုပ်မှု နေရာပြောင်းရတာ ဖြစ်တယ်လို့ပြောပါတယ။်

Photo: businessinsider


         တကယ်လို့တရုတ်နိုင်ငံအတွင်း iPhone ထုတ်လုပ်မှုကို တစ်ခြားနိုင်ငံတစ်ခုခု ပြောင်းမယ်ဆိုရင် ထုတ်လုပ်မှုရဲ့ ၁၅% ကနေ ၃၀% အထိ လျှော့ချသွားဖို့ရှိပါတယ်။ လက်ရှိမှာ iPhone ထုတ်လုပ်မှု ပြောင်းမယ့်နိုင်ငံစာရင်းမှာ အိန္ဒိယနဲ့ဗီယက်နမ်တို့ဟာ အလားအလာ အရှိဆုံး နိုင်ငံတွေ ဖြစ်ပြီး မက္ကဆီကို ၊ အင်ဒိုနီးရှားနဲ့မလေးရှားတို့လည်း ဖြစ်နိုင်ခြေစာရင်းမှာ ပါနေပါတယ်။  

Share

Loading Next Article...
က္က