၂၀၁၃ ခုနှစ်ကတည်းက သြစတင်မှာ ထုတ်လုပ်ခဲ့တာပါ

ဒေါ်လာ ၆ ထောင် အနည်းဆုံး ကျသင့်မယ့် Mac Pro သစ်ကို အမေရိကန်မှာ ထုတ်လုပ်ရာကနေ တရုတ်မှာ ထုတ်လုပ်ဖို့Apple ကုမ္ပဏီအနေနဲ့စီစဉ်နေတယ်လို့ဆိုပါတယ်။

         Apple ရဲ့ Mac Pro သစ် ထုတ်လုပ်မယ့် အစီအစဉ်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး South China Morning Post သတင်းမှာ Apple ဟာ ရှန်ဟိုင်းနားက စက်ရုံတစ်ခုမှာ ထုတ်လုပ်မှု လုပ်ဆောင်သွားမယ်လို့ဖော်ပြထားပါတယ်။ တရုတ်နဲ့အမေရိကန်အကြား နှစ်နိုင်ငံ ကုန်သွယ်ရေး တင်းမာနေချိန်မှာ Apple ဟာ တရုတ်နိုင်ငံတွင်းက Apple ထုတ်ကုန်များ ထုတ်လုပ်မှုကို ပြင်ပနိုင်ငံတစ်ခုခု ပြောင်းသွားမယ်လို့သတင်းထွက်နေချိန်မှာ အခုလို သတင်းထွက်ပေါ်လာတာပါ။



Photo: hindustantimes   

      Apple ဟာ အရင် Mac Pro မော်ဒယ်ဟောင်းတွေကို တက္ကဆက်ပြည်နယ် ၊ သြစတင်မှာ ၂၀၁၃ ကတည်းက တပ်ဆင်ထုတ်လုပ်နေတာ ဖြစ်ပြီး လာမယ့် သောကြာနေ့မှာ Mac Pro သစ် ထုတ်လုပ်မှုကို တရုတ်နိုင်ငံဆီ ပြောင်းရွှေ့သွားမယ်လို့Wall Street Journal သတင်းက ရေးသားထားပါတယ်။ Mac Proသစ်ဟာ ပြီးခဲ့တဲ့ မေလထဲမှာ မိတ်ဆက်ခဲ့တဲ့ high-end ကွန်ပျူတာ ဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းမှာ ဈေးကွက်တင် ရောင်းချသွားမှာပါ။

         ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ Apple ဟာ တရုတ်နိုင်ငံက ထုတ်လုပ်မှုရဲ့ ၁၅% ကနေ ၃၀% ကို အရှေ့တောင်အာရှကို ပြောင်းရွှေ့ရာမှာ ကျသင့်မယ့် စရိတ်စကကို ကုမ္ပဏီရဲ့ အဓိက supplier တွေနဲ့ဆွေးနွေး တွက်ချက်ခဲ့ပါတယ်။ တရုတ်ဟာ Apple ရဲ့ ထုတ်ကုန်တွေအတွက် အဓိက ထုတ်လုပ်ရာဌာနကြီး တစ်ခု ဖြစ်သလို ဈေးကွက်အားဖြင့်လည်း အရေးပါနေပါတယ်။ ပြီးခဲ့တဲ့ မတ်လကုန်အထိ Apple ဟာ Greater China လို့ခေါ်တဲ့ တရုတ် ၊ ဟောင်ကောင် ၊ မကာအို ၊ ထိုင်ဝမ်နဲ့စကာၤပူစတဲ့ ဈေးကွက်တွေကနေ စုစုပေါင်း ဝင်ငွေရဲ့ ၁၈% နီးပါး ဝင်ခဲ့တယ်လို့ဆိုပါတယ်။

Photo: Forbes

         ဒေါ်လာ ၆ ထောင်တန် Mac Pro ဟာ WWDC 2019 ပွဲမှာ Apple ကနေ မိတ်ဆက်သွားတဲ့ မော်ဒယ်သစ် ဖြစ်ပြီး creative professional တွေ အသုံးပြုဖို့ထုတ်ထားတာပါ။ Mac Pro သစ်ဟာ လူမီနီယံဘော်ဒီနဲ့ဖွဲ့စည်းထားပြီး Air vent လေဝင်ပေါက်ပိုချဲ့ထားသလို လက်ကိုင်ဖရိန်နဲ့အောက်ခြေထောက်တွေဟာလည်း စတီးလိုင်းတွေနဲ့ဒီဇိုင်း အမြင့်ဆုံးမော်ဒယ်အဖြစ် Mac Pro ကို ဆင်မယ်ဆိုရင်တော့ ဒေါ်လာ ၄၅၀၀၀ ခန့်( မြန်မာငွေ ကျပ်သိန်း ၆၈၀ ကျော်) ကျသင့်မယ်လို့လည်း ဆိုပါတယ်။

         Mac ထုတ်ကုန်တွေဟာ Apple ရဲ့ ၂၀၁၈ အတွင်း စုစုပေါင်း ထုတ်ကုန်ရောင်းအားရဲ့ ၁၀% အောက်မှာပဲ ရှိတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း Apple ဟာ Mac ထုတ်ကုန်ပေါင်း ၁၈ သန်းခန့်ရောင်းချနိုင်ခဲ့ပြီး iPhone ကတော့ အလုံးရေ ၂၁၈ သန်း ခန့်ရောင်းချနိုင်ခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က