ဆေးတကယ်ပြတ်မပြတ် VR နဲ့စမ်းသပ်ကြတာပါ
Nyein Min Wai

နည်းပညာဟာ လူနေမှုဘဝပုံစံများကို ပြောင်းလဲဖို့အတွက် အရေးပါတဲ့ အကူအညီ ဖြစ်လာပါတယ်။



33.PNG

Photo: South China Morning Post

 

ရှန်ဟိုင်းမှာ ရှိတဲ့ မူးယစ်ဆေးဖြတ်တဲ့ စခန်းတစ်ခုဟာ ဆေးစွဲမှု အနေအထားကို တိုင်းတာရေးနဲ့ကုသရေးမှာ VR လို့ခေါ်တဲ့ ပုံရိပ်ယောင် ဖန်တီးမှု နည်းပညာကို အသုံးပြုနေပါတယ်။ VR headset များကနေ ဆေးဖြတ်ဖို့ရောက်လာသူဟာ တားမြစ်ထားတဲ့ မူးယစ်ဆေးဝါးတွေ သုံးစွဲထားသလားဆိုတာကို စစ်ဆေးသွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

မူးယစ်ဆေးဝါးနွံကနေ နလန်ပြန်ထစေဖို့ထူထောင်ထားတဲ့ ဒီစခန်းဟာ မူးယစ်ဆေးစွဲသူများကို ဆေးပြတ်မပြတ် လိမ်လို့မရအောင် ဖော်ထုတ်ဖို့VR headset တွေ သုံးထားတာပါ။ ဒီပုံရိပ်ယောင်မျက်မှန် တပ်ထားသူရဲ့ မြင်ကွင်းမှာ မူးယစ်ဆေးသုံးနေတဲ့ မြင်ကွင်းတစ်ခု ဖန်တီးပေးလိုက်ပြီး ဒီအပေါ်ကို သူဘယ်လို တုန့်ပြန်သလဲ ဆိုတာကို လေ့လာသွားတာ ဖြစ်ပါတယ်။

ဆေးဖြတ်စခန်းမှာ သုံးတဲ့ VR headset များဟာ မျက်လုံးရွေ့လျားမှုကို ထောက်လှမ်းပြီး မူးယစ်ဆေးဝါးသုံးစွဲဖို့ဆန္ဒရှိသလားဆိုတာ သိဖို့ခန္ဓာကိုယ်အပူချိန်နဲ့နှလုံးခုန်နှုန်းတွေပါ တိုင်းတာနေမှာ ဖြစ်ပါတယ်။ အလားတူ VR နည်းစနစ်များကို ရှန်ဟိုင်းမှာရှိတဲ့ တစ်ခြား ပြန်လည် ထူထောင်ရေးစခန်းများမှာ အသုံးပြုနေကြပြီး နောက်ထပ်လည်း ဒီနည်းပညာကို တိုးချဲ့အသုံးပြုသွားမယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံမှာ မူးယစ်ဆေးသုံးသူ ၊ လက်ဝယ်တွေ့ရှိသူတစ်ဦးကို ဆေးဖြတ်စခန်းမှာ နှစ်နှစ်အထိ ထားပြီး ဆေးပြတ်မှ ပြန်လွှတ်ပေးတာပါ။ ဆေးတကယ် ပြတ်/မပြတ်ကို ဆုံးဖြတ်ဖို့အတွက် VR နည်းပညာဟာ အရေးကြီးတဲ့ သက်သေတစ်ခု ဖြစ်လာပါတယ်။

Photo: South China Morning Post

 

VR နည်းပညာ စစ်ဆေးမှုကနေ ရလာတဲ့ ရလဒ်တွေသာ ကောင်းမယ်ဆိုရင်တော့ တရုတ်အစိုးရဟာ VR ပရိုဂရမ်ကို စံချိန် စံညွှန်းနဲ့အညီ သတ်မှတ်သွားဖို့လည်း ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က