china app ပေါင်း ၁၁၈ ခု ပိတ်လိုက်တာပါ

နာမည်ကြီး PUBG Mobile ၊ Alipay နဲ့ Baidu စတဲ့ app ပေါင်း ၁၀၀ ကျော်ကို အိန္ဒိယအစိုးရဟာ ပိတ်ပင်လိုက်တယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရနဲ့ အိန္ဒိယအကြား တင်းမာမှု မြင့်တက်လာချိန်မှာ အိန္ဒိယအနေနဲ့ နောက်ထပ် တရုတ်နဲ့ ဆက်စပ်မှု ရှိနေတဲ့ Mobile apps ပေါင်း ၁၁၈ ခုကို ထပ်မံပိတ်ပင်လိုက်တယ်လို့ BBC သတင်းက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လထဲမှာ TikTok နဲ့ WeChat အပါအဝင် တရုတ် app ပေါင်း ၅၉ ခုကို တရားဝင်ပိတ်ပင်ခဲ့တာပါ။



Photo: Bloomberg

အခုတစ်ခေါက် ပိတ်ပင်လိုက်တဲ့ app တွေဟာ အိန္ဒိယရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေ လုပ်နေတယ်လို့ ယုံကြည်လောက်တဲ့ သတင်းအချက်အလက်တွေ ရထားတယ်လို့ အိန္ဒိယရဲ့ လျှပ်စစ်နဲ့ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ဆိုပါတယ်။ ပိတ်လိုက်တဲ့ တရုတ် apps တွေထဲမှာ တရုတ်နိုင်ငံ ရှာဖွေရေးအင်ဂျင်ကြီးတစ်ခုဖြစ်တဲ့ Baidu apps နှစ်ခု ၊ Alibaba ရဲ့ Alipay ငွေပေးငွေချေ app နဲ့ Taobao e-commerce ပလက်ဖောင်း ၊ Marvel Super War အပါအဝင် Netease ဂိမ်းတွေလည်း ပါဝင်နေပါတယ်။

အိန္ဒိယအိုင်တီဝန်ကြီးဌာနရဲ့ အဆိုအရ အိန္ဒိယပြင်ပနေရာတွေမှာ ရှိတဲ့ ဆာဗာတွေထဲကို တရားဝင်ခွင့်ပြုချက် မရှိဘဲ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို လျှို့ဝှက်ပေးပို့ဖို့နဲ့ ခိုးယူဖို့အတွက် အန်းဒရိုက်နဲ့ iOS ပလက်ဖောင်းတွေပေါ်မှာရှိတဲ့ တစ်ချို့ Mobile apps တွေကို တလွဲအသုံးချနေကြောင်း အစီရင်ခံစာတွေ နေရာမျိုးစုံက ရနေတယ်လို့ ပါရှိပါတယ်။

Photo: hindustantimes


အမေရိကန်အစိုးရဟာလည်း တရုတ် app တွေကို ပိတ်ပင်အရေးယူမှု လုပ်နေပါတယ်. မကြာသေးခင်ကပဲ အမေရိကန်လုပ်ငန်းတွေအနေနဲ့ Tencent ပိုင် WeChat ပလက်ဖောင်းနဲ့ စီးပွားရေးလုပ်ဆောင်မှု မပြုဖို့ အမိန့်ထုတ်ခဲ့သလို TikTok ရဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းများ ရောင်းချဖို့ ညွှန်ကြားထားပါတယ်။

အိန္ဒိယနဲ့ တရုတ်တို့ဟာ ဟိမဝန္တာနယ်စပ်အရေး တင်းမာမှုတွေ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လထဲမှာ လာဒက်နယ်စပ်စည်းရိုးအနီး အိန္ဒိယနဲ့ တရုတ်နှစ်ဘက် တပ်ဖွဲ့ဝင်အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အိန္ဒိယတပ်သားဦးရေ အနည်းဆုံး ၂၀ သေဆုံးခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က