Samsung ရဲ့အကြီးဆုံး Monitor ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်လာမှာပါ
Nyein Min Wai

Samsung Display ဟာ တရုတ်မှ Monitor ထုတ်လုပ်တဲ့ စက်ရုံအများစုကို ဗီယက်နမ်စက်ရုံဆီ ပြောင်းတော့မယ်လို့ ဆိုပါတယ်။

ဗီယက်နမ်အခြေစိုက် Samsung Electronics ရဲ့ ကြေညာချက်အရ ဗီယက်နမ်နိုင်ငံ ဟိုရှီမင်းမှာ ရှိတဲ့ Samsung HCMC CE Complex (SEHC) စက်ရုံကို ပြောင်း‌‌ရွှေ့ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း Samsung ဟာ ဗီယက်နမ်နိုင်ငံအတွင်း ဒေါ်လာ ၁၇ ဘီလျံအထိ ရင်းနှီးမြှပ်နှံမှု လုပ်ထားတဲ့ အကြီးဆုံး နိုင်ငံခြား ရင်းနှီးမြှပ်နှံသူတစ်ဦး ဖြစ်ပါတယ်။

Photo: vnexplorer


PC သုံး Monitor စက်ရုံများ ဗီယက်နမ်ကို ပြောင်းရွှေ့လာခြင်းကလည်း ဗီယက်နမ်ကို Samsung ရဲ့ ကမ္ဘာ့အကြီးဆုံး Monitor Supplier ဖြစ်လာစေမှာပါ။ ဗီယက်နမ်နိုင်ငံပိုင် သတင်းစာဖြစ်တဲ့ Tuoi Tre သတင်းမှာ "Samsung ဟာ ဗီယက်နမ်နိုင်ငံကို အရှေ့တောင်အာရှနိုင်ငံတွေနဲ့ရော ကုမ္ပဏီရဲ့ Global Supply Chain နဲ့ပါ ချိတ်ဆက်ဖို့အတွက်ပါ အ‌ရေးကြီးတဲ့ ထွက်ပေါက်တစ်ခုအဖြစ် မြင်ပါတယ်။"လို့ ဖော်ပြထားပါတယ်။

IDC သတင်းအရ Samsung ရဲ့ ဗီယက်နမ်ထုတ် ၂၄ လက်မနဲ့ အထက် Monitor ထုတ်ကုန်တွေဟာ ယခုနှစ် ပထမသုံးလပတ် Monitor ဈေးကွက်ရောင်းအားမှာ ဈေးကွက်ဝေစုတစ်ခုလုံးရဲ့ ၃၄% ရှိတယ်လို့ ဆိုပါတယ်။ အရွယ်အစား ပိုကြီးတဲ့ Monitor တောင်းဆိုမှု မြင့်တက်လာပြီးနောက် ဗီယက်နမ်အနေနဲ့ ဒေသတွင်း နောက်ဆုံးပေါ် display ထုတ်လုပ်မှုများကနေ အကျိုးအမြတ် ရရှိလာမှာ ဖြစ်ပါတယ်။

Samsung ဟာ ဒီနှစ်ကုန်ပိုင်းမှာ Monitor ထုတ်လုပ်မှုကို တရုတ်ကနေ ဗီယက်နမ်နိုင်ငံကို ပြောင်းရွှေ့သွားဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က