တရုတ်ကုမ္ဗဏီတွေရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေတဲ့ နိုင်ငံခြားကုမ္ဗဏီတွေကို Black List သွင်းဖို့ရှိပါတယ်။

 ပြီးခဲ့တဲ့ စနေနေ့မှာပဲ တရုတ်အစိုးရဟာ အမျိုးသား နည်းပညာလုံခြုံရေးစီမံမှူ စာရင်းသစ် ထုတ်ပြန်ခဲ့ပြီး ဒီစာရင်းအရ တရုတ်ကုမ္ဗဏီလုပ်ငန်းတွေရံဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေတဲ့ မယုံကြည်ရတဲ့ နိုင်ငံခြားကုမ္ဗဏီတွေကို Blacklist သွင်းမယ်လို့ဖော်ပြထားခဲ့ပါတယ်။

တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Gao Feng ( Photo: SCMP)




တရုတ်ကုမ္ဗဏီတွေရဲ့ အကျိုးစီးပွား ထိခိုက်နစ်နာစေတဲ့ နိုင်ငံခြားကုမ္ဗဏီလုပ်ငန်းတွေကို မယုံကြည်ရတဲ့ လုပ်ငန်းများအဖြစ် Blacklist သွင်းမယ့်အကြောင်း တရုတ်အစိုးရဘက်မှ ကြေညာပြီး တစ်ပတ်အကြာမှာ တရုတ်နည်းပညာတွေကို နိုင်ငံတစ်ချို့မှာ သုံးစွဲခွင့် ပိတ်ပင်တားမြစ်ဖို့ရှိနေတယ်လို့တရုတ်နိုင်ငံပိုင် သတင်းမီဒီယာတစ်ခုမှာ ဖော်ပြထားပါတယ်။

  Xinhua သတင်းမှာ ဖော်ပြချက်အရ ဘေဂျင်းအစိုးရဟာ နည်းပညာတင်ပို့မှူ ထိန်းချုပ်ရေးသစ် လုပ်ဆောင်သွားဖို့ရှိတယ်လို့ဆိုပါတယ်။ တရုတ်အစိုးရရဲ့ နည်းပညာပိတ်ပင်မှူ အစီအစဉ်ကို မကြာခင်မှာ အသေးစိတ် ထုတ်ပြန်သွားမယ်လို့လည်း Xinhua သတင်းမှာ ဖော်ပြထားပါတယ်။

Xinhua သတင်းမှာပဲ “တရုတ်ရဲ့ အဓိကကျတဲ့ ဦးဆောင်နည်းပညာပိုင်းတွေရဲ့ လုံခြုံမှူကို ကာကွယ်ဖို့နဲ့၊ တစ်ခြားနိုင်ငံတွေကနေ တရုတ်ရဲ့ ကိုယ်ပိုင် နည်းပညာတွေကို သုံးပြီး ကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးရေးကို နှိပ်ကွပ်မယ့် အရေးကနေ ကာကွယ်ဖို့ရည်ရွယ်ထားတယ်” လို့ဖော်ပြထားပါတယ်။

                                   နိုင်ငံရေး စောင့်ကြည့်လေ့လာသူတွေကတော့ ဒါဟာ အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးနဲ့နည်းပညာ ကန့်သတ်ပိတ်ပင်မှူပေါ် လက်တုန့်ပြန်ချက်တစ်ရပ်လို့ရှူမြင်နေကြပြီး ဒီအစီအစဉ်ကြောင့် ကမ္ဘာ့ကုန်စည်စီးဆင်းမှူပေါ် နောက်ဆက်တွဲ ထိခိုက်မှူတွေ ရှိလာမယ်လို့ဆိုပါတယ်။

Photo: SCMP

  အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ညွှန်ကြားချက်နဲ့အတူ Huawei နဲ့ မိတ်ဘက် အပေါင်းအပါ ကုမ္ဗဏီ ၇၀ ခန့်ကို ပြီးခဲ့တဲ့လလယ်ပိုင်းက အမေရိကန် ကုန်သွယ်ရေးဌာနကနေ နိုင်ငံ့လုံခြုံရေး စိုးရိမ်ချက်နဲ့ Black List သွင်းပြီးနောက် အခုလို နှစ်နိုင်ငံအကြား အပြန်အဆိုင် တင်းမာမှူတွေ မြင့်တက်လာခဲ့တာပါ။

မကြာသေးမီကလည်း တရုတ်အစိုးရဘက်မှ နိုင်ငံခြားနည်းပညာကုမ္ဗဏီတွေအနေနဲ့အမေရိကန်အစိုးရရဲ့ကုန်သွယ်ရေး ပိတ်ပင်မှူအတိုင်း မလုပ်ဖို့သတိပေးခဲ့ပြီး တကယ်လို့သတိပေးချက်ကို မလိုက်နာခဲ့ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာမယ်လို့New York Times သတင်းမှာ ဖော်ပြပါရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က