Greater China အပြင်က ဆိုင်တွေ ယာယီပိတ်သွားမှာပါ
Nyein Min Wai

ကိုရိုနာဗိုင်းရပ်စ်ကြောင့် Apple ဟာ ရာနဲ့ချီတဲ့ အရောင်းဆိုင်တွေကို ပိတ်ထားရပါတယ်။

ကုမ္ပဏီဝက်ဘ်ဆိုက်ပေါ် တင်ထားတဲ့ ပို့စ်ထဲမှာ Greater China ပြင်ပမှာ ရှိတဲ့ Apple Store အားလုံးကို မတ်လ ၂၇ ရက်နေ့အထိ ယာယီပိတ်ထားမယ်လို့ Apple CEO တင်မ်ကွတ်က ဆိုပါတယ်။ Greater China ဒေသမှာ တရုတ်နိုင်ငံအပြင် ဟောင်ကောင် ၊ မကာအို နဲ့ ထိုင်ဝမ်တို့လည်း ပါဝင်နေပါတယ်။



" တစ်ခြားနေရာတွေမှာ ကူးစက်မှုသစ်တွေ မြင့်တက်လာနေတာနဲ့အမျှ ကျွန်တော်တို့ အဖွဲ့ဝင် ဝန်ထမ်းတွေနဲ့ ဖောက်သည်တွေကို ကာကွယ်ဖို့ နောက်ထပ် ခြေလှမ်းတွေ လုပ်ဆောင်နေပါတယ်။" လို့ တင်မ်ကွတ်က ရေးပါတယ်။

Photo: itv


နာရီပိုင်းအလုပ်သမားတွေကို လစာမပြတ် ဆက်လက်ခန့်ထားဖို့ ရှိပြီး အလုပ်အကိုင်သဘောအရ အိမ်ကနေ အလုပ်လုပ်နိုင်တဲ့ ဝန်ထမ်းတွေကိုလည်း ခွင့်ပြုသွားမယ်လို့ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်က ဆိုပါတယ်။ COVID-19 ကြောင့် ဖြစ်ပွားတဲ့ ကျန်းမာရေး အခြေအနေတွေအရ ခွင့်ခံစားမှုကိုလည်း တိုးပေးသွားမှာ ဖြစ်ပြီး COVID-19 ကုသရေးအတွက် ကုမ္ပဏီမှ ဒေါ်လာ ၁၅ သန်းလှူဖို့လည်း ကတိပြုထားပါတယ်။

ဒါ့အပြင် ဒေသအလိုက် ၊ ပြည်တွင်းနဲ့ နိုင်ငံတကာအလိုက် COVID-19 တုန့်ပြန်ရေးကို ပံ့ပိုးဖို့ ဝန်ထမ်းတွေဆီကနေ အလှူကောက်ခံပေးနေတယ်လို့လည်း ဆိုပါတယ်။ Apple ဟာ ကမ္ဘာအနှံ့မှာ လက်လီစတိုးဆိုင်ပေါင်း ၅၀၀ ကျော် ရှိထားပြီး အမေရိကန်မှာကိုပဲ Apple Stores ဆိုင်ပေါင်း ၂၇၀ ကျော် ရှိထားပါတယ်။

Photo: bangkokpost


ဒီအရောင်းစတိုးတွေရဲ့ ဝက်ဘ်ဆိုက်နဲ့ တိုက်ရိုက်ရောင်းအားကနေ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲမှာ ဝင်ငွေ ဒေါ်လာဘီလျံ ၈၀ ခန့် ရခဲ့ပါတယ်။ ဒါဟာ ကုမ္ပဏီ ဝင်ငွေစုစုပေါင်း(ဒေါ်လာ ဘီလျံ ၂၆၀) ရဲ့ ၃၀% ကျော်လည်း ဖြစ်ပါတယ်။ အခုလို ပိတ်ထားတဲ့ အရောင်းဆိုင်နဲ့ ရုံးခန်းတွေအားလုံးမှာ ဗိုင်းရပ်စ်ပိုးသတ်ခြင်း ၊ ကျန်းမာရေး စောင့်ကြည့်မှုနှင့် အပူချိန်တိုင်းတာရေး လုပ်ငန်းများ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

မတ်လ ၁၇ ရက်နေ့အထိ Johns Hopkins တက္ကသိုလ်ရဲ့ အချက်အလက်များအရ နိုဗဲလ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၈၂၄၀၀ ကျော် ရှိပြီး သေဆုံးသူ ၇၁၀၀ ကျော် ရှိလာပြီလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Nyein Min Wai

    Content Writer (Duwun Tech)


က္က