၂၀၁၉ နှစ်အကုန် တရုတ်မှာ 5G base stations ပေါင်း ၁ သိန်း ၃ သောင်းကျော် ရှိလာမယ်
Nyein Min Wai

တရုတ်နိုင်ငံမှာတော့ နိုဝင်ဘာ ၁ ရက်နေ့ကစပြီး 5G ဝန်ဆောင်မှုတွေ တရားဝင် ရလာပြီ ဖြစ်ပါတယ်။

တရုတ်တယ်လီကွန်းကြီး ၃ ခု ဖြစ်တဲ့ China Mobile ၊ China Unicom နဲ့China Telecomတို့ဟာ မိနစ် ၅၀၀ voice chat ထိုင်ခြင်းနဲ့အင်တာနက် ဒေတာ 30GB ရှိတဲ့ plan တစ်ခုကို ၁၂၈ ယွမ် ( မြန်မာငွေ ၂ သောင်း ၇ ထောင်ကျော်) နဲ့300 GB ဒေတာပမာဏအတွက် ၅၉၉ ယွမ် ( မြန်မာငွေ ၁ သိန်း ၃ သောင်းခန့်) ဈေးနဲ့ဝန်ဆောင်မှုပေးနေတာ ဖြစ်တယ်လို့GSMArena သတင်းက ဖော်ပြထားပါတယ်။

Photo: ZDNet


စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက ဒီ data plans တွေဟာ 4G data plan ဈေးနဲ့အတူတူပဲ ဖြစ်လို့5G ကွန်ရက်ပြောင်းချိန်မှာလည်း နှုန်းထား မပြောင်းဘူးလို့ပြောရမှာပါ။ တရုတ်တယ်လီကွန်းအော်ပရေတာတွေဟာ ၂၀၂၀ ရောက်မှ 5G ကွန်ရက်မိတ်ဆက်မှု လုပ်ဖို့ကနဦး သတ်မှတ်ခဲ့တာဖြစ်ပေမယ့် အချိန်ကာလကို ရှေ့တိုးပြီး စတင်လိုက်တာလည်း ဖြစ်ပါတယ်။

5G ဝန်ဆောင်မှုကို ဘေဂျင်းနဲ့ရှန်ဟိုင်းလို မြို့ကြီးများ ၊ နန်ကျင်းနဲ့ဝူဟန်ခရိုင်လို မြို့များအပြင် တရုတ်နိုင်ငံအတွင်းက မြို့ပေါင်း ၅၀ ခန့်မှာ စတင် ဖြန့်ကျက်သွားမယ်လို့ဒေသတွင်း သတင်းတွေက ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံး 5G တယ်လီကွန်းကွန်ရက်ဖြန့်ကျက်မှုအဖြစ် စတင်လိုက်တဲ့ တရုတ်နိုင်ငံဟာ ယခုနှစ်ကုန်ပိုင်းမှာ 5G ကွန်ရက် ပံ့ပိုးပေးမယ့် 5G base stations ပေါင်း ၁ သိန်း ၃ သောင်းကျော် ရှိလာမယ်လို့လည်း အစိုးရပိုင်းက ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံက စမတ်ဖုန်းကုမ္ဗဏီတွေဖြစ်တဲ့ Huawei နဲ့Xiaomi တို့ကတော့ 5G ကွန်ရက် တရားဝင် မစတင်ခင်ကတည်းက 5G ဖုန်းတွေ မိတ်ဆက်ခဲ့ပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့က စတင် ရောင်းချခဲ့တဲ့ Huawei ရဲ့ 5G မော်ဒယ် Mate 30 နဲ့Mate 30 Pro မော်ဒယ်တွေဟာ စတင်ရောင်းချတဲ့ ၁ မိနစ်အတွင်း အလုံးရေ ၁ သိန်း ရောင်းချနိုင်ခဲ့တယ်လို့ဆိုပါတယ်။


Photo: techcrunch


ဈေးကွက်နဲ့စာရင် တရုတ်နိုင်ငံအတွင်း 5G ဖုန်း ရောင်းအားဟာ အတော်လေး နည်းနေသေးတယ်လို့ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တရုတ်နိုင်ငံအတွင်း ရောင်းချနိုင်ခဲ့တဲ့ 5G ဖုန်းအရေအတွက်ဟာ အလုံးရေ ၂၁၉၀၀၀ ပဲ ရှိထားတာ ဖြစ်ပြီး အဲဒီလအတွင်း ဈေးကွက်ဝင်ခဲ့တဲ့ စမတ်ဖုန်းအလုံးရေ ၃၀.၈ သန်းနဲ့စာရင် ဝ.၇% ပဲ ရှိတာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ 5G ကွန်ရက် ဝန်ဆောင်မှုတွေကို တောင်ကိုရီးယား ၊ ယူကေနဲ့အမေရိကန်နိုင်ငံတို့ကလည်း ဖြန့်ချိထားပါတယ်။


က္က