Screen-to-Body Ratio များသော ဖုန်းများကို ရွေးချယ်ကြရန်လိုအပ်ပါတယ်။
Phyo Min Thant

ဒီနေ့ခေတ်မှာ အထူးသဖြင့် လူငယ်အများစုဟာ ဖျော်ဖြေရေးနှင့် သတင်းအချက်အလက်တွေကို ရယူခံစားဖို့TV၊ Computer နှင့် အခြား လျှပ်စစ် ပစ္စည်းတွေထက် ကိုယ်နဲ့မကွာအမြဲရှိနေပြီး သိလိုသော အကြောင်းအရာများကို အလွယ်တကူ ရှာဖွေနိုင်ရုံသာမက သိမ်းဆည်း ကြည့်ရှုလို့လည်းရတဲ့ စမတ်ဖုန်းများကိုသာ ပိုမို အသုံးပြုလာကြတာ အားလုံးပဲ သတိပြုမိကြမှာပါ။

Screen ပိုင်းအရ ယှဉ်ရင် ကြီးမားမှုမှာ TV၊ ကွန်ပျူတာတို့နှင့် ကွာခြားသော်လည်း ယခု တိုးတက်ပြောင်းလဲလာသော စမတ်ဖုန်း Screen Display များကြောင့် အဆင်မပြေမှုများစွာ မရှိတော့ဘဲ သုံးစွဲရန် အထူး လွယ်ကူသက်သာလာတာ ကြောင့် ကောင်းမွန်သော ကြည့်ရှုခံစားမှု အတွေ့အကြုံတစ်မျိုးကိုလည်း ပေးစွမ်းနိုင်လာပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အခြား မိသားစုဝင်များနှင့် အငြင်းပွားစရာ မလိုဘဲ မိမိ စိတ်ကြိုက် အစီ အစဉ်ကို ကြည့်ရှုနိုင်ခြင်း၊ အလွယ်တကူ သယ်ယူသွားလာနိုင်ခြင်း၊ ထုတ်လွှင့်ပြီး TV အစီအစဉ်များကိုလည်း Mobile app များ Website များမှ တစ်ဆင့် မည်သည့်အချိန်တွင် မဆို ပြန်လည်ကြည့်ရှုနိုင်ခြင်းစတဲ့အချက်တွေကြောင့်လည်း စမတ်ဖုန်းတွေနဲ့ကြည့်ရှုမှု ပိုများလာတာ ဖြစ်ပါတယ်။

အရည်အသွေးကောင်းပြီး စိတ်ဝင်စားဖွယ် Mobile Game များ ကို ငွေပေးချေစရာ မလိုဘဲ ဆော့ကစားနိုင်တဲ့ အတွက်ကြောင့် စမတ်ဖုန်းသုံးစွဲသူ လူကြီး လူငယ်မရွေး ဂိမ်းကစားခြင်းဖြင့် စိတ်ပင်ပန်းမှုများကို ဖြေဖျောက်နိုင်ပါတယ်။ လူကြီးများအနေနှင့်လည်း ခလုတ် တစ်ချက်နှိပ်ရုံနှင့် အလိုရှိသော တရား‌ဒေသနာများကို ရှာဖွေနာယူနိုင်တာကြောင့် စမတ်ဖုန်းတွေက အားလုံးရဲ့နေ့စဉ်ဘဝတွေကို ပိုမို အဆင်ပြေအောင် စွမ်းဆောင်ပေးလျက်ရှိတယ်ဆိုရင်လည်း မမှားပါဘူး။

အဲဒီလို ဖျော်ဖြေရေးအတွက် စမတ်ဖုန်းများကို အများအပြားသုံးစွဲကြရာမှာ စမတ်ဖုန်းရဲ့ အဆင့်မြင့် စွမ်းဆောင်ရည်များ၊ နည်းပညာများ နည်းတူ Screen Display မှာလည်း မပါမဖြစ် ထည့်သွင်းစဉ်းစားရမယ့်အချက်ပါပဲ။

ကောင်းမွန်သော Screen Display ကို ရွေးချယ်ရာမှာ Resolution နှင့် Aspect Ratio မှာ အလွန် အရေးပါပါတယ်။ ပိုမို ကြည်လင်ပြတ်သားသော ပုံရိပ်များကို အရောင်အသွေး စိုစိုပြည်ပြည်ဖြင့် အားပါးတရ ကြည့်ရှုနိုင်ရန် Full HD Experience ကို ပေးစွမ်းနိုင်ပြီး Screen-to-Body Ratio များသော ဖုန်းများကို ရွေးချယ်ကြရန်လိုအပ်ပါတယ်။

Brightness ပိုင်းဟာလည်း ဖုန်းကို ကြည့်ရှုအသုံးပြုရာမှာ အထူး လိုအပ်တဲ့ အချက်တစ်ခုပါပဲ။ Brightness Nit ပါဝင်မှုအပေါ် မူတည်ကာ မည်သည့် အလင်းရောင်တွင် မဆို ဖုန်းကို မြင်နိုင်ရန်နှင့် မျက်လုံးကို အန္တရာယ်ဖြစ်စေသော အလင်းရောင်များမှ ကာကွယ်ပေးရန်လည်း လိုအပ်ပါတယ်။

ထည့်သွင်းစဉ်းစားရမယ့်နောက်အချက်တစ်ခုမှာ ပုံမှန် ဖုန်းအသုံးပြုမှုများနှင့် ဂိမ်းကစားရာတွင် လိုအပ်သော Touch Response ပါပဲ။ ဒါ့အပြင် အခြားအချက်များအနေဖြင့် ကောင်းမွန်သော CPU System, Sound Effect နှင့် အခြား Support Function များကလည်း ဖုန်းသုံးစွဲမှု အတွေ့အကြုံကို တစ်ဆင့် မြှင့်တင်ပေးနိုင်သော အချက်များပဲ ဖြစ်ပါတယ်။

Screen Display ပိုင်းမှာ ကောင်းမွန်တဲ့ စမတ်ဖုန်းအမျိုးအစားအဖြစ် စျေးကွက်ထဲမှာ မကြာခင်က ထွက်ရှိထားတဲ့ OPPO A52 ဟာလည်း ရွေးချယ်စရာ ဖုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။

OPPO A52 ဟာScreen Ratio 20:9 နှင့် Screen-to-body Ratio: 90.5% ရှိပြီး သာမာန်ထက်ကျယ်ပြီး ဖုန်း Screen ကြည့်ရှုရာတွင် ရှင်းလင်းသပ်ရပ်သော 6.5-inch LCD Blind Hole Screen ပါရှိပါတယ်။

ဒါ့အပြင် Resolution ပိုင်းမှာအလွန်မြင့်မားသော Display Resolution: FHD + (2400 × 1080) PPI 405 ပါဝင်တဲ့အပြင် In-Cell Touch Screen Technology ကို ထည့်သွင်းထားတာကြောင့် ဖုန်းအသုံးပြုခြင်း၊ ရုပ်ရှင်၊ ဗီဒီယိုများကြည့်ခြင်းနှင့် ဂိမ်းကစားခြင်းတို့ကို အထူးကောင်းမွန်စေပါတယ်။

လက်ရှိခေတ်စားနေသော Video Platform များမှာ HD videoများ ကြည့်ရှုနိုင်ကြောင်း အသိအမှတ်ပြုလက်မှတ်ကိုလည်း WIDEVINE L1 မှ ရရှိထားပါသေးတယ်။ Brightness မှာ 480 nits အထိ အများဆုံး အသုံးပြုနိုင်ကာ အသုံးပြုသူရဲ့ သုံးစွဲပုံအလေ့အထအပေါ် မူတည်ပြီး အလိုအလျောက် ထိန်းညှိပေးတဲ့ AI Backlight Adjustment၊ နေရောင်ပြင်းတဲ့အချိန်မှာတောင် ဖုန်းကို ရှင်းလင်းစွာ မြင်နိုင်သော Sunlight Screen၊ ကြည့်ရှုမှုကို သက်သောင့်သက်သာ ရှိစေသော Dark Mode တို့ကို ထည့်သွင်းထားတာတွေ့ရပါတယ်။

ဒါကြောင့် မည်သည့် အလင်းရောင်အခြေအနေတွင်မဆို ဖုန်းကို ကောင်းမွန်စွာ မြင်တွေ့ အသုံးပြုနိုင်တဲ့ အပြင် မျက်လုံးကို အန္တရာယ်ဖြစ်စေသော အပြာရောင် အလင်းတန်းများမှ ကာကွယ်ပေးတဲ့ ထောက်ခံချက်လက်မှတ်ကိုလည်း  TÜV Rheinland ထံမှ ရရှိထားပါသေးတယ်။

ဖုန်းကြည့်ရှု သုံးစွဲမှု အတွေ့အကြုံ ပိုမိုကောင်းမွန်စေရန် Qualcomm Snapdragon665 Octa core processor က အားဖြည့်ကူညီထားကာ ရုပ်ရှင်ကြည့်ရှုမှုနှင့် ဂိမ်းကစားမှုတို့ကို အထောက်အကူပြုနိုင်တဲ့ Dirac 2.0 High Resolution Dual Stereo Speakers နှင့် HyperBoost တို့ ပါဝင်ပါတယ်။

ပေါ့ပါးသော အလေးချိန် 192g သာရှိပြီး မြင့်မားသော ColorOS 7.1(Android 10) System နှင့်အတူ ၄၅ မိနစ်အတွင်း 0% မှ 50% အထိ အားပြန် ဖြည့်ပေးနိုင်သော 18W Fast Charge System ပါဝင်တဲ့ 5000mAh Battery နှင့် သိုလှောင်မှု ပမာဏ 4GB+128GB တို့ ပါဝင်တာကြောင့် အလိုရှိသော ဂိမ်းများ၊ ဗီဒီယိုများ စသည်တို့ကို စိတ်ကြိုက် ထည့်သွင်းကာ ဖုန်းကို အချိန်အကြာကြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

OPPO A52 ကို မြန်မာနိုင်ငံစျေးကွက်တွင် မြန်မာ‌ကျပ်ငွေ ၂၉၉,၉၀၀ ကျပ်ဖြင့် မေလ ၁၂ ရက်နေ့မှ စတင်ဖြန့်ချိခဲ့ပြီး မြန်မာနိုင်ငံ အမြို့မြို့ အနယ်နယ်ရှိဆိုင်များနှင့် shop.com.mm (https://www.shop.com.mm/shop/oppo) တို့တွင် ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်တယ်လို့ သိရပါတယ်။

OPPO A52 နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက OPPO A52 Website Page (https://bit.ly/3bghmkG) နှင့် OPPO Myanmar ၏ Facebook Page (https://www.facebook.com/oppomyanmar/) တို့တွင်လည်း ၀င်ရောက်လေ့လာနိုင်ပါတယ်။

(ဒီဆောင်းပါးကို OPPO မှပံ့ပိုးကူညီထားပါတယ်)


က္က